သင်္ကြန်တောင် ရောက်လာပြန်ပြီ .. မွေးရပ်ကနေ ထွက်လာချိန်ကစလို့ သင်္ကြန်ဆိုတာကို ခွဲခွာလာရတဲ့ ကျွန်မ .. ရောက်နေတဲ့အရပ်ဒေသကလည်း သင်္ကြန်ဆိုတာ မရှိတဲ့ ဒေသ ...
သင်္ကြန်ပွဲတော်ဆိုလို့ သွားကြည့်မိသေး .. အပြေးအလွှား .. ဘာဆိုဘာမှ သင်္ကြန်အနံ့အသက်မရှိတဲ့ နေရာဖြစ်နေတာမို့ .. တော်ပါပြီဆိုတဲ့ စိတ်ပျက်လက်ပျက် ..
ငယ်ငယ်လေးထဲက သင်္ကြန်မှာ ရေပက်ခံထွက်ဖို့ ဝေးစွ .. မဏ္ဍပ်ထိုင်ဖို့ ဝေးစွ .. ရေကစားချင်ရင် အိမ်ရှေ့ထွက်ဆော့လို့ ခွင့်ရခဲ့ပြန်တော့လည်း အရွယ်လေးရောက်ချိန်ကစလို့ မြို့လယ်ခေါင် ၈ထပ်တိုက်က ကျွန်မ .. ဘယ်နားမှာ ရေပက်ခဲ့ရပါလိမ့်မလဲ ... ဒါပေမယ့် သင်္ကြန်ဆိုတဲ့ အနံ့အသက်လေးရလာတာနဲ့ ရင်ထဲမှာ လှပ်လှပ်လှပ်လှပ် နဲ့ ခံစားရင်း ကြည်နူးတတ်ခဲ့တဲ့ ကျွန်မ ...
သင်္ကြန်နားနီးတိုင်း သင်္ကြန်အက ကချင်လို့ .. ယိမ်းထဲပါချင်လို့ .. သီချင်းသွားဆိုချင်လို့ .. ရေပက်ခံထွက်ချင်လို့ .. မဏ္ဍပ်ထိုင်ချင်လို့ .. အို ...... ခေါင်းစဉ်ပေါင်းမျိုးစုံ တပ်ပြီးတောင်းဆိုခဲ့ဖူးတဲ့ ကျွန်မ ... တခါမှလည်း အခွင့်မရခဲ့သလို ... နှစ်တိုင်း မုန့်လုပ်ပြီး အိမ်တွေ လျှောက်ဝေတာနဲ့ ပဲ အဆုံးသတ်ရလေ့ရှိပြန်တာပါပဲ ..
အိမ်ထဲမှာပဲ နေရင်း မုန့်လုပ်လို့ လိုက်ဝေရင်း သင်္ကြန်သီချင်းတွေဖွင့်လို့ ပျော်နေတတ်ခဲ့တာလေးတွေ လွမ်းတယ် ... သင်္ကြန်နဲ့ တူတာဆိုလို့ ကျွန်မရဲ့ အဖွားကို သင်္ကြန်မဏ္ဍပ်မှာ ယိမ်းတွေကို ဆုပေးတဲ့ အကဲဖြတ်အဖွဲ့ထဲ တောင်းတောင်းပန်ပန်နဲ့ လာခေါ်သွားလို့ ကျွန်မပါလိုက်သွားရင်း ဖျော်ဖြေရေးအနေနဲ့ ပန်းကုံးလေးကောက်စွဲလို့ ကခဲ့ဖူးတာလည်း သတိရပါရဲ့ ...........
နောက်တော့ သင်္ကြန်ယိမ်းတွေ မဏ္ဍပ်တွေ အလှပြကားတွေလည်း မရှိတော့ပြန်တာမို့ ကျွန်မရဲ့ အပြင်ထွက်ခွင့်လေး ဆုံးရှုံးရပြန်တာပေါ့လေ ... ဒါပေမယ့်လည်း ကျွန်မ သင်္ကြန်ကို သိပ်ချစ်တယ် ..
အားလုံးရဲ့ အပျော်တွေ ကြည်နူးမှုတွေ .. အတွေ့အကြုံတွေကို မမောနိုင်မပန်းနိုင် နားထောင်ရင်း နောက်နှစ်ဆိုရင်တော့ ဖြစ်အောင် ကစားမယ် .. သွားမယ်နဲ့ .. တစ်နှစ်မှ မဖြစ်မြောက်ခဲ့လည်း ကျွန်မ သင်္ကြန်ကို ချစ်တယ် ... အိမ်နားမှာ ထိန်နေအောင် ပွင့်တဲ့ ပိတောက်ပင်ကြီးအောက်မှာ ပိတောက်ပန်းသွားခူးပြီး ဘုရားကပ်ရတဲ့ အရသာကို လွမ်းတယ် ..
အခုတော့ အမိမြေမှာ ရွှေဝါရောင် ပိတောက်တွေ ထိန်နေခဲ့ချိန် ကျွန်မလက်ရှိနေတဲ့ အိမ်လေးရဲ့ အနားမှာတော့ ချယ်ရီပန်းတွေက ဝေလို့ပေါ့ .. ချယ်ရီလမ်းကလေးလို့တောင် တင်စားရလောက်တဲ့ အရမ်းကို လှတဲ့သဘာဝရှုခင်းလေးတွေ ကြားမှာ နေနေရပေမယ့် ကျွန်မရဲ့ မြေ .. ကျွန်မရဲ့ ဇာတိ အမေ့အိမ်လေးကို လွမ်းတယ် ..
