Monday, March 29, 2010

စာကြည့်ရပြီ

မီးငယ်တို့ ဂျပန်စရောက်ထဲက အလုပ်တွေများတာရယ်၊ ကိုယ်လုပ်ချင်လို့ကို လုပ်နေတဲ့အလုပ်ကိုအကြောင်း ပြတာရယ်နဲ့ စာမကြည့်ဖြစ်ပါဘူး။ ( အပျင်းကြီးနေတာလည်း ပါတာပေါ့လေ ) အခုတော့ မီးငယ် စာကြည့်မှကို ဖြစ်တော့မှာပါ.။ :( စာမေးပွဲ က ဇူလိုင်လမှာ ဖြေရဦးမယ်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံမှာ လယ်ဗယ် ၃ ပဲ ဖြေလာခဲ့ရတာပါ။ အမှတ်လည်း မနည်းမများနဲ့ အောင်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှာဖြေပြီး ၂၀၀၈ ခုနှစ် မတ်လထဲမှာ အောင်လက်မှတ်ကို ရခဲ့ပါတယ်။

၂၀၀၈ခုနှစ် မတ်လထဲမှာပဲ ဂျပန်လာဖို့ကို ရွေးချယ်ခံရပါတယ်။ မီးငယ်လည်း ဂျပန်စာစာမေးပွဲ လယ်ဗယ်၃ အဆင့်နဲ့ ဒီကိုလာရတော့ လယ်ဗယ်၂ နဲ့လယ်ဗယ်၁ စာတွေဆိုတာ ဘယ်နေမှန်းတောင်မသိပါဘူး ။ ဖြေလည်း မဖြေဖူးပါဘူး။ :( နိုင်ငံခြားဘာသာသင်တက္ကသိုလ်ရဲ့ ဒီပလိုမာ တတိယနှစ်ကျောင်းသူဆိုတာလေးတော့ ရှိတာပေါ့လေ :D သင်တန်းဆိုတာဝေးလို့ မေးခွန်းပုံစံတောင် သေချာမသိတဲ့ဘ၀နဲ့ မီးငယ်တို့ ရောက်ရောက်ချင်းနှစ် ၂၀၀၈ခုနှစ်ရဲ့ ဒီဇင်ဘာမှာ လယ်ဗယ်၂ ကို ၀င်ဖြေဖြစ်ပါတယ်။ ထင်တဲ့အတိုင်းပဲ အမှတ်လည်း သိပ်မကောင်းလှပါဘူး။ ၂၆၉ မှတ်ပဲ ရပါတယ်။ တခါထဲနဲ့ အောင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို နည်းနည်းတော့ မာန်တက်သွားတာပေါ့လေ :D ငါကွပေါ့ .. ခိခိ

မီးငယ်တို့ ကိုယ့်ဘာသာ အင်တာနက်မှာ ရှာဖွေလေ့လာ ပြီး စာကြည့်ခဲ့ရပါတယ်။ ဒါတောင် အသေအချာ ကြည့်နိုင်ခဲ့တယ် မဟုတ်ပါဘူး။ စာကြည့်ချိန် သိပ်မရှိဘဲ လယ်ဗယ် ၂ ကိုအောင်ခဲ့တယ်ဆိုတော့ နည်းနည်းတော့ ယုံကြည်မှုလေးတွေ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ မီးငယ် လယ်ဗယ် ၁ ဖြေဖို့ကိုဖြစ်လာပါရော :D ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှာ ၀င်ဖြေခဲ့ပါတယ်။ ထုံးစံအတိုင်း တစ်နှစ်လုံး အလုပ်ကို အကြောင်းပြလို့ စာသေချာမကြည့်ခဲ့တော့ ကျပြီပေါ့ ( ခွေးကျဝက်ကျ ) အဟီး ..။


