Thursday, July 22, 2010

ဒီနေ့ ...

အိမ်ကလေးဆီ ပြန်ရောက်လာပါပြီ .. ကဲ .. မီးငယ် ဒီနေ့ ဘာတွေ လုပ်ပါလိမ့် .. ဒိုင်ယာရီ ရေးမယ် ကြံကာမှ ပြန် စဉ်းစား ရပြန်ပေါ့ .. သိပြီ ... မနက်က ရုံးလစ်တာပဲ .. ဟိ .. ခေါင်းကိုက်တာ နည်းနည်း ကို အိပ်ယာမနိုးတာမို့ ရုံးပြေး လိုက်ပါတယ် .. ကုန်ပြန်ပြီပေါ့ ခွင့်တရက် ... အိပ်ပစ်လိုက်တာ နေ့တ၀က် :D အိပ်ယာနိုးတော့ အ၀တ်တွေလျှော် .. အ၀တ်တွေလှမ်း .. နေကပူနေတာမို့ မီးငယ်ရဲ့ ကုတင်ပေါ်က မွေ့ယာတွေပါ ထုတ်လှမ်း .. ( တကယ်တော့ ကုတင်မဟုတ် .. ဒန်းလော့ပ် သက်သက်သာ :D ) အရင်နေ့က လျှော်ထားလို့ ခြောက်နေတဲ့ အ၀တ်တွေ မီးပူတိုက် .. အခန်းကိုလှည်းကျဉ်း ... အကုန်လုံးပြီးလို့ နာရီကြည့်တော့ ၃ နာရီ .. မြတ်စွာဘုရား .. ဖြစ်သေးဘူး . KUYAKUSHO ( မြန်မာအခေါ်တော့ မြို့နယ်ရုံး ) ပေါ့လေ ... သွားရဦးမှာပဲ .. အိမ်ပြောင်းတာက ဇွန်လ ၂၅ ရက် ထဲက .. ခုထိ လိပ်စာပြောင်းက မလုပ်ရသေးဘူး .. အဲ့ဒါနဲ့ မီးငယ်လည်း ရေကမန်းကတန်းချိုး .. ရှိုးထုတ် .. အဟဲ .. လက်စွဲတော် စက်ဘီးကို ဆွဲလို့ အိမ်ကထွက်မယ်လုပ်တော့ ၄နာရီခွဲ ... ဟုတ်တော့နေပြီ .. ရုံးက ၅နာရီပိတ်မယ် .. ဘတ်စ်ကားလည်း ရောက်ပေမယ့် အသွား ၄၀၀ အပြန် ၄၀၀ဆိုတော့ မကိုက်သေးဘူးလေ .. ၈၀၀တောင် ကုန်တော့မယ်ပေါ့ .. အဲ့ဒါနဲ့ပဲ စက်ဘီးကိုဆွဲလို့ ခပ်တည်တည် ထွက်လာခဲ့တယ် .. လမ်းကျတော့ သူများမေးပြီးနင်းရတော့မှာပဲပေါ့ .. ( ဟုတ်တယ်လေ .. ကိုယ်မှ လမ်းမသိတာ ) အဟဲ .. ဒီနေ့ မီးငယ် ကံကောင်းတယ် .. မီးပွိုင့်မှာ စောင့်တုန်း ကောင်လေးတယောက် တွေ့လို့ သဘောကောင်းမယ့်ပုံလေးပေါ့ ( အဟဲ အထင်နဲ့ အမှတ်ပေးတာ ) TOYOCHOU ကို ဘယ်လိုနင်းရမလဲ လို့ မေးတာ .. ကျွန်တော်လည်း အဲ့ဒီသွားမှာ တူတူလိုက်နင်းတဲ့လေ .. အိုခီပေါ့ .. တလမ်းလုံး အိုင်ပေါ့နားထောင်ရင်း စကားတခွန်းမှ မပြောဘဲ သူ့ကို ကျော်ကျော်နင်းမိလို့ ထင်ရဲ့ .. မျက်စောင်းထိုးရှာတယ် ကျေးဇူးရှင်က .. ( အမှန်တော့ ကိုယ်က စက်ဘီးကို လူလို မနင်းတတ်ဘူး အမြဲ အသည်းအသန်နင်းနေကျ .. :D ) လိုက်တော့ ပို့ပေးရှာပါတယ် .. TOYOCHOU လည်းရောက်ရော ကိုယ်က သွားတတ်ပြီ .. KUYAKUSHO ဘယ်နားရှိလဲ ကိုယ်သိတယ်လေ .. အဟဲ .. ဒါနဲ့ပဲ ကျေးဇူးနော် ဆိုပြီး လစ်လာတာ .. ရောက်ပြီ ၄နာရီ၅၀ အတိ .. လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်ပြီး ထိုင်စောင့် .... ကဒ်ပြန်ထွက်လာတော့ အာမခံတွေရော လုပ်ထားရဲ့လားတဲ့ .. လာစစ်တယ် .. ကိုယ်လည်း ခပ်တည်တည်ပေါ့ .. အဟဲ .. ရုံးကလုပ်ပေးထားတဲ့ ကဒ် ထုတ်ပေးလိုက်တော့ . အိုကေ တဲ့ .. ဒါဆို ရပြီတဲ့ ... ပြန်မယ်လုပ်တော့ ၅နာရီခွဲ ... အပြန်လမ်းကျတော့ ဖြောင့်လို့ .. ဖြူးလို့ .. မီးငယ် တို့က လမ်းမှတ်တာတော့ အသေကျွမ်း .. မနက်ပိုင်းက ဖျားလို့ဆိုပြီး ခွင့်ယူထားတဲ့ မီးငယ် .. ဒီအချိန်မှာ ကိုယ့် လူကြီးကသာ မြင်ရင် ဖနောင့်နဲ့ ပေါက်ချင်စရာ .. :D .. စက်ဘီး တစီးနဲ့ လမ်းသလားနေတာလေ .. အိမ်ဘက်ပြန်ရောက်တော့ စူပါက မြင်ပြန်ရော .. ကဲ .. ဒါနဲ့ပဲ မနက်ဖြန် ထမင်းဗူးပေါ့ .. ၀ယ်မယ်ကွာဆိုပြီး တခါဝင် .. ကဲ .. စူပါထဲရောက်မှ ကန့်လန့်ဖြစ်ပုံ .. မီးငယ်တို့ မကြာမည် လာမည်မျှော် ................. :D

