Showing posts with label အတွေးသက်သက်. Show all posts
Showing posts with label အတွေးသက်သက်. Show all posts

Wednesday, March 30, 2011

ဒီနေ့ ....

puúLay:rSm aywHoHk;jyD; rsO;fajzmifUwpfaMumif;qGJMunfUyg/ ajzmifUpif;aerSmyg/
ckeu MuufOay:rSm rsOf;ajzmifU qGJMunfUr,fqdk&ifaum ....

qGJvdkU&rSmr[kwfygbl;/ / tu,fí tJ'DMuufOay:rSm rsOf;ajzmifU qGJvdkU&&ifawmU tJ'drsOf;[m rsOf;ajzmifUr[kwfygbl;/ rsOf;auG;yJ jzpfrSmyg/bmvdkUvJqdkawmU rsufESmjyifu cHk;aevdkUav .....

rsOf;ajzmifUwpfaMumif;&csif&if tajcnDwJU rsufESmjyif&Sd&r,f/
pdwfaumif; apwemaumif;eJU tvkyfvkyfwJUtcgrSm tjypfrjzpfapcsif&ifawmU tajcnDwJU rsufESmjyifjzpfaezdkUawmU vdkwmaygU

ကျွန်မရင်ထဲကနေ လက်ရှိဖြစ်နေတဲ့ စဉ်းစားမိနေတဲ့အရာတွေနဲ့ ဆက်စပ်လို့ပေါ့လေ .. တွေးဖြစ်သွားတယ် ..

ဒီရက်ပိုင်း ကျွန်မရဲ့ လူမှုပတ်ဝန်းကျင်ထဲကနေ ထွက်သွားချင်လောက်တဲ့ထိ စိတ်တွေရှုပ်နေခဲ့တယ် ...
ဘယ်လိုမှ ရွေးချယ်ခွင့်မရှိနိုင်တဲ့ လမ်းကြောင်းတခု .. ရွေးချယ်ခွင့်မရှိတာထက် ရွေးဖို့ကို ဘေးကြပ်နံကြပ် ..
ဒီတခုကို ငါ ရင်မဆိုင်ချင်ရင် တဘက်လမ်းကလျှောက်ရမယ် .. လျှောက်သင့်ရဲ့လားဆိုတာ ပြန်စဉ်းစား ....
ကျွန်မလျှောက်ဖို့အင်အားမရှိခဲ့ဖူး ... ဆိုတော့ကာ ရင်ဆိုင်မှကိုရတော့မယ် .. ဒါလက်ရှိအနေအထား ...

အဲ့ဒီရင်ဆိုင်ရမယ့်ကိစ္စတခုအတွက် ကြည့်ပြန်တော့ကာ ကြက်ဥပေါ်မှာ မျဉ်းဆွဲရတဲ့အခြေအနေ ..
ကိုယ်ကပဲ မပြည့်ဝတာပဲလား .. ကျွန်မဘာမှားလဲ .. ပြန်သုံးသပ်တယ် .. ကျွန်မရဲ့ အဓိက အားနည်းချက် .....
ကျွန်မ ရန်မများချင်ဖူး ... အဲ့ဒီတော့ကာ .. လူပါးဝသမျှခံနေရပြန်ရော .. ခံနေရလို့ ကျွန်မငြိမ်းချမ်းနေလား .. ဟင့်အင်း ... နိုးဝေးး . ကိုယ်က စိတ်ထက်တဲ့လူဖြစ်နေပြန်ရော .. အစွန်းနှစ်ဘက်မှာ ကျွန်မ တကိုယ်ထဲနဲ့ ၀ိဝါဒ ကွဲပြားနေပြန်ရော ....