အခုလည်း အောင်စာရင်းထွက်လို့ တလကျော် နှစ်လထဲကို ရောက်လာပါပြီ။ ဘာစာမှ မကြည့်ဖြစ်သေးတာမို့ မီးငယ် စာကြည့်ရပါတော့မယ်။ ဇူလိုင်လ ပထမပတ်မှာ ဖြေရမှာမို့ပါ။ ခက်လိုက်တဲ့ မိုဂျိ ( စကားလုံး ) တွေ။ အလုပ်နဲ့ ပတ်သတ်တာရယ်။ ပြင်ပစကားရယ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် ( ကိုယ့်ကိုယ်ကိုထင်တာပဲ :D ) ပြောနေနိုင်ပြီဖြစ်တော့လည်း မီးငယ် အပျင်းကြီးပြီး ( လယ်ဗယ် ၂ အောင်သွားခဲ့တာ လည်း ပါမယ်ထင်တာပဲ။ )
ဘာစာမှ သေချာမကြည့်ဖြစ်ခဲ့ပါဘူး။ တကယ်ပြောရရင် တော်တော်ပျင်းတဲ့ ကလေးလေးလို့တော့ မေမေက ခေါ်တယ်။ အမြဲတမ်းပဲ :D

ဥာဏ်ကလေးကို အားကိုးလို့ အမြဲတမ်း ငပျင်းလေး လုပ်နေတဲ့ မီးငယ် တခါမှ မကျဖူးတဲ့ စာမေးပွဲကို မကျစဖူး အကျထူးတော့ စာကြည့်ရပါတော့မယ်.။ အဲ့ . ထူးခြားတာတခုက မီးငယ် လယ်ဗယ် ၂ တုန်းက ရတဲ့ အမှတ်အတိုင်းပဲ ပြန်ရတာပါပဲ ( အောင်မှတ်က လယ်ဗယ် ၂ မှာ ၂၄၀ ဆိုအောင်ပြီး လယ်ဗယ်၁မှာ ၂၈၀ ဖြစ်သွားလို့ပါ ) ၂၆၉ ရထားပေမယ့် ဘယ်နေရာမှာ အားနည်းလည်း ပြန်ကြည့်တော့ မိုဂျိဂေါ်အိလို့ ခေါ်တဲ့ စကားလုံးတွေ ဖြေရတဲ့နေရာမှာ နည်းသွားတာပါ။ အရင်တုန်းက စာတွေများတော့ မီးငယ် မရှက်တမ်း ၀န်ခံရရင် စာမေးပွဲမှာ ခေါင်းမူးတဲ့ထိ စဉ်းစားတာတောင် မသိတာတွေများလို့ နံကြားထောက်ခဲ့ရတာတွေ အများကြီးပါပါတယ်။ အဲ့ဒါကြောင့် ကျတာပေါ့လေ.။

အဲ့လို .. အဲ့လို စတဲ့ အကြောင်း ကြောင်းတွေကြောင့် မီးငယ် စာကြည့်ရပါပြီ။ စာကြည့်ရင်းနဲ့လည်း ပို့စ်တွေ တင်မယ် စိတ်ကူးထားပါတယ်.။ မီးငယ် စိတ်ထဲ ရှိတာတွေ ရေးနေတာမို့ လည်လည်လာတဲ့ သူငယ်ချင်းတွေ စိတ်မကျေနပ်စရာ ရှိရင် မီးငယ်ကို ခွင့်လွှတ်ကြပါ :)

မီးငယ်

2 comments:

မြရွက်ဝေ said...

အမလဲ သူငယ်ချင်းတိုက်တွန်းလို့မှ လယ်ဗယ်၁ ဝင်ဖြေဖြစ်တာ။
၃လနဲ့ စာလုပ်ဖြေတာ ကံကောင်းစွာ အောင်သွားလို့။
စာတော့ မကျေဘူး၊ ခုလာမေးရင် ဖြေနိုင်မှာ မဟုတ်ဘူး။
moji goi က ခေါင်းအတော်ခြောက်၊ ခန်းဂျီးက မှတ်မရ၊ reading က နှေး ဘာမှ ကျန်တော့ဘူး ဟီး။

(ခုနက ကွန့်မင့် ပျောက်သွားလို့ ၂ခါ ရေးလိုက်တယ်၊ ၂ခုတက်လာရင် တခုဖျက်လိုက်နော်)

Anonymous said...

ကြိုးစားနော် ညီမလေး မမလဲ ဖြေမလားလို့လေ။ ဒါပေမဲ့လည်း သမီးငယ်လေးက ရှိနေတော့ အခြေအနေက မပေးသေးဘူးလေ။နောက်မှပေါ့။ဟီးဟီး။

ထား

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။