အလုပ်စားပွဲမှာထိုင်လို့ ကော်ဖီသောက်နေရတဲ့အချိန်မှာ ခုချိန်လောက်ဆို မုန့်လုံးရေပေါ် သာကူမျိုးစုံ ရွှေရင်အေး ကျောက်ကျော တွေ အမေ့အိမ်လေးမှာ ပုံနေလောက်ပြီလို့ တွေးမိပြန်တော့လည်း လွမ်းလိုက်တာ သင်္ကြန်ရယ် .. သင်္ကြန်ရေနဲ့ မထိရမှာစိုးလို့ မုန့်သွားကြိတ်ဖို့ကို မောင်နှမနှစ်ယောက် အလုအယက် တာဝန်ယူကြရင်း .. အဆုံးမတော့ ကျွန်မကို အမြဲအလျော့ပေးတတ်တဲ့ အကိုကိုလည်း လွမ်းတယ် .. မုန့်သွားကြိတ်တဲ့ တချိန်ရယ် .. မနက်စောစော ဥပုသ်သည်တွေလှုဖို့နဲ့ နေ့တိုင်း ဆွမ်းကပ်လေ့ ရှိတဲ့ ကျွန်မတို့ မိသားစုအတွက်ကတော့ မနက်စောစော ရေပက်တဲ့သူတွေ မရှိသေးချိန် အလုအယက် ဈေးဝယ်လေ့ရှိပေမယ့် စောစောစီးစီး ထပက်တတ်တဲ့ ကလေးတွေ ရှိလို ရှိညား ဆုတောင်းရတဲ့ အချိန်လေးတွေကို လွမ်းတယ် ..
သင်္ကြန်ဇာတ်လမ်းတွေကြည့်ရတိုင်း အိမ်ပေါ်ကနေ ရေပက်ခံကားတွေကို လှမ်းကြည့်လို့ သူတို့တွေဆီကို အပျော်တွေ ကူးစက်ပြီး မျှဝေခဲ့ရတဲ့ နေ့ရက်တွေကိုလည်း လွမ်းပါရဲ့ ..
သင်္ကြန်ဆိုတဲ့ ခံစားချက်နဲ့ မနက်စောစော နိုးနေတဲ့ ကျွန်မ သင်္ကြန်သီချင်းတွေကို Repeat လုပ်ဖွင့်လို့ ကိုယ့်အခန်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်လေးနေရင်း လွမ်းလိုက်တာ သင်္ကြန်ရယ် .....![]()
![]()
![]()
Wednesday, August 24, 2011
နွယ်ပင်လေးနဲ့ကျွန်မ(၁)
မနက်အိပ်ယာထရင်တောင် အမေနှိုးမှ ပေကပ်ထတတ်တဲ့ကိုယ်၊ အကိုအိပ်ယာ ၊ အဖွားအိပ်ယာ အတင်းပြန်ဝင်ခွေပြီး အိပ်တတ်တဲ့ ကိုယ်၊ တယောက်ယောက်မရှိရင် ဂျစ်တိုက်ပြီး စိတ်ကောက်တတ်တဲ့ကိုယ်၊ မိဘနဲ့ ဝေးရာအရပ်ရောက်တာ ဘာလိုလိုနဲ့ သုံးနှစ်ကျော် လေးနှစ်ထဲဖြစ်လာပြီ။
တယောက်ထဲဆိုမှ တယောက်ထဲ၊ ညဉ့်နက်သန်းခေါင် ကော်ဖီတွေ ထသောက်လို့မှ တားမယ့်သူမရှိ၊ တညလုံး ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်လို့ ဆူမယ့်သူမရှိ၊ အဖော်ဆိုလို့ ကိုယ်ချစ်တဲ့အရုပ်ကလေးတွေရယ်၊ ကွန်ပျူတာလေးရယ် ၊ ချောက်ချက်မြည်နေတတ်တဲ့ နာရီလေးရယ်ပဲ ရှိခဲ့တာ။
အွန်လိုင်းမှာ တွေ့သမျှ သူငယ်ချင်းတွေကို နောက်ပြောင်၊ ဘယ်သူမှ မရှိတဲ့အခါလည်း စိမ်းနေတဲ့ ကိုယ့်နစ်ကလေးကိုယ် ပြန်ကြည့်ရင်း အပျင်းဖြေ၊ နောက် အဲ့ဒီကနေ ဖိုရမ်တွေ ချက်ရွမ်းတွေထဲ လည်ပတ်တတ်လာခဲ့တယ်။
အလုပ်နဲ့အိမ်နဲ့ကလွဲလို့ အပျင်းဖြေစရာမရှိတဲ့ကိုယ်၊ အင်တာနက်ကပဲ ကိုယ့်အဖော်ဖြစ်ခဲ့ပြန်တာပေါ့။
ကော်ဖီကို နှစ်နှစ်သက်သက် စွဲလန်းခဲ့တဲ့ကိုယ်၊ ညဉ့်အိပ်ခါနီး မသောက်ရဆိုတဲ့ ပညတ်ချက်တခုကိုလည်း စွဲလန်းခဲ့ဖူးပါရဲ့။ ကိုယ်တိုင် တည်ဆောက်ထားခဲ့တဲ့ ဘလော့လေးမှာ လာရောက်လည်ပတ်သူ ဘယ်နှယောက်ဆိုတာလေးကိုလည်း ကြည့်ပြီး ကြည်နူးခဲ့ဖူးပါရဲ့။ ကိုယ်ရေးထားတဲ့ ပို့စ်တွေမှာ ကျေးဇူးတင်သူ ဘယ်နှယောက်ဆိုရင်လည်း ပျော်မြူးခဲ့ဖူးပါရဲ့။
