Friday, September 2, 2011

အိခေးဘန ( မိုရိဘန )

ဒီနေ့အတွက်တော့ ဂျပန်ရိုးရာ ပန်းအလှပြင်နည်းဖြစ်တဲ့ အိခေးဘနလို့ လူအများသိကြတဲ့
ပန်းထိုးနည်းတွေ များစွာရှိတဲ့အထဲက မိုရိဘန လို့ခေါ်တဲ့ ပန်းအလှပြင်နည်းလေးနဲ့ မိတ်ဆက်ပေးပါ့မယ် ။



ဒီအပေါ်ပုံလေးကတော့ သူ့ရဲ့ အခြေခံအကျဆုံးပုံလေးပါပဲ ... ကိုယ်ကတကယ်လို့ ခွက်သုံးမယ်ဆိုရင်လည်း ခွက်ထဲမှာ ဖော့ခံပေးပါ .. ပန်းထိုးနေကြဆိုရင်တော့ ဖော့ထုံးလေးတွေ အလွယ်တကူ ဆောင်ထားသင့်ပါတယ် ..
အပေါ်ပုံကတော့ ပန်းထိုးတဲ့အခါအမီပြုလို့ရအောင် စိုက်တဲ့ ပန်းစိုက်တံလေးတွေပါ ..
အဆင်ပြေရာ ၀ါးသို့မဟုတ် .. ပလတ်စတစ်ကိုသုံးလို့ရပါတယ် ...




အလည်တည့်တည့်မှာစိုက်ထားတဲ့တိုင်ရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ နောက်ထပ် တိုင်တတိုင်ကို ထပ်ယူပေးပါ ..
ဘက်ဘက်ကို အလှဆင်ချင်ရင်တော့ ဘယ်ဘက်ကို ယူပါ ..
ညာဘက်ကလေးကို ဆန္ဒရှိတယ်ဆိုရင်တော့ ညာဘက်ကလေးမှ အဆင်ပြေပါမယ် ..
အိမ်တွေမှာ ကိုယ်ထားမယ့် နေရာအလိုက် အဆင်ပြေသလိုညှိပေးလို့ရပါတယ် ..




ဒါမှ တခြမ်းစောင်းလေးထက် ပန်းအုံလေးမျိုးပဲ လိုချင်ပါတယ်ဆိုရင်တော့ ဒုတိယစိုက်လိုက်တဲ့ တိုင်လေးရဲ့ သုံးပုံနှစ်ပုံလောက်ရှိတဲ့ တိုင်လေးတခု ထပ်ယူပြီး ပုံမှာပြထားတဲ့အတိုင်း စိုက်ပေးပါနော် ..



သတိပြုရမှာက ပန်းအစစ်ကို ထည့်တော့မယ်ဆိုရင် ကိုယ်ယူထားတဲ့တိုင်ထဲက အတိုဆုံးတိုင်ဘက်မှာ အခုလို အရှည်ပန်းပွင့်ကို ထားရမှာဖြစ်ပါတယ် .. ဘယ်ညာနှစ်ဘက်ကို သေချာလေ့လာကြည့်ရင် တွေ့နိုင်ပါတယ် ..




ဒီပုံလေးကတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် အလွယ်တကူ ရနိုင်တဲ့ ပိန်းပန်းနဲ့ .. ဒန်းစီးလေဒီလို့ အများခေါ်ကြတဲ့ ပန်းလေးနဲ့ .. ရွက်လှနဲ့ကို ရောထိုးထားတာပါ ....



ထိုးနည်းမခက်ပါဖူး ..... အကုန်အကျလည်းမများတဲ့ ပန်းအိုးလေးလို့ ထင်ပါတယ် ...
ဒီပန်းတမျိုးထဲမဟုတ်ဘဲ တခြားအမျိုးအစားလေးတွေ လည်း စမ်းသပ်ကြည့်ဖို့ အြ့ကံပေးပါ့မယ် ...

1 comments:

အနော် said...

ပန်းလေးတွေမြင်ရင်တော့ သဘောကျပါရဲ့.
ပန်းအိုးထိုးတာဆိုလို့ အမေ ဈေးက ဝယ်လာတဲ့ ဘုရားပန်းအိုးတွေကို စင်စင်ကြယ်ကြယ်ဖြစ်အောင် ရေဆေးပြီး ပန်းအိုးထဲ ထိုးစိုက်လှုပေးဖူးတာပဲရှိတယ်.. ဒါတောင် အမေက ကိုယ်လဲပြီးချိန်ကျ သူ ဘုရားရှိခိုးတော့မယ်ဆို ဘုရားပန်းအိုးတွေကို နေရာတကျပြန်စီရတာပါပဲ :)

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။