Tuesday, July 20, 2010

အတွေးပေါင်းမြောက်များစွာနဲကျွန်မ

ဒီအိမ်ကလေးကိုပြစ်ထားမိတာကြာပါပေါ့လား.... ကျွန်မဘာတွေလုပ်နေခဲ့မိပါလိမ့်.. တကယ်ဆို ကျွန်မသိပ်ချစ်တဲ့ နေရာလေးတခုပါ .... ဪ။ ကျွန်မ ရုံးအလုပ်တွေ အကြောင်းပြပီး အိမ်ကလေးကို ပြစ်ထားခဲ့မိတာပါလား.... ဘာတွေလုပ်ခဲ့မိသေးပါလိမ့် ..ကျွန်မစာမေးပွဲလည်းဖြေခဲ့သေးတာပဲ .. စာမေးပွဲကိုမှန်းထားတာထက်ဖြေနိုင်ခဲ့လို့ စာအုပ်တွေပေးခဲ့တဲ့မမမြရွက်ဝေကိုလည်း ကျေးဇူးတင်ရသေးတယ် .. ကိုယ်ဝယ်ထားခဲ့တဲ့စာအုပ်တွေကအရာမယွင်းဘဲ မမပေးတဲ့ စီဒီကိုသာ နားထောင်ဖြစ်ခဲ့တာမို့ မမကို ကျေးဇူးတင်ပါတယ် ... ချစ်တဲ့မမလည်း သူချစ်တဲ့ အိမ်ကြီးရှင်နဲ့ တူတူ ထာဝရပျော်နိုင်ပါစေ .. စာမေးပွဲအတွက်စာကြည့်မယ်ရည်ရွယ်ကာမှ ပရောဂျက်နဲ့ အလုပ်ရှုပ်ရပြန်တာမို့ စာလဲ လုံးဝနီးပါးကို မကြည့်ဖြစ်ခဲ့ဘူးလေ ... နောက်ထပ်ရောဘာတွေ လုပ်ခဲ့မိပါလိမ့် ..... မမျှော်လင့်ဘဲ တဆင့်တက်သွားခဲ့တဲ့ကိုယ့်နေရာလေး အတွက် ပြင်ဆင်နေခဲ့ရတာပဲ ။ အင်း .... ဒါလည်းပဲအကြောင်းပြချက်တခုပဲ ။ ဒီ ရက်ပိုင်းတော့ ဘာမှကို မလုပ်ချင်လောက်အောင် စိတ်ညစ်နေခဲ့တယ် .... ကျွန်မ ရဲ့ အကျင့်တခုက စိတ်ညစ်ရင် စက်ဘီး လျှောက်စီးတတ်တာပါပဲ .... လေပြင်းတွေတိုက်တဲ့တည ည ၁၂နာရီလောက် ကျွန်မရဲ့ အခန်းလေးကနေ ထွက်လို့ စက်ဘီးလျှောက်စီးမိတဲ့ရလဒ်က ကျွန်မ ဖျားတော့တာပါပဲ ... အင်း .... ဒါလည်းပဲအကြောင်းပြချက်တခုပဲ ။ ဪ ... များလိုက်တဲ့ အကြောင်းပြချက်တွေ ... ကိုယ်မလုပ်နိုင်ခဲ့တာကို ဘာလို့များ အကြောင်းပြချက်တွေပေးနေမိပါလိမ့် .... ကဲ ... မတွေးတော့ပါဘူးဆိုကာမှတွေးနေမိပြန်ပီ ...................................................

Sunday, May 9, 2010

အမေများနေ့

မေမေရေ ..........................

မနက်မိုးသောက် အလင်းရောက်တိုင်း
အပြုံးမျက်နှာလေးနဲ့
အနမ်းတပွင့်ခြွေချလို့
အအိပ်မက်တဲ့ သမီးလေးကို
နှိုးတတ်တာကိုလည်း လွမ်းတယ် ...

တခါတလေတော့လည်း
ဘယ်လိုနှိုးနှိုး ပေကပ်တတ်တဲ့ သမီးကို
စူအောင့်အောင့် အသံလေးနဲ့ပေါ့ ...

မနက်စာကအစ ထမင်းဗူးအထိ
အဆင်သင့်ပြင်ဖို့
ဘယ်လောက်စောစော ထခဲ့ရမယ်ဆိုတာ
သမီးလေး သိနေခဲ့တာတောင်
တူတူထဖို့ဝေးလို့ ဂျစ်တိုက်အိပ်နေခဲ့တာလည်း
မေ ချစ်တဲ့ မေ့သမီးလေးပါပဲ ..

မဖြစ်စလောက် အောင်မြင်မှုလေးကိုတောင်
မေ့သမီးကွ လို့ ကျုံးဝါးတတ်တဲ့ မေမေ
ဂုဏ်ယူတတ်လွန်းတဲ့ မေ့ မျက်နှာလေးနဲ့
မေ့အပြုံးလေးတွေအတွက်
မေ့သမီး အစွမ်းကုန်ကြိုးစားခဲ့မိတာလည်း
မေ စိတ်ချမ်းသာစေချင်လို့ပါ မေမေ ..

ဆုံးရှုံးမှုကြုံရတဲ့အခါမှာလည်း
အပြုံးအပျက် ဒါလောကဓံလို့
နှစ်သိမ့်ဖေးမတတ်တဲ့ မေမေ
လွမ်းလိုက်တာ မေမေရယ် .....