ရေးဖော်ရေးဖက် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ကြားမှာလည်း ပျော်ရွှင်ခဲ့ဖူးပါရဲ့။ မနက်မိုးလင်းကနေ မိုးချုပ် ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာတခုကို နွယ်ပင်လေးတပင် တိုးလာခဲ့တယ်။ နွယ်ပင်လေးရေ .. ရစ်ပတ်မိမှတော့ ပြတ်သုဉ်းမသွားပါရစေနဲ့ ။
သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ သတိပေးစကား၊ စိုးရိမ်စကားတွေကြားမှာ ရင်တွေ ပူတတ်လာတဲ့ ကိုယ်၊ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ အားလုံးရဲ့ နောက်ပြောင်ကျီစယ်သံတွေကြား ကြည်နူးတတ်လာတဲ့ ကိုယ်၊
လူတကိုယ်နဲ့ စိတ်တွေ အမျိုးမျိုး ထွေပြားလို့ ၊ ကိုယ့်ရဲ့ နေ့တဓူဝ လုပ်ငန်းစဉ်တွေတောင် မေ့လျော့လာတတ်ခဲ့တယ်။
နွယ်ဆိုတဲ့ သဘောက ရစ်ပတ်တတ်တဲ့ အမျိုးအနွယ်ပေမို့ ရုန်းထွက်ဖို့ မေ့လျော့နေခဲ့တဲ့ကိုယ် အသက်ရှုကြပ်လာကာမှပဲ သတိထားမိပြန်တော့တယ်။ နွယ်ပင်လေးရေ .. ကိုယ့်ကို ရစ်ပတ်နှောင်တွယ်ခြင်းတွေနဲ့ ဘာကြောင့်များ အသက်ရှုကြပ်စေခဲ့တာလဲ။
နွယ်ပင်လေးရေ .. ရှင် အလိုမရှိတဲ့ တနေ့ ထားရစ်ခဲ့နိုင်ပါတယ်။ ရှင်သန်နေတဲ့ အသက်ဝိညာဉ် ပျောက်ဆုံးသွားမယ့် တနေ့ထိ ရှင့်ရဲ့ ရစ်တွယ်နှောင်ဖွဲ့မှုတွေကို ကျေကျေနပ်နပ် ခံယူနေဦးမှာပါ။
နွယ်ပင်လေးရေ ......... ရှင့်ကို ကျွန်မ သိပ်လွမ်းတတ်နေပြီ။
Wednesday, April 13, 2011
သင်္ကြန်အလွမ်း
Friday, April 1, 2011
ဧပရယ်ဖူးတဲ့လားကွယ် ..
You Make Me Cry .. Make Me Smile .. You always stand by my side .. I dun want to say goodbye ..
ကျွန်မရုံးရောက်ရုံရှိသေး .. မနက်အစည်းအဝေးခန်းထဲမ၀င်ခင် လက်စွဲတော် ဖုန်းလေးက မြည်သံပေးလို့လာပါတယ် .. ဖုန်းပိတ်ချဖို့ အပြင် ကြည့်လိုက်တော့ .. အိုး .. ကျွန်မရဲ့ သူ ပါလား …
နှစ်ရှည်လများ သူငယ်ချင်းဘ၀လေးနဲ့တင် ကျေနပ်နေတဲ့ ကျွန်မရဲ့သူ ……
မနက်စောစောစီးစီး ဘာများဖြစ်လို့ပါလိမ့် ဆိုပြီး ကျွန်မ ကမန်းကတန်း ကောက်အကိုင် ..
မောနင်း ငယ်ငယ် ..
မောနင်း .. ညီ ..
ဟိတ်ညီ စောစောစီးစီးပါ့လား .. ငယ် အစည်းအဝေးခန်းထဲ ၀င်ရတော့မှာကွ .. ပြော …
ငယ်ငယ် .. ငါဒီနေ့ည ၁၁နာရီ ဖလိုက်နဲ့ Narita လေဆိပ်ကို ရောက်မယ် … အဲ့ဒါနင့်ကိုလှမ်းပြောတာ …
အိုး……………………………….. ကျွန်မ တကိုယ်လုံး လေထဲလွင့်သွားသလို ခံစားလိုက်ရတယ် .. ပျော်လိုက်တာ … ကျွန်မနဲ့သူ တနိုင်ငံစီဝေးကွာပြီးထဲက မတွေ့ရတာ တော်တော်ကြီးကို ကြာခဲ့ပြီလေ ..
တခါတလေ ဖုန်းအဆက်အသွယ် .. အီးမေးလ်ပို့ရုံကလွဲလို့ ဝေးကွာနေတဲ့ ကျွန်မတို့နှစ်ယောက် .. တနိုင်ငံထဲမှာ တွေ့ခွင့်ရမတဲ့လား ..
အိုကေ .. ညီ .. ငယ်ညနေလာကြိုပေးရမှာလား …
အင်းပေါ့ ငယ်ငယ်ရဲ့ .. ငါမှ ဂျပန်စကားမတတ်တာကို . နင်မှလာမကြိုရင် ငါဒုက္ခရောက်မှာပေါ့ .. နင်လာစောင့်နော် .. ည၁၁နာရီတိတိ …
အိုး….ကေ ….. ညီ …. I will wait you sure …. See u..
