Wednesday, March 16, 2011

တချောင်းထိုးအခြေခံ

တချောင်းထိုးထိုးတဲ့အခါ .. ကြိုးကိုင်နည်းကို သေချာတတ်ပြီဆိုတာနဲ့ ဘယ်ပတ်တန်ပဲ လာလာ .. ထိုးဖို့မခက်တော့ပါဖူး ... အရင်ဆုံးတဆင့်အနေနဲ့ .. များသောအားဖြင့်လုပ်တတ်ကြတာလေးကို ပြပါ့မယ် .. ဒီလိုမျိုးက တချောင်းထိုးစထိုးတဲ့ ချစ်သော မမတို့ ညီမလေးတို့ လုပ်တတ်ကြတာပါပဲ .. အရင်အထုံးလေးထုံးလိုက်တာပါ .. ဒါမျိုးမလုပ်ဖို့ သတိပေးပါရစေ



တကယ်တမ်း အဲ့ဒီလို အထုံးလေးကို အလွယ်တကူမလုပ်ဘဲနဲ့ နည်းစနစ်ကျကျ အပ်နဲ့ လုပ်တာက လုပ်ကာစမှာ ပိုပြီး ခက်မယ်ထင်ရပေမယ့် စနစ်ကျတာမို့ . .နောက်ပိုင်း အဆင့်တွေအတွက် အရမ်းအထောက်အကူဖြစ်ပါတယ် .. ပထမဆုံးကတော့ ဒီလိုမျိုးလေး သိုးမွှေးချည်ကို ကိုင်ပေးပါ ...



ပြီးရင်တော့ အပ်ကို ပုံပါအတိုင်းကိုင်ပေးပါနော် .. ကိုယ်အဆင်ပြေသလို မကိုင်ဖို့ ထပ်သတိပေးပါရစေ .. အကျင့်လုပ်ပြီး ကိုင်ပေးပါနော် .. မဟုတ်ရင် နောက်ပိုင်း လက်အကျင့်သေသွားတဲ့အခါ ပတ်တန်တွေမှာလည်း စောင်းနေတာမျိုး .. ကျစ်သွားလိုက် ပွသွားလိုက်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ် ..



အပ်နဲ့ပဲ ချည်ကို တချက်လိမ်လိုက်ပြီးတော့ ယူပေးပါ ..



ချည်ကိုတချက်လိမ်ပြီးယူတဲ့အခါ အပ်ဖျားကရှည်ထွက်လာတတ်ပါတယ် .. အဲ့ဒီချိန်မှာ ပြန်ညှိပေးပါနော် .. အပ်ရဲ့ထိပ်ဖျားကနေ လက်တဆစ်စာလောက်အကွာကနေပဲ ချည်ကရှိနေရပါမယ် ..



ပြီးတဲ့အခါ .. အပ်ရဲ့ထိပ်ဖျားကို ချည်အောက်ကနေ ပြန်ယူပြီး ကြိုးကိုပါ တချက်ထပ်သိမ်းပေးပါ ..



အဲ့ဒီသိမ်းလိုက်တဲ့ ချည်ကို အပ်ရဲ့ထိပ်မှာပါတဲ့ အကောက်ကလေးနဲ့ ချိတ်ပြီး နောက်ပြန်ပြန်ဆွဲထုတ်လိုက်ပါ ..



ပြီးတဲ့အခါ .. တချက်တင်းလိုက်မယ်ဆိုရင် ကြိုးထုံးကလေးရပါပြီ .. တချောင်းထိုး အားလုံးအတွက် ပတ်တန်ခက်ခက်ခဲခဲတွေအတွက် .. ဒီအဆင့်ဟာ အခြေခံအကျဆုံးပါပဲ .. ကြည့်တဲ့အခါ လွယ်မယောင်ထင်ရပေမယ့် သေချာလုပ်ကြည့်တဲ့အခါ စိတ်ရှည်ဖို့လိုပါတယ် ..




ပထမအဆင့် အခြေခံကြိုးထုံးလေးတော့ အောင်မြင်သွားပါပြီ .. ကဲ ... နောက်ပို့စ်တွေမှာ .. တဆင့်ချင်းထပ်ရှင်းသွားပါ့မယ်နော် ....

အရမ်းလွယ်ကောင်းလွယ်နေမှာဖြစ်ပေမယ့် မဆိုစလောက် အသိကလေးကို မျှဝေရုံသက်သက်ပါ ..

ညီအမများအားလုံးပဲ တူတူလေ့ကျင့်ကြစို့နော် ...

1 comments:

wadenlabbate said...

The Japanese SEGA TRIO SEGA TRIO SEGA TRIO SEGA
I also how strong is titanium buy some of the new Sega TRIO SEGA TRIO SEGA ti89 titanium calculators TRIO SEGA TRIO SEGA TRIO SEGA TRIO SEGA TRIO raft titanium SEGA thunder titanium lights TRIO SEGA TRIO SEGA TRIO SEGA TRIO SEGA TRIO  Rating: 4.4 sunscreen with zinc oxide and titanium dioxide · ‎6 reviews · ‎$7.99 · ‎In stock

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။