ကျွန်မမေမေဆုံးမဖူးတယ် .. ကိုယ်ကောင်းရင်ခေါင်းမရွေ့ဖူးတဲ့ ... ပြီးတော့ သည်းခံဖို့မေတ္တာအေးတရား ....
စိတ်ထက်လွန်းတဲ့ကျွန်မ .. အဆုံးရှိသရွေ့သည်းခံတော့ နောက်ဆုံးရလဒ် .. ကျွန်မဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အခါ .. ကျွန်မသိပ်ပူလောင်တယ် .. သည်းခံပေမယ့်လည်း တကယ့်ကို ကြက်ဥပေါ် မျဉ်းဖြောင့်ဆွဲရသလိုပဲ .. ဘာတွေမှားလဲ .. ဘာတွေပြင်ရမလဲ .. ဘာလုပ်သင့်လဲ ...

သည်းခံခြင်းဆိုတာ အရာရာကို အောင်နိုင်စေသတဲ့ .. တကယ်ရောဟုတ်ရဲ့လား ..
ဦးတည်ရာလမ်းကြောင်းတခုအတွက် လျှောက်လှမ်းနေတဲ့ကျွန်မ .. ကြုံရတဲ့ ခလုတ်ကသင်း သိပ်များလွန်းတယ် .. လောလောဆယ်အကြီးမားဆုံးဝဋ်ဒုက္ခတခု .. ကျွန်မဘယ်လိုရင်ဆိုင်သင့်လဲ .. ဘယ်လိုရင်ဆိုင်ရမလဲ ..
ဘာတွေလုပ်သင့်လဲ ... ကျွန်မမှာပဲ လိုအပ်နေသေးတာလား ... ကျွန်မကပဲ မပြည့်ဝသေးတာလား ..........
.................................................. .................................................. ................................
ဘယ်လိုမှကို သည်းမခံနိုင်လောက်အောင်ပါပဲ .................................................. .......

Monday, February 28, 2011

အတွေးများနဲ့ကျွန်မ ..

ဘယ်သူမဆိုပေါ့လေ.. တချိန်တခါတုန်းကတော့ ကိုယ့်ဘ၀အတွက် အိပ်မက်ကလေးဆိုတာ ရှိခဲ့ကြဖူးမှာပါ .. မက်လည်း မက်ခဲ့ကြဖူးမှာပါ ..

အဲ့ဒီထဲကတချို့တချို့ကတော့ အိပ်မက်လေးရဲ့ခေါ်ဆောင်ရာကိုလိုက်ပါလို့ မဖြစ်မနေ ကြိုးစားကြတယ် ..
အလွန်ကံကောင်းတဲ့ လူတချို့ကတော့ သူတို့မက်ခဲ့တဲ့အိပ်မက်တွေအတိုင်းပဲ ဘ၀ကို အကောင်အထည်ဖော်ခွင့် ပုံဖော်တည်ဆောက်ခွင့်တွေ ရခဲ့ကြတယ် ..

တချို့သူတွေကျပြန်တော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သူတို့မက်ခဲ့ဖူးတဲ့ အိပ်မက်ကလေးတွေကို မေ့လျော့သွားတတ်ကြတယ် ..

တချို့တချို့ကတော့ သူတို့မက်ခဲ့ဖူးတဲ့ အိပ်မက်တွေကို ဘယ်တော့မှ မေ့မပစ်နိုင်ကြဖူး ..

တချို့သူတွေကျပြန်တော့ ကိုယ့်ရဲ့အိပ်မက်တွေကို ဘေးချိတ်ပြီး တပါးသူရဲ့ အိပ်မက်တွေကိုပဲ အကောင်အထည် ဖော်ပေးနေကြရပြန်တယ် ..

ဘယ်လိုပဲဖြစ်ဖြစ် .. အိပ်မက်တွေသာ တကယ်ဖြစ်လာခဲ့မယ်ဆိုရင် .........................

ဖြစ်ခွင့်မရချင်တဲ့သူ ဘယ်နှယောက်များ ရှိမှာပါလိမ့် ..