အပျော်များစွာနဲ့ ကျွန်မ .. အစည်းအဝေးထဲမှာလည်း ဘေးကလုပ်ဖော်ကိုင်ဖက်တွေက မေးယူရလောက်အောင် ကျွန်မရဲ့ မျက်နှာမှာ အပျော်တွေ ထင်ဟပ်နေသတဲ့ … တနေကုန်ကျွန်မ နာရီလေး တကြည့်ကြည့်ပေါ့ .. .ဘာအလုပ်ကိုမှ စိတ်မ၀င်စားနိုင်လောက်အောင် .. ကျွန်မ ဆုတောင်းနေမိတယ် .. အချိန်တွေရယ် ကုန်ပါတော့ … ကျွန်မရင်ထဲက သူငယ်ချင်းကလေး .. သူက ကျွန်မဆီလာမတဲ့လား ….. ပျော်လိုက်တာ ညီရယ် .. ဒီတခါတော့ ကျွန်မတို့တွေ မဝေးကြရအောင် … ကျွန်မလေ ……………………
ကျွန်မတွေးနေရင်းနဲ့ ဟိုးအတိတ်ဆီကို စိတ်တွေပြန့်လွင့်သွားပြန်တယ် … တကယ်တော့ ညီ နဲ့ ငယ်ငယ်ဆိုတာ အထက်တန်းကျောင်းမှာကတည်းက အတူတူ … တက္ကသိုလ်ရောက်ပြန်တော့လည်း အင်ဂျင်နီယာတူတူဖြစ်ခဲ့ကြသူတွေပေမယ့် .. မတည့်အတူနေ . တကျက်ကျက်ပါ .. ရည်းစားတွေများလွန်းတဲ့ ညီ နဲ့ စာကြမ်းပိုးကျွန်မ … ဒင်းရဲ့နှိပ်စက်မှုကို ခံရတာအများဆုံးကလည်း ကျွန်မပါပဲ။ ကောင်မလေးလှလှလေးတယောက်ကိုမို့ တွေ့လိုက်ပြီဆိုရင် ညီ စိတ်ဝင်စားပါပြီ . ညီရမှ ဖြစ်မယ် ။ ညီ ရင်ခုန်လာပြီ။ ဒီတခါတော့ အတည်ပါနဲ့ ပြောတာတွေ ကြားရပါများလွန်းတော့လည်း ကျွန်မ ရိုးအီနေလောက်အောင်ပါပဲ။ သိပ်မကြာခင်မှာပဲ ဒီတယောက်ကို သဘောမတွေ့တော့ပြန်တာလည်း ညီပဲမို့ ကျွန်မကတော့ အရေးကိုမလုပ်တော့တာပါ။ ကျောင်းတွေပြီးလို့ ကျွန်မတို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်ကစလို့ ညီနဲ့ ငယ်ငယ်ဆိုတာ ကွဲသွားခဲ့ကြတာ သာရေးနာရေးနဲ့ တခါတလေကျမှပဲ တွေ့ဖြစ်တော့တဲ့အထိပါပဲ။ သူ့ဇာတ်လမ်းတွေကိုတော့ အသစ်ပြောင်းတိုင်း ဖုန်းဆက်ပြီး ပြောလေ့ရှိတာမို့ ကျွန်မလည်း သူနဲ့ပတ်သတ်ရင် ဘယ်လိုခံစားရမှန်းကို မသိတော့အောင်ပါပဲ။ ကျွန်မလည်း စိတ်ဆိုးတဲ့အခါ သူ့ကို ဘယ်လိုနာအောင်ပြောပြော ရယ်ဖြဲဖြဲနဲ့ ငယ်ကလည်းကွာ ညီက ချစ်လို့စတာကို လို့ ပြောလေ့ရှိတဲ့သူ .. ကျွန်မကလည်း နင့်ရည်းစားတွေ သွားပြော ငါ့ကို လာမပြောနဲ့ ဆိုပြီး အပြန်အလှန်အော်နေကြ . နောက်ဆုံးတော့ ကျွန်မတကယ်စိတ်ဆိုးပြီဆိုရင် ကျွန်မအကြိုက် အရုပ်တရုပ်ဝယ်ပေးပြီး ချော့တော့တာပါပဲ ။ ညီရယ် .. သတိရလိုက်တာ။
ရုံးဆင်းချိန်ကြီးတောင် နီးလာပါပေါ့လား ။ ကျွန်မညီ့ကို သွားကြိုရဦးမှာပဲ။ ကျွန်မအလုပ်နဲ့ လေဆိပ်နဲ့က အတော်လေးအလှမ်းကွာတာမို့ စောစောမထွက်ရင် မဖြစ်ချေဘူး။ သြော် . ဒီနေ့မှပဲ ငါ့နှယ် လှလှပပလေး မပြင်ခဲ့ရဘူး။ ဒီရက်ပိုင်းထဲ ကျွန်မပရောဂျက်က အရမ်းကို ပင်ပန်းနေခဲ့တာမို့ ချောင်ကျနေတဲ့ မျက်နှာလေးနဲ့ ကျွန်မ၊ လှချင်ပါတယ်ဆိုမှ အလှပါမပြင်ခဲ့မိဘဲ မျက်နှာပြောင်လေးနဲ့ ဖြစ်နေပြန်တာမို့ ကမန်းကတန်း ပါးပါးလေးသွားပြန်နေမိပြန်တယ် ။ အလုပ်က ဂျပန်လူမျိုးမိတ်ဆွေတွေကတော့ ကျွန်မရဲ့ ထူးခြားမှုကို ပြုံးစိပြုံးစိပေါ့ စနောက်နေကြပြန်တယ်။ ကျွန်မကလည်း ကျွန်မပါပဲလေ။ သူ့ဆီက ဖုန်းလာတာနဲ့ ဟန်တောင်မဆောင်နိုင်ဘဲ အပျော်တွေလွန်နေမိပြီး ပြောမိသွားတာကိုး။
အိုး. ၇နာရီထိုးပြီ။ကျွန်မလေဆိပ်ဆင်းရတော့မယ်။ အိတ်ကလေးဆွဲလို့ ကျွန်မ လေဆိပ်ကိုအပြေးလေးလာခဲ့မိပါတယ် ။ ည၉နာရီ လေဆိပ်ထဲကိုရောက်နေတာမို့ ကျွန်မ ညစာလည်း မစားရသေးတာနဲ့ လေဆိပ်ထဲက ခရီးသည်ထွက်ပေါက်နဲ့အနီးဆုံးဖြစ်မယ့် ဆိုင်ကလေးကို ရွေးပြီး ထိုင်နေမိပါတယ် ။
အဲ့ဒီအချိန်မှာပဲ ….