နှလုံးသားထဲက ပန်းတစ်ခင်း ရင်နင့်အောင်သင်းခဲ့ ..
လမင်းထက်လင်းလက် ကောင်းကင်ထက်မြင့်တဲ့ အမေ .....
ဒီလောက ကမ္ဘာမြေမှာ ရှိရှိသမျှ အဖိုးထိုက် ရတနာတွေနဲ့ ချိန်စက်
အရာအားလုံးတို့ထက် အမေ့မေတ္တာ၊ စေတနာ ...
ထာဝရ ... ကိုးဆယ်ဆသာ .....။


ကြည့်မိတဲ့ ဇာတ်ကားလေးထဲက ကဗျာလေးပေါ့ မေမေ
ဒီရက်ပိုင်းထဲမှာမှ မေမေ့ကို ထူးထူးခြားခြားလွမ်းနေခဲ့တယ် ...
သာမန်ထက်ပိုပြီး ဖုန်းပြောနေတဲ့ မေ့သမီးရဲ့ ထူးခြားမှု
မေရိပ်မိခဲ့တယ် ထင်ပါရဲ့ ..

တခါတလေ အရေခြုံထားတဲ့ လူတွေရဲ့အပြုံး
သိပ်ကြောက်ဖို့ကောင်းတယ်မေမေ
ဘ၀တခုရဖို့အတွက်
လူတယောက်ရဲ့ ဘ၀ကိုလည်း
လှေကားထစ်လို ဖန်ဆင်းတတ်ကြတယ် ....

ကိုယ်ပျော်ရွှင်ဖို့အတွက် သူတပါးမျက်ရည်ကိုမှ
မြင်ချင်ကြတဲ့လူတွေရဲ့ ကိုယ်ချင်းစာစိတ်
ဘယ်နားသွားရှာရမလဲ မေမေ ............

မေ့ မေတ္တာ မေ့ ကျေးဇူး
မိုးလောက်လည်း ကြီးမားပါတယ် မေမေ
သမုဒ္ဒရာထက်လည်း ကျယ်ပြန့်ပါတယ် ..
နှိုင်းယှဉ်မရတဲ့ မေ့မေတ္တာတွေ အားလုံးအတွက်
ကျေးဇူး အကြိမ်ကြိမ်တင်ရင်း
ဒီလောကကြီးမှာ
မေ့သမီး ဖြစ်ခွင့်ရခဲ့တာကိုပဲ
ဂုဏ်ယူလို့မဆုံးပါဘူး မေမေ

အဝေးတနေရာမှာ ချန်ထားခဲ့ရပေမယ့်
မေ့သမီးရဲ့ စိတ်ဝိညာဉ်က
မေ့နံဘေးမှာ အမြဲ ရှိနေပါတယ် ...
မေမေရေ ......
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ ...
တနေ့နေ့ပေါ့ မေမေရယ် .....
မေမေ့ရင်ခွင်ထဲ
အရောက်ပြန်လာခဲ့ဦးမှာပါ ......


Saturday, April 17, 2010

မီးငယ်နဲ့ သင်္ကြန်

ဝေး..........
သူများပျော်လို့ မပျော်နိုင် ရည်းစားပျောက်လို့မှိုင် ....

ဟော... အသံပေါင်းစုံကြားရပြန်ပြီ .. ကိုယ်လည်းပျော်ချင်သားလားကွယ် .. လူမှန်းသိတတ်စ ကလေးဘ၀အရွယ် ထဲက သင်္ကြန်လည်တယ်ဆိုတာ မီးငယ်ဘ၀မယ် ဘာမှန်းမသိရလောက်အောင် နေခဲ့ရတော့လည်း အခက်သား။
မီးငယ်ကလည်း ဆိုးတယ်ပဲပြောရမလား .. တနှစ်မှမလည်ရတဲ့သင်္ကြန် ... နီးလာတော့လည်း ရောဂါက တက်လာပြန်ရော .. လည်ချင်လိုက်တာ.. ကားနဲ့ .. ထိုင်ချင်လိုက်တဲ့ မဏ္ဍပ် ..

မေမေ.. မီးငယ် .. သင်္ကြန်လည်ချင်တယ် ..