အိပ်မက်တွေရဲ့ စေရာအတိုင်း လျှောက်လှမ်းခွင့်တွေ ရခဲ့မယ်ဆိုရင် .......................

မလှမ်းချင်တဲ့သူ ဘယ်နှယောက်များ ရှိမှာပါလိမ့် .....

လူသားတွေထဲကမှ လူသားတယောက်ဖြစ်တဲ့ ကျွန်မကရော ............................??????

Tuesday, July 20, 2010

အတွေးပေါင်းမြောက်များစွာနဲကျွန်မ

ဒီအိမ်ကလေးကိုပြစ်ထားမိတာကြာပါပေါ့လား.... ကျွန်မဘာတွေလုပ်နေခဲ့မိပါလိမ့်.. တကယ်ဆို ကျွန်မသိပ်ချစ်တဲ့ နေရာလေးတခုပါ .... ဪ။ ကျွန်မ ရုံးအလုပ်တွေ အကြောင်းပြပီး အိမ်ကလေးကို ပြစ်ထားခဲ့မိတာပါလား.... ဘာတွေလုပ်ခဲ့မိသေးပါလိမ့် ..ကျွန်မစာမေးပွဲလည်းဖြေခဲ့သေးတာပဲ .. စာမေးပွဲကိုမှန်းထားတာထက်ဖြေနိုင်ခဲ့လို့ စာအုပ်တွေပေးခဲ့တဲ့မမမြရွက်ဝေကိုလည်း ကျေးဇူးတင်ရသေးတယ် .. ကိုယ်ဝယ်ထားခဲ့တဲ့စာအုပ်တွေကအရာမယွင်းဘဲ မမပေးတဲ့ စီဒီကိုသာ နားထောင်ဖြစ်ခဲ့တာမို့ မမကို ကျေးဇူးတင်ပါတယ် ... ချစ်တဲ့မမလည်း သူချစ်တဲ့ အိမ်ကြီးရှင်နဲ့ တူတူ ထာဝရပျော်နိုင်ပါစေ .. စာမေးပွဲအတွက်စာကြည့်မယ်ရည်ရွယ်ကာမှ ပရောဂျက်နဲ့ အလုပ်ရှုပ်ရပြန်တာမို့ စာလဲ လုံးဝနီးပါးကို မကြည့်ဖြစ်ခဲ့ဘူးလေ ... နောက်ထပ်ရောဘာတွေ လုပ်ခဲ့မိပါလိမ့် ..... မမျှော်လင့်ဘဲ တဆင့်တက်သွားခဲ့တဲ့ကိုယ့်နေရာလေး အတွက် ပြင်ဆင်နေခဲ့ရတာပဲ ။ အင်း .... ဒါလည်းပဲအကြောင်းပြချက်တခုပဲ ။ ဒီ ရက်ပိုင်းတော့ ဘာမှကို မလုပ်ချင်လောက်အောင် စိတ်ညစ်နေခဲ့တယ် .... ကျွန်မ ရဲ့ အကျင့်တခုက စိတ်ညစ်ရင် စက်ဘီး လျှောက်စီးတတ်တာပါပဲ .... လေပြင်းတွေတိုက်တဲ့တည ည ၁၂နာရီလောက် ကျွန်မရဲ့ အခန်းလေးကနေ ထွက်လို့ စက်ဘီးလျှောက်စီးမိတဲ့ရလဒ်က ကျွန်မ ဖျားတော့တာပါပဲ ... အင်း .... ဒါလည်းပဲအကြောင်းပြချက်တခုပဲ ။ ဪ ... များလိုက်တဲ့ အကြောင်းပြချက်တွေ ... ကိုယ်မလုပ်နိုင်ခဲ့တာကို ဘာလို့များ အကြောင်းပြချက်တွေပေးနေမိပါလိမ့် .... ကဲ ... မတွေးတော့ပါဘူးဆိုကာမှတွေးနေမိပြန်ပီ ...................................................