You Make Me Cry . Make Me Smile .. Make me feel the love is true .. Oh .. I love you. Thank you for all the love u always give to me .. Oh . I love you …
ကျွန်မရဲ့ လက်စွဲတော်ဖုန်းလေး မြည်လာပြန်ပါတယ် .
အလိုလေး မြတ်စွာဘရား ညီ့ဖုန်းနံပါတ် ။ ကျွန်မခေါင်းတွေခြောက်သွားတယ်။ ဒီချိန် ညီက လေယာဉ်ပေါ်မှာ ရှိနေရမှာလေ။ ကျွန်မသူ့ကိုလာကြိုနေပြီလေ။
ကျွန်မ တုန်လှုပ်ခြင်းများစွာနဲ့ ဖုန်းကို ကောက်ကိုင်လိုက်မိတဲ့အခါ …
ငယ်ငယ် .. April Fool …
ဘာ……………………………………… ကျွန်မ ဖုန်းကိုင်ထားတဲ့လက် ပြေလျော့ကျသွားပါတယ်။
ငယ်ငယ်ရာ .. နင်ကလေ အရင်အတိုင်းပဲ ငပိန်းလေး သိလား ။
ညီ .. နင် .. နင် ..
ငယ်ငယ်ရာ .. နင့်ဆီလာမှတော့ အရင်နေ့တွေထဲက ငါမေးလ်ပို့မှာပေါ့။ အရူးမလေးရဲ့ .. Just April Fool နော် .. Dun anger me Baby .. Ok .. See u .. ခုတော့ ငါ့ဆွိထ်လေး လာနေပီ။ လိမ့်ဦးမယ် .. ဘိုင် ..
ကျွန်မ သူဖုန်းချသွားတဲ့ထိ စကားတခွန်းမှ မပြောလိုက်နိုင်ခဲ့ဖူး ။ ညီ .. လုပ်ရက်လိုက်တာ ညီရယ်။
တနေကုန် ပျော်မြူးနေခဲ့တဲ့ ကျွန်မရဲ့အပျော်။ ကျွန်မရင်ထဲက မျှော်လင့်ချက်။ နှစ်နာရီကျော်ကျော် ကွာဝေးတဲ့ နေရာကို သတ်မှတ်ချိန်ထက် စောပြီးလာကြိုနေမိတဲ့ကျွန်မ ………………………….
မျက်ရည်တွေ ပေါက်ပေါက်ကျလို့ … ကျွန်မကို ကျွန်မ သတိမထားလိုက်မိခင်မှာပဲ ကျွန်မ ရှိုက်ကြီး တငင်ငိုချလိုက်မိပါတော့တယ်။ အော်.. ဧပရယ်ဖူးလ်တဲ့လား .. ညီရယ် ။
ကျွန်မ ပိန်းခဲ့တာမဟုတ်ဘဲ ကျွန်မလေ … သိပ်မျှော်လင့်ချက် ကြီးခဲ့တာပါ ။
ဧပရယ်ဖူးလ်နဲ့အပြိုင် ပျော်ရွှင်မှုလေးတခုအတွက် လူတယောက်ရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးမိသလို ဖြစ်ခဲ့ရင် စစ်မှန်တဲ့ ပျော်ရွှင်မှုလေး ဖြစ်နိုင်ပါ့ဦးမလားဟင် ……………………………..။
( မနက်စောစော ဖုန်းမြည်သံလေးတခုနဲ့အတူ စိတ်ကူးမိသွားတဲ့ စိတ်ကူးသက်သက်ပါ ။)
Wednesday, March 30, 2011
လွယ်ကူရိုးရှင်းတဲ့ နှစ်ပင်လိမ်ခရိုရှေးထိုးနည်း ..
ဒီပို့စ်မှာတော့ နှစ်ပင်လိမ်ထိုးနည်းလို့ ခေါ်ကြတဲ့ Double Stich ထိုးနည်းကို မိတ်ဆက်ပါ့မယ် ...