မီးလေးရယ် .. သင်္ကြန်မှာကားနဲ့လည်တာ စိတ်ချရတဲ့ အဖော်တွေရှိမှ ကောင်းတာသမီးရဲ့.. ကိုယ်က မိန်းကလေးလေ .. ပြီးတော့ မေ့သမီးလေးက ချူချာပါပေ့ . နေမကောင်းဖြစ်လာမှာ သမီးရဲ့ .. မသွားပါနဲ့ သမီးရယ် .. အန္တရယ်ကလည်း များပါသေးတယ် .. လိမ်မာတယ် . အိမ်မှာ မုန့်လုပ်စားမယ်နော် .. ဘေးအိမ်တွေ လည်းလှုကြမယ်လေ .. မေတယောက်ထဲနဲ့ မနိုင်ဘူးလေ မေ့သမီးလေးရဲ့. .. ကူလုပ်လေနော် ..

ဒါဆိုလည်း . မီးငယ် မဏ္ဍပ်လေးတော့ ထိုင်ချင်တယ် .. တရက်လောက်ပဲ ဖြစ်ဖြစ်လေ .. နော်.. မေ့

မီးငယ်ရယ်.. တနေကုန်ရေစိုကြီးနဲ့ ဖျားလာမှာမြင်ယောင်သေး .. ပြီးတော့ သင်္ကြန်မဏ္ဍပ်ထိုင်တယ်ဆိုတာ အ၀တ်အစားကအစ သူများနဲ့တူအောင် နေနိုင်မှလေ .. မေ့သမီးလေးက ရိုးရိုးလေး .. ပြီးတော့ ကိုယ်နဲ့ ခင်တဲ့ ရင်းနှီးတဲ့လူလည်း ရှိတာမဟုတ် .. မသွားရပါဘူး ..

အာ....... မေမေကလည်း ... အမြဲတမ်းပဲ .. မီးငယ်သွားချင်ပါတယ်ဆိုနေမှပဲ...

မီးမီးနော် .. မေမကြိုက်ဘူးလေ .. မလုပ်ရဘူးလို့ပြောရင် နှစ်ခွန်းထပ်ကဲမလာနဲ့ . ညည်းလေး စိတ်ကောက်ပြီး ငိုရင် ညည်းလေးပဲ ပင်ပန်းပြီးဖျားဦးမယ် .. ဒါပဲ .. စကားကြောထပ်မရှည်နဲ့ ... မသွားရဘူး .. မုန့်လုပ်မယ် .. ကူလုပ် .. ဒါပဲ ...

နှစ်တိုင်းနှစ်တိုင်း မရိုးတဲ့တေးသွားလေးတွေပါပဲ .. သတိရတယ် မေမေရယ် .... ကလေးဘ၀ထဲက အခုအချိန်ထိ သကြန်ဆိုတာ တီဗွီထဲမှာ ကျနေရတဲ့ မီးငယ်ဘ၀ .. အမြဲတမ်းလည်း ငို .. နှစ်တိုင်းလည်းငို .. မလည်ရလို့ ဂျီကျတာလေ .. ဘယ်လောက်ဂျီကျကျ မသိချင်ယောင် ဆောင်နေမြဲမေမေပါ .. မေမေ့ထက် စည်းကမ်းကြီးတဲ့ အဘွားနဲ့ ဦးလေးလူပျိုကြီးကြောင့်ဆို ပိုမှန်မှာပေါ့လေ .. မီးငယ်ထက် ၆နှစ်နီးပါးကြီးတဲ့အကိုတောင် ပေးမလည် မှတော့ မီးငယ်တို့ ဝေးပြီပေါ့ ...

အိမ်ရဲ့ မနီးမဝေးလေးက ဈေးကို မုန့်သွားကြိတ်ရင်း လမ်းမှာ ကလေးတွေ ပက်တဲ့ရေနည်းနည်းပါးပါး စိုတာမျိုး ( တခါတလေ စိုတောင်မစိုလိုက်ပါ .. ) မုန့်လိုက်ဝေလို့ မုန့်ဝေတဲ့အိမ်တွေက အနည်းအကျဉ်း လောင်းတာမျိုး လောက်ကိုပဲ စိုဖူးတဲ့မီးငယ် ရယ် လေ .. သင်္ကြန်ဆိုတာကို ဘယ်လိုပျော်မှန်းမသိ .. ဘယ်လိုချစ်မှန်းမသိ .. သင်္ကြန်ဆိုတာနဲ့ ပျော်လာတော့တာ .. အိမ်ထဲမှာ သီချင်းတွေအကျယ်ကြီးဖွင့် . ကွေးနေအောင်ကတော့တာ .... စိတ်ကောက်လည်း ခနပါပဲလေ . မီးငယ်ရဲ့ အကျင့်တခုက ခနခနလည်း စိတ်ကောက်သလို ခနခနလည်း စိတ်ပြေတာပါပဲ :D