Tuesday, April 6, 2010

ရုပ်တခု စိတ်ကိုးဆယ် .....

ဒီနေ့ မီးငယ်ဘ၀မှာ တခါမှကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဖူးတဲ့ ကိစ္စတခု ကြုံခဲ့ရတယ် ... လူတွေလည်း ခက်ပါတယ်လေ .. ရုပ်တခု စိတ်ကိုးဆယ်တဲ့ ... မှန်လိုက်တဲ့စကား ... မှန်လွန်းတော့ မခံနိုင်ဆိုတာ တကယ်ပါပဲး( မီးငယ်ရဲ့ တကယ့်ကိုလေးစားကြည်ညိုခဲ့ရတဲ့ အနှစ်နှစ်အလလ တန်ဖိုးထားခဲ့တဲ့ လူတယောက် ဒီနေ့ ဆုံးရှုံးလိုက် ပါတယ်.. တကယ့်ကို ၀မ်းနည်းစွာနဲ့ မျက်ရည်ကျမိခဲ့တယ် .. တယောက်ထဲပါပဲ .. ဘယ်သူမှ မသိနိုင်တဲ့ အချိန် ဆိတ်ကွယ်ရာမှာ မျက်ရည်ကျမိတယ် .. မီးငယ် အံ့သြတကြီး မျက်နှာကို ငေးကြည့်လို့ ပြန်မပြောနိုင်ခဲ့တာက လွဲလို့ တည်ငြိမ်ခဲ့ပါတယ် ..

သိပ်ကိုလေးစားခဲ့တဲ့ နူးညံ့တဲ့လူတယောက်ဟာ မမြင်ရတဲ စိတ်တွေပြောင်းလဲတဲ့အခါ ဒီရုပ်ဒီရည်နဲ ဒီလူတော့ မှန်ပါရဲ့ .. အကျင့်စရိုက်တွေနဲ့ လူရဲ့စိတ် အဲ့လောက်ပြောင်းလဲနိုင်သလား ဆိုတာ တွေးမိခဲ့တယ် .. ဒေသ ပတ်ဝန်းကျင် ပြောင်းလဲတဲ့အခါ လူတယောက်ရဲ့စိတ်က အဲ့လောက်တောင် ပြောင်းလဲနိုင်သလား ... မီးငယ် သေချာကိုတွေးနေမိတယ် ... ကိုယ်ဆိုရင်ရော .. အဲ့လောက်ပြောင်းလဲမလား .. ဟင့်အင်း .. အဲ့ဒါတော့ သေချာတယ် .. မီးငယ် လုံးဝမပြောင်းလဲဘူး ..

ဒေသတခုမှာတုန်းကတော့ လူရှေ့မှာ စကားပြောရင်တောင် လေသံလေးကို တိုးဖွဖွ ပြောတတ်တဲ့ သူ့စရိုက် .. အို.. ဒီနေ့တော့ တခြားတယောက် ဖြစ်နေခဲ့တယ် .. တခါမှကို မမြင်ဖူးတဲ့ လူတယောက်ပါလားး( လေသံမာမာနဲ့ ပြောနေခဲ့တာ မီးငယ် လေးစားခဲ့ဖူးတဲ့သူ မဟုတ်တော့သလိုပဲ .. ကိုယ်လေးစားခဲ့တာ နူးညံ့မှုတွေလည်း ပါခဲ့တယ်လေ ... ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ..