တပင်လိမ်ထိုးနည်းကိုရပြီဆိုရင် မခက်ပါဖူး ... ကျွန်မအမြဲ ထည့်ပြောလေ့ရှိတဲ့စကားလေး ရှိပါတယ် .. လက်ညိမ်အောင်သာ ကျင့်ပါ ......![]()
ပထမဦးဆုံး အပေါ်ကပုံအတိုင်း ဖြစ်လာဖိုအတွက်ကို ကျွန်မတို့ . ကျစ်ဆံမြီးလေးအရင်ထိုးထားရပါမယ် .. ကိုယ်လိုချင်တဲ့အရှည်ရောက်ပြီဆိုရင် .. နှစ်ပင်လိမ်စယူလို့ရပါပြီ ... ကျစ်ဆံမြီးအဆုံးကနေ နောက်ကိုပြန်လှည့်ပြီး ယူသွားမှာဖြစ်ပါတယ် .. အပ်ဖျားလေးနဲ့ ချည်ကို တချက် ကော်ပြီး ယူသိမ်းထားပေးပါ ... ပြီးတဲ့အခါမှာ နောက်တချက် ယူဖို့အတွက်ကို .. ကျစ်ဆံမီးလေးကို နှစ်ခုကျော်ပြီးမှ ကျစ်ဆံမြီးထဲကနေ ပုံပါအတိုင်း ချည်ကို နောက်တချက်ယူပေးရပါမယ် ...![]()
သုံးခုမြောက်ကျစ်ဆံမြီးကနေ ကျော်ယူထားတဲ့ချည်ရယ် .. ပထမတခါ အပ်ဖျားလေးနဲ့ ယူထားတဲ့ချည်ရယ် .. ဆိုရင် နှစ်ကွင်းဖြစ်နေပါပြီနော် ... နောက်ထပ်တချက်ကို အပ်ဖျားလေးနဲ့ ယူပေးရပါမယ်.. ယူလို့ရလာတဲ့ ချည်ကို ခုနက ကွင်းလေးနှစ်ခုကိုလျှိုပြီး ပထမဆုံးစယူလိုက်တဲ့ကျစ်ဆံမြီးထိပ်ကွင်းလေးကနေ ဆွဲထုတ်ယူလိုက်ပါ ... အဲ့ဒါဆိုရင်တော့ ပုံပါအတိုင်း နှစ်ပင်လိမ်လေးတခုရပါပြီ ...![]()
တခုပြီးတခုဆက်ထိုးသွားပေးပါ ..... လက်မညိမ်ရင်မညိမ်သလို စောင်းတာရွဲ့တာတွေ စတင်ရင်ဆိုင်လာရမှာဖြစ်ပါတယ် ..သတိပြုရမှာတခုက ချည်ကို အပ်ဖျားနဲ့ယူတဲ့အခါ အောက်ဘက်ကနေ အပေါ်ကို ပြန်ယူပေးဖို့ပါနော် ... ပြောင်းပြန်ယူမိရင် အချိုးမကျဖြစ်နေပါလိမ့်မယ် ...
![]()
စယူလာခဲ့တဲ့ ကျစ်ဆံမြီး ထိပ်ဖျားထိ ပြန်ရောက်သွားပြီဆိုရင်တော့ အပေါ်ကိုနောက်တဆင့်တက်ပေးရမှာဖြစ်ပါတယ် ..![]()
တဆင့်ပြီးတဆင့်ဆက်ယူပေးသွားရင်း နောက်ဆုံးမှာတော့ ဒီလိုမျိုးလေးကို ရလာမှာဖြစ်ပါတယ် ...![]()
ဦးထုပ်ထိုးရန် ကြံစည်နေသူများ ... မာဖလာထိုးဖို့ ကြံရွယ်နေသူများ ... ဝေ့စကုတ်လေးဆို ဘယ်လိုနေမလဲဆိုပြီး စဉ်းစားနေတဲ့ မမများ ..... ဒီအဆင့်လေးကို လက်ညိမ်အောင် လေ့ကျင့်ပေးပါလို့ .. ထပ်မံတိုက်တွန်းပါရစေ ...
ဒီနေ့ ....
ckeu MuufOay:rSm rsOf;ajzmifU qGJMunfUr,fqdk&ifaum ....
qGJvdkU&rSmr[kwfygbl;/ / tu,fí tJ'DMuufOay:rSm rsOf;ajzmifU qGJvdkU&&ifawmU tJ'drsOf;[m rsOf;ajzmifUr[kwfygbl;/ rsOf;auG;yJ jzpfrSmyg/bmvdkUvJqdkawmU rsufESmjyifu cHk;aevdkUav .....
rsOf;ajzmifUwpfaMumif;&csif&if tajcnDwJU rsufESmjyif&Sd&r,f/
pdwfaumif; apwemaumif;eJU tvkyfvkyfwJUtcgrSm tjypfrjzpfapcsif&ifawmU tajcnDwJU rsufESmjyifjzpfaezdkUawmU vdkwmaygU
ကျွန်မရင်ထဲကနေ လက်ရှိဖြစ်နေတဲ့ စဉ်းစားမိနေတဲ့အရာတွေနဲ့ ဆက်စပ်လို့ပေါ့လေ .. တွေးဖြစ်သွားတယ် ..
ဒီရက်ပိုင်း ကျွန်မရဲ့ လူမှုပတ်ဝန်းကျင်ထဲကနေ ထွက်သွားချင်လောက်တဲ့ထိ စိတ်တွေရှုပ်နေခဲ့တယ် ...
ဘယ်လိုမှ ရွေးချယ်ခွင့်မရှိနိုင်တဲ့ လမ်းကြောင်းတခု .. ရွေးချယ်ခွင့်မရှိတာထက် ရွေးဖို့ကို ဘေးကြပ်နံကြပ် ..
ဒီတခုကို ငါ ရင်မဆိုင်ချင်ရင် တဘက်လမ်းကလျှောက်ရမယ် .. လျှောက်သင့်ရဲ့လားဆိုတာ ပြန်စဉ်းစား ....
ကျွန်မလျှောက်ဖို့အင်အားမရှိခဲ့ဖူး ... ဆိုတော့ကာ ရင်ဆိုင်မှကိုရတော့မယ် .. ဒါလက်ရှိအနေအထား ...
အဲ့ဒီရင်ဆိုင်ရမယ့်ကိစ္စတခုအတွက် ကြည့်ပြန်တော့ကာ ကြက်ဥပေါ်မှာ မျဉ်းဆွဲရတဲ့အခြေအနေ ..
ကိုယ်ကပဲ မပြည့်ဝတာပဲလား .. ကျွန်မဘာမှားလဲ .. ပြန်သုံးသပ်တယ် .. ကျွန်မရဲ့ အဓိက အားနည်းချက် .....
ကျွန်မ ရန်မများချင်ဖူး ... အဲ့ဒီတော့ကာ .. လူပါးဝသမျှခံနေရပြန်ရော .. ခံနေရလို့ ကျွန်မငြိမ်းချမ်းနေလား .. ဟင့်အင်း ... နိုးဝေးး . ကိုယ်က စိတ်ထက်တဲ့လူဖြစ်နေပြန်ရော .. အစွန်းနှစ်ဘက်မှာ ကျွန်မ တကိုယ်ထဲနဲ့ ၀ိဝါဒ ကွဲပြားနေပြန်ရော ....
ကျွန်မမေမေဆုံးမဖူးတယ် .. ကိုယ်ကောင်းရင်ခေါင်းမရွေ့ဖူးတဲ့ ... ပြီးတော့ သည်းခံဖို့မေတ္တာအေးတရား ....
စိတ်ထက်လွန်းတဲ့ကျွန်မ .. အဆုံးရှိသရွေ့သည်းခံတော့ နောက်ဆုံးရလဒ် .. ကျွန်မဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အခါ .. ကျွန်မသိပ်ပူလောင်တယ် .. သည်းခံပေမယ့်လည်း တကယ့်ကို ကြက်ဥပေါ် မျဉ်းဖြောင့်ဆွဲရသလိုပဲ .. ဘာတွေမှားလဲ .. ဘာတွေပြင်ရမလဲ .. ဘာလုပ်သင့်လဲ ...
သည်းခံခြင်းဆိုတာ အရာရာကို အောင်နိုင်စေသတဲ့ .. တကယ်ရောဟုတ်ရဲ့လား ..
ဦးတည်ရာလမ်းကြောင်းတခုအတွက် လျှောက်လှမ်းနေတဲ့ကျွန်မ .. ကြုံရတဲ့ ခလုတ်ကသင်း သိပ်များလွန်းတယ် .. လောလောဆယ်အကြီးမားဆုံးဝဋ်ဒုက္ခတခု .. ကျွန်မဘယ်လိုရင်ဆိုင်သင့်လဲ .. ဘယ်လိုရင်ဆိုင်ရမလဲ ..
ဘာတွေလုပ်သင့်လဲ ... ကျွန်မမှာပဲ လိုအပ်နေသေးတာလား ... ကျွန်မကပဲ မပြည့်ဝသေးတာလား ..........
.................................................. .................................................. ................................
ဘယ်လိုမှကို သည်းမခံနိုင်လောက်အောင်ပါပဲ .................................................. .......
Tuesday, March 22, 2011
လွယ်ကူရိုးရှင်းတဲ့ တပင်လိမ်ထိုးနည်း
ဒီနေ့အတွက်တော့ တပင်လိမ်နည်းလို့ အလွယ်ခေါ်လေ့ရှိတဲ့ ထိုးနည်းလေးကို ဆက်သွားကြရအောင်နော် ..
ပထမဦးဆုံးအတွက် ပြီးခဲ့တဲ့တခေါက်တုန်းက ကျစ်ဆံမြီးထိုးနည်းလေးကို လေ့ကျင့်ခဲ့ကြတယ် မဟုတ်လား ..
ကိုယ်လိုချင်တဲ့အရှည်တခုရတဲ့ထိ ကျစ်ဆံမြီးလေးကို အရင်ထိုးထားရပါမယ် . ဥပမာ ကျစ်ဆံမီးပေါင်း အခု ၅၀ ဆိုတာမျိုးပေါ့ ..
လက်ညိမ်ရင်ညိမ်သလို ထိုးရခက်တာ လွယ်လာတာဆိုတာကို ဒီ တပင်လိမ်နည်းလေးမှာ စသိလာရမှာဖြစ်ပါတယ်...
အခုပထမဦးဆုံး လေ့ကျင့်ရုံအတွက်ကတော့ ကျစ်ဆံမီးလေး အခု ၂၅ ဆိုလုံလောက်ပါပြီ ..
အပေါ်ပုံမှာပြထားတဲ့အတိုင်း ကျစ်ဆံမီးထိုးတဲ့အခါ .. နောက်ဆုံး၂၅ ခုမြောက်ကနေ ပြန်စရမှာပါနော် .. ကျစ်ဆံမီးလေးယူတဲ့အချိန်မှာ အပ်ဖျားကို နောက်တခေါက်ထပ်လိမ်ပေးပါ ..
ဒီပုံလေးမှာပြထားတဲ့အတိုင်း ပထမတဆင့်ဆွဲထုတ်ပါမယ် .. ကျစ်ဆံမီးထိုးတုန်းက တခါပဲ ဆွဲထုတ်ရတာကို သတိပြုမိကြမှာပါ ..