အခုတော့ သင်္ကြန်ဆိုတာဘာမှန်းမသိတဲ့ အရပ်ဒေသ တခုကို ရောက်နေခဲ့ပြီပေါ့လေ.. နေရာဒေသသာ ပြောင်းလဲတယ် .. မီးငယ်တို့ ရင်ထဲက သင်္ကြန်ပိုးတွေက မသေသေးတာပါပဲ .. မနှစ်ကတော့ အိမ်မှာ သာကူ တရက်ကျိုဖြစ်တယ် .. ရုံးက တရုတ်မ သူငယ်ချင်းလေးကို ဖိတ်ပြီး ကျွေးတော့ ထိုင်းဆိုင်က မုန့်နဲ့တူတယ်တဲ့ .. ကောင်းချီးပေးတာလေး( .. မြန်မာသင်္ကြန်ဆိုတာ သူကဘာမှန်းမှမသိဘဲကိုး .. နှစ်ဆန်းတရက်နေ့မှာတော့ ဘာပဲ ဖြစ်ဖြစ်ကွာဆိုပြီး ခွင့်ယူပြီး အုရှိခု ဘုရားကို သွားဖြစ်ခဲ့တယ် .. ကျောက်ကျောနဲ့ ကြာဇံကြော်တွေ လုပ်သွားပြီး ခေါ်သွားတဲ့သူငယ်ချင်းတွေကိုပါ လမ်းစရိတ်ကနေစလို့ ကုသိုလ်ယူဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် သင်္ကြန်ဆိုတဲ့ ခံစားချက် မရှိသလိုပါပဲး(

ဒီနှစ်သင်္ကြန် ရောက်လာခဲ့ပြန်ပြီပေါ့ .. ဂျပန်နိုင်ငံ သင်္ကြန်ဆိုလို့ မီးငယ် ရောဂါတက်ပြီး သွားလိုက်ပါတယ် .. သင်္ကြန်ဆိုတဲ့ ခံစားချက်ကို လုံးဝမရခဲ့တဲ့အပြင် စိတ်ထဲ သိပ်မကြည်လင်စရာ မြင်ကွင်းလေးတွေနဲ့ပဲပေါ့ ... တော်ပါပြီ သင်္ကြန်ရယ် .. သင်္ကြန်လွမ်းနေဆဲပဲ ညီမလေးတယောက်က လင့်ခ် တခုလာပေးတာနဲ့ ကောက်ဖွင့်လိုက်တော့ .. မြတ်စွာဘုရား ..... ရန်ကုန်သင်္ကြန်လည်း ပျက်စီးသွားရပြန်ပါပြီလား ... သင်္ကြန်ဆိုတာ မကြုံတွေ့ဘူးပေမယ့် သင်္ကြန်ရေဆိုတာ မထိဖူးဘူးလို့ ပြောရလောက်အောင် ဝေးခဲ့ရတဲ့ မီးငယ် .. သင်္ကြန်ဆိုတိုင်း သင်္ကြန်ရောက်တိုင်း ရောဂါထတဲ့ မီးငယ် .. သင်္ကြန်သီချင်းကြားတိုင်း ကချင်လောက်အောင် ဖြစ်တဲ့ မီးငယ် ... သင်္ကြန်ဆိုတာကို ကြောက်တဲ့ ခံစားချက် မဖြစ်ရပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပဲ ...................