တခြားလူတယောက်ရဲ့ရှေ့မှာ ရိုင်းပျတဲ့အမူအရာ ပြဖို့ ဝေးစွ .. ဒေါသဆိုတာ မရှိတဲ့သူလား လို့ ထင်ခဲ့ပါတယ် ..
အဲ့ဒီဒေသမှာတုန်းက သူ သိပ်ယဉ်ကျေးခဲ့တယ်လေ ... ဒီနေ့တော့ သူ တည့်တည့်ကို ရိုင်းပျခဲ့တယ် .. ခက်တာက သူ့ကို သိပ်လေးစားခဲ့ဖူးတဲ့ ကိုယ့်ကို ဖြစ်နေတာပဲး( .. ရိုင်းပျတာကိုခံရလောက်အောင် မဟုတ်တာကို ကိုယ်က မလုပ်ခဲ့မိတော့လည်း ခက်နေတော့တာပဲ .. ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ....

လူတယောက်ရဲ့ မျက်နှာအမူအရာနဲ့ သူ့ရဲ့ ဆက်ဆံပုံတွေကို ကြည့်ရုံနဲ့ ဒီလူရဲ့ အတွင်းသဏ္ဍာန်ကို ခန့်မှန်းလို့ မရဘူးဆိုတာ တအံ့တသြနဲ့ လက်ခံလိုက်ရပါတယ် .. တကယ်တော့ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောတာ မဟုတ်ရပါ .. မီးငယ်လေ .. တနှစ်ကျော်တိတိ ငွေအား လူအား .. တတ်နိုင်သလောက် ကူညီခဲ့ဖူးတယ် .. ဒုက္ခရောက်ရင် ဆိုတဲ့ အတွေးနဲ့ ဒုက္ခမရောက်စေရအောင် တကယ့်ကို ဖြူဖြူစင်စင် ကူညီခဲ့ပါတယ် .. ဒေသတခုနဲ့ ပတ်ဝန်းကျင်တခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲ စေနိုင်သလား..

မီးငယ် အတွက် ငွေကြေးပမာဏတခု ဆုံးရှုံးလိုက်ပါတယ် .. စုဆောင်းနေရပါတယ်ဆိုတဲ့ လူကျမှပဲကွယ်း( ဒါပေမယ့် မီးငယ် သင်ခန်းစာတခုကို ၀ယ်ယူလိုက်တယ်လို့ သဘောထားပါတယ်း) လူတွေရဲ့ စရိုက်ကို သိအောင် သင်ယူလိုက်ရတယ်ပေါ့လေ .. အရမ်းကို ယူကျုံးမရ နှမြောမိတာက လေးစားကြည်ညိရမယ့် လူတယောက် လျော့သွားတာ ဆုံးရှုံးသွားတာကိုပါပဲ ...

အော် .. ရုပ်တခု စိတ်ကိုးဆယ် .. တကယ်မှန်ပါလားနော် .. ဒီလူကတော့ ဒီလူပါပဲ .. ဘယ်လိုမှ မမြင်နိုင်တဲ့ သူရဲ့ စိတ်နဲ့ အကျင့်စရိုက် .... ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားတာ ဆိုရင်တောင် မဖြစ်သင့်ဘူးလို့ နှမြောတသစွာနဲ့ ပဲ .. မီးငယ် စွန့်လွှတ်လိုက်ပါတယ်လေ .... ဘ၀အတွက် သင်ခန်းစာတခုပေါ့ ( အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာပေါ့လေ ...း)

ပြောရင်းနဲ့ မီးငယ်လည်း ငိုချင်ရီချင် ဖြစ်လာပြန်ပြီး( မီးငယ်လည်း ရုပ်တခု စိတ်ကိုးဆယ် ဖြစ်နေပြီ ထင်ပါရဲ့း)

Friday, March 26, 2010

ကိုယ်ရဲ့အတွေး ( ၃ )

