Thursday, March 17, 2011

လွယ်ကူရိုးရှင်းတဲ့ အခြေခံကျစ်ဆံမီးထိုးနည်း


ပထမတဆင့် ကွင်းကလေးဖြစ်အောင်ဖန်တီးတဲ့နည်း ပြီးတဲ့အခါမှာ နောက်တဆင့်တက်ကြစို့နော် ... တဆင့်ပြီးတဆင့် လိုက်လုပ်ကြည့်ပေးကြပါလို့ ဖိတ်ခေါ်ပါတယ် .. ဘာလို့ဆိုတော့ ဒါလေးတွေက လွယ်လွယ်လေးတွေဆိုပြီး အကျင့်မလုပ်ဘဲ Pattern တွေစတော့မှ ကြည့်ပြီးထိုးလည်း ပုံလေးတွေ ထွက်လာမှာ လက်ရာတခုကို ဖန်တီးနိုင်မယ့်သူတွေရှိလာမှာ ဖြစ်ပေမယ့် သေသပ်မှုခြင်းကွာလို့ပါ ... မပင်မပန်းဘဲ အလွယ်တကူလေ့ကျင့်လို့ရမယ့် အခြေခံလေးတွေမှာ စပြီး ကျင့်ကြစို့နော်



ဒီအပေါ်ပုံကအတိုင်း ပထမတဆင့်မှာ ကွင်းကလေးဖြစ်အောင်ဖန်တီးခဲ့ပြီးပါပြီ . ကဲ .. အောက်က တပုံကို ကြည့်လိုက်ပါဦးနော် .. ကြိုးအတိုစလေးဘက်ကို လက်နဲ့ထိန်းကိုင်ထားရင်း ကိုယ်တကယ် ဒီဇိုင်းလုပ်ရမယ့် ချည်အရှည်ဘက်ကို စယူပါမယ်..
ယူတဲ့နေရာမှာ အပ်ကိုညာဘက်အောက်ကနေ ပုံပါအတိုင်း ယူပေးပါ ကွင်းကလေးပြုလုပ်စဉ်ကအတိုင်း အပ်ထိပ်ဖျားကလေးနဲ့ ယူသွားပေးပြီး ကွင်းလေးထဲကို နောက်ပြန်ပြန်ဆွဲပေးလိုက်ရင် တဆင့်ရပါပြီ ...



ဒီပုံလေးမှာတော့ ကွင်းထဲကနေကြိုးကိုဘယ်လိုဆွဲပေးတယ်ဆိုတာလေးကို ပြထားတာပါ



တဆင့်ပြီးသွားတာနဲ့ နောက်အဆင့်တွေမှာလည်း .. ဒီလိုမျိုးပဲ တချက်ချင်းယူသွားပေးပါ .. ယူပုံယူနည်းကတော့ အတူတူပါပဲ ..
ကျွန်မတို့ ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ပါတယ် ..



အချက်၂၀လောက် ဖန်တီးပြီးတဲ့အခါမှာတော့ ကိုယ့်လက်ရာ တကယ်ညိမ်လားမညိမ်လား ခန့်မှန်းလို့ရပါပြီ .. မညိမ်ရင် ဆက်မလုပ်ပါနဲ့ .. အစကနေနောက်တခေါက်ပြန်ကျင့်ဖို့ ပြောပါရစေ .. အစပိုင်းမသိသာပေမယ့် . လက်မညိမ်တဲ့အခါ ကိုယ်ဖန်တီးမယ့်ဒီဇိုင်းတခြမ်းရွဲ့သွားတာမျိုးထိ ဖြစ်တတ်ပါတယ်.. စိတ်ရှည်ရှည်ထားဖို့တော့ လိုပါတယ် .. အလေ့အကျင့်ပါပဲ . နောက်ပိုင်းဆို တီဗွီကြည့်ရင်း ထိုးတဲ့မမတွေတောင် အများကြီးပါပဲ ....



ကျွန်မတို့ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ခဲ့ပါတယ် .. တကယ်လည်း ကျစ်ဆံမီးလေးနဲ့တူတာကိုး .... နောက်ပိုင်း ထိုးမယ့်ပုံစံတွေအားလုံးအတွက် အခြေခံအကျဆုံးထိုးနည်းတခုပါပဲ . ဒီအဆင့်လေးကို သေချာလက်ညိမ်အောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးကြပါလို့ တိုက်တွန်းပါတယ်

4 comments:

စန္ဒကူး said...

တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ တက်တင်း..အကုန်ထိုးတာဘဲ..
အိတ်သေးသေးလေးတွေနဲ့စားပွဲခင်းတွေလုပ်တတ်တယ်..
အိကျီတော့ မလုပ်တတ်ဘူး..အကွက်လဲသိပ်မထွင်တတ်သေးဘူး။။။
ဆက်စောင့်ဖတ်နေပါ့မယ်

Anonymous said...

အမ ဘလောဂ့်ကို ဘွတ်မာခ့်မှာ မှတ်ထားလိုက်ပြီ။ သိုးမွှေးထိုးတာ သိပ်ဝါသနာပါတာ။ ခု အမ ထိုးပြသွားတဲ့ ကျစ်ဆံမြည်း ထိုးတတ်တယ်။ ကျန်တာတော့ မရဘူး။ တစ်ဆင့်ချင်းဆီ အင်္ကျီ ထိုးတဲ့ထိ ထိုးတတ်သွားအောင် ပိုစ့်တင်ပေးပါနော်။ နောက်ကို အမြဲလာလာဖတ်မှာပါ။ ကျေးဇူးပါ။

Janneth

ရွှေပြည်သူ (ShwePyiThu) said...

သိုးမွှေးထိုးတဲ့ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်မြင်တိုင်း ငေးနေကျ။ ကိုယ်တိုင် မထိုးတတ်ပေမယ့် လုပ်ချင်တဲ့အရာတွေထဲက တစ်ခုပါ ညီမလေးရေ။ ဒီကျစ်ဆံမီးထိုးနည်းလေးကို ငယ်ငယ်က အဖွားသင်ပေးခဲ့ဖူးပေမယ့် အဲဒီကနေ မတက်ဘဲ အခုတော့ မေ့တောင်သွားပါပြီ။ ထိုးတတ်တဲ့ ညီမလေးကိုလည်း တကယ်အားကျမိတယ်။ အစ်မ ထိုးဖြစ်ခဲ့ရင် ညီမလေး Blog ကိုပဲ အပြေးလာသင်မယ်နော်း)

Unknown said...

ချည်ထိုးသူအားလုံးကို ခင်ချင်ပါတယ်။ ဝါသနာတူမို့ပါ။

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။