နှစ်ဆန်းတရက်နေ့ ရောက်ခဲ့ပါပြီ .... အားလုံးပဲ ပျော်ရွှင်ဖွယ် နှစ်သစ်လေးကို ကြိုဆိုရင်းနဲ့ .. တနှစ်တာပတ်လုံး ပျော်ရွှင်ချမ်းမြေ့ရတဲ့ နေ့ရက်ကလေးတွေကိုသာ ဖြတ်သန်းကြရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..

Tuesday, April 6, 2010

ရုပ်တခု စိတ်ကိုးဆယ် .....

ဒီနေ့ မီးငယ်ဘ၀မှာ တခါမှကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဖူးတဲ့ ကိစ္စတခု ကြုံခဲ့ရတယ် ... လူတွေလည်း ခက်ပါတယ်လေ .. ရုပ်တခု စိတ်ကိုးဆယ်တဲ့ ... မှန်လိုက်တဲ့စကား ... မှန်လွန်းတော့ မခံနိုင်ဆိုတာ တကယ်ပါပဲး( မီးငယ်ရဲ့ တကယ့်ကိုလေးစားကြည်ညိုခဲ့ရတဲ့ အနှစ်နှစ်အလလ တန်ဖိုးထားခဲ့တဲ့ လူတယောက် ဒီနေ့ ဆုံးရှုံးလိုက် ပါတယ်.. တကယ့်ကို ၀မ်းနည်းစွာနဲ့ မျက်ရည်ကျမိခဲ့တယ် .. တယောက်ထဲပါပဲ .. ဘယ်သူမှ မသိနိုင်တဲ့ အချိန် ဆိတ်ကွယ်ရာမှာ မျက်ရည်ကျမိတယ် .. မီးငယ် အံ့သြတကြီး မျက်နှာကို ငေးကြည့်လို့ ပြန်မပြောနိုင်ခဲ့တာက လွဲလို့ တည်ငြိမ်ခဲ့ပါတယ် ..

သိပ်ကိုလေးစားခဲ့တဲ့ နူးညံ့တဲ့လူတယောက်ဟာ မမြင်ရတဲ စိတ်တွေပြောင်းလဲတဲ့အခါ ဒီရုပ်ဒီရည်နဲ ဒီလူတော့ မှန်ပါရဲ့ .. အကျင့်စရိုက်တွေနဲ့ လူရဲ့စိတ် အဲ့လောက်ပြောင်းလဲနိုင်သလား ဆိုတာ တွေးမိခဲ့တယ် .. ဒေသ ပတ်ဝန်းကျင် ပြောင်းလဲတဲ့အခါ လူတယောက်ရဲ့စိတ်က အဲ့လောက်တောင် ပြောင်းလဲနိုင်သလား ... မီးငယ် သေချာကိုတွေးနေမိတယ် ... ကိုယ်ဆိုရင်ရော .. အဲ့လောက်ပြောင်းလဲမလား .. ဟင့်အင်း .. အဲ့ဒါတော့ သေချာတယ် .. မီးငယ် လုံးဝမပြောင်းလဲဘူး ..

ဒေသတခုမှာတုန်းကတော့ လူရှေ့မှာ စကားပြောရင်တောင် လေသံလေးကို တိုးဖွဖွ ပြောတတ်တဲ့ သူ့စရိုက် .. အို.. ဒီနေ့တော့ တခြားတယောက် ဖြစ်နေခဲ့တယ် .. တခါမှကို မမြင်ဖူးတဲ့ လူတယောက်ပါလားး( လေသံမာမာနဲ့ ပြောနေခဲ့တာ မီးငယ် လေးစားခဲ့ဖူးတဲ့သူ မဟုတ်တော့သလိုပဲ .. ကိုယ်လေးစားခဲ့တာ နူးညံ့မှုတွေလည်း ပါခဲ့တယ်လေ ... ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ..

တခြားလူတယောက်ရဲ့ရှေ့မှာ ရိုင်းပျတဲ့အမူအရာ ပြဖို့ ဝေးစွ .. ဒေါသဆိုတာ မရှိတဲ့သူလား လို့ ထင်ခဲ့ပါတယ် ..
အဲ့ဒီဒေသမှာတုန်းက သူ သိပ်ယဉ်ကျေးခဲ့တယ်လေ ... ဒီနေ့