တပင်လိမ်ထိုးနည်းမှာတော့ နှစ်ဆင့်ဆွဲထုတ်ရမှာဖြစ်ပါတယ် .. အပေါ်ပုံမှာတော့ တဆင့်ဆွဲထုတ်ပြထားပါတယ်
ဒီအပေါ်ကပုံမှာတော့ ဒုတိယတဆင့်ထပ်ဆွဲထုတ်ထားတာပါ
နှစ်ဆင့်တိတိ ဆွဲထုတ်ပြီးပြီဆိုရင်တော့ ဒီအပေါ်ကပုံလေးမျိုးအတိုင်းဖြစ်သွားပါလိမ့်မယ် ..
တခုပြီးတခုဆက်ထိုးသွားမယ်ဆိုရင်တော့ ဒီလိုမျိုးလေး အတန်းကလေးဖြစ်လာမှာဖြစ်ပါတယ် ..
နောက်ထပ်ဆင့်တက်ချင်တယ်ဆိုရင်တော့ ကျစ်ဆံမီးအရှည်ဆုံးတဲ့ထိပြန်ထိုးပြီးတာနဲ့ အပေါ်တဆင့်ကိုထပ်ယူလို့ရပါပြီ ..
သတိပြုရမှာက ကျစ်ဆံမီးကွင်းတွေကျော်ယူပီးမထိုးမိပါစေနဲ့ .. ကျော်ယူမိရင်ယူမိသလို ရွဲ့သွားတာ စောင်းသွားတာ ဖြစ်သွားမှာပါ ...
တဆင့်ပြီးတဆင့် အပေါ်ကိုတက်တက်ပြီး ယူသွားပေးမယ်ဆိုရင်တော့ ဒီပုံလေးထဲကလို ဒီဇိုင်းမျိုးလေးကိုရမှာပါ ...
ဒီအဆင့်မှာသေချာလက်ညိမ်အောင် ထပ်လေ့ကျင့်ပေးဖို့ မှာပါရစေနော် ..
ဒီလိုမျိုး တပင်လိမ်ထိုးနည်းလေးကို သေချာရသွားပြီဆိုရင် ဒီဇိုင်းလှလှလေးတွေတင်ပေးပါ့မယ် ..
တပင်လိမ်ထိုးနည်းတမျိုးကိုပဲ အမျိုးမျိုးအယူအဆတွေနဲ့ ထိုးသွားလို့ရပါတယ် ..
သော့ချိတ်ကလေးတွေ .. ဖန်ခွက်အောက်ခံ .. တီဗွီဖုံး . နောက် မာဖလာ .. ယုတ်စွအဆုံး အကျီအထိ ထိုးလို့ရပါတယ် ...
သေသေချာချာလက်ညိမ်အောင် လေ့ကျင့်ဖို့တော့ မမေ့ကြနဲ့နော်
Thursday, March 17, 2011
လွယ်ကူရိုးရှင်းတဲ့ အခြေခံကျစ်ဆံမီးထိုးနည်း
ဒီအပေါ်ပုံကအတိုင်း ပထမတဆင့်မှာ ကွင်းကလေးဖြစ်အောင်ဖန်တီးခဲ့ပြီးပါပြီ . ကဲ .. အောက်က တပုံကို ကြည့်လိုက်ပါဦးနော် .. ကြိုးအတိုစလေးဘက်ကို လက်နဲ့ထိန်းကိုင်ထားရင်း ကိုယ်တကယ် ဒီဇိုင်းလုပ်ရမယ့် ချည်အရှည်ဘက်ကို စယူပါမယ်..
ယူတဲ့နေရာမှာ အပ်ကိုညာဘက်အောက်ကနေ ပုံပါအတိုင်း ယူပေးပါ ကွင်းကလေးပြုလုပ်စဉ်ကအတိုင်း အပ်ထိပ်ဖျားကလေးနဲ့ ယူသွားပေးပြီး ကွင်းလေးထဲကို နောက်ပြန်ပြန်ဆွဲပေးလိုက်ရင် တဆင့်ရပါပြီ ...
ဒီပုံလေးမှာတော့ ကွင်းထဲကနေကြိုးကိုဘယ်လိုဆွဲပေးတယ်ဆိုတာလေးကို ပြထားတာပါ
တဆင့်ပြီးသွားတာနဲ့ နောက်အဆင့်တွေမှာလည်း .. ဒီလိုမျိုးပဲ တချက်ချင်းယူသွားပေးပါ .. ယူပုံယူနည်းကတော့ အတူတူပါပဲ ..
ကျွန်မတို့ ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ပါတယ် ..
အချက်၂၀လောက် ဖန်တီးပြီးတဲ့အခါမှာတော့ ကိုယ့်လက်ရာ တကယ်ညိမ်လားမညိမ်လား ခန့်မှန်းလို့ရပါပြီ .. မညိမ်ရင် ဆက်မလုပ်ပါနဲ့ .. အစကနေနောက်တခေါက်ပြန်ကျင့်ဖို့ ပြောပါရစေ ..
ကျွန်မတို့ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ခဲ့ပါတယ် .. တကယ်လည်း ကျစ်ဆံမီးလေးနဲ့တူတာကိုး .... နောက်ပိုင်း ထိုးမယ့်ပုံစံတွေအားလုံးအတွက် အခြေခံအကျဆုံးထိုးနည်းတခုပါပဲ . ဒီအဆင့်လေးကို သေချာလက်ညိမ်အောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးကြပါလို့ တိုက်တွန်းပါတယ်