ချစ်သူ ....
ရင်ထဲကတိုးဖွဖွခေါ်သံအဆုံး
ရင်ခုန်သံတွေအားလုံး
ကမ္ဘာဆုံးထိ လွင့်မြောသွားလေရဲ့ ..။
ပေးဆပ်ခြင်းတွေရဲ့ကြား
နေသားကျနေခဲ့တဲ့ကျွန်မ
မရယူတတ်တာ အပြစ်တဲ့လား...
မက်မောမိတဲ့အရာမှန်သမျှ
တစ်ကြိမ်တခါလေးတောင်မှ
မရခဲ့ဖူးတဲ့ကျွန်မ
ပိုင်ဆိုင်တတ်ဖို့အတွက်
မ၀ံ့မရဲဖြစ်ခဲ့မိတာ အပြစ်တဲ့လား ..
မုန်တိုင်းကြားမှာပြေးလွှားခဲ့ရတဲ့ကျွန်မ
လေပြေတချက်ဝေ့လာရင်တောင်
မုန်တိုင်းဖြစ်လာမလားလို့
ကြောက်တတ်ခဲ့တာ အပြစ်တဲ့လား...
အားလုံးကိုပျော်စေချင်ခဲ့တဲ့ကျွ န်မ
ရင်ထဲက ငိုကြွေးမှုတွေကိုဝှက်
မျက်ရည်တွေကို သိမ်းဆည်းရင်း
အားတင်းပြုံးပြခဲ့မိတာတောင်
နေနိုင်တဲ့ကျွန်မ ဖြစ်ရပြန်သတဲ့လားကွယ် ..
သေချာတာတခုကတော့
ကျွန်မရဲ့ကမ္ဘာတခု
၂ဒီဂရီပိုစောင်းသွားခဲ့တယ် ....

ကိုယ်ရဲ့အတွေး ( ၂ )

ဘ၀မှာ ဖြစ်သင့်တာအားလုံးကို ဦးစားပေးပြီး ကြိုးစားနေခဲ့တဲ့ကျွန်မ
ဖြစ်ချင်တာလေးတခုလောက်တော့ ဖြစ်ခွင့်ရချင်တယ် .

ကျွန်မအပေါ်မှာ နားအလည်နိုင်ဆုံးကလည်း ရှင်ဖြစ်သလို
ကျွန်မအပေါ်မှာ နားမလည်နိုင်ဆုံးကလည်း ရှင်ဖြစ်နေခဲ့တယ် .

ဘ၀ဆိုတာကို သတ်မှတ်ချက်တခုလို ပုံသွင်းထားခဲ့တဲ့ ကျွန်မ
ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အခါ ...

.............................. .......

ကိုယ်ရဲ့အတွေး ( ၁ )

ကိုယ်မရဘူးထင်ခဲ့တဲ့အချိန် မှာ အတင်းပေးခဲ့ကြတယ် ..
ကိုယ်ရပြီထင်တဲ့အချိန်မှာ အတုအယောင် ဖြစ်နေခဲ့ပြန်ရော ..

ပြုံးပြတယ်ထင်လို့ နှုတ်ဆက်လိုက်တယ် ..
ခပ်တည်တည်မျက်နှာလွှဲသွားကြ လေရဲ့ ..

ငိုကြွေးတယ်ထင်လို့ နှစ်သိမ့်ပေးခဲ့တယ် ..
မျက်ရည်တောင်မခြောက်သေးဘဲ ကန်ထွက်သွားကြပြန်တယ် ..

အားငယ်တယ်ထင်လို့ ပခုံးတဖက်ငှားလိုက်မိတယ် ..
အစွယ်ထက်တဲ့သွားတွေနဲ့ ကိုက်သွားကြလေရဲ့ ..

မေတ္တာတရားတွေ ဝေမျှခဲ့တယ် ..
ဘာဖြစ်လို့ခြေစုံကန်သွားကြ တာလဲ ...

ပြောပြန်ရင်လည်း နယူတန်ပဲ ခလုတ်တိုက်ရဦးမယ် ..
သက်ရောက်မှုတိုင်းရဲ့ တန်ပြန်သက်ရောက်မှုတွေက
ငါ့အတွက်တော့ တဖက်စွန်းကျလားချည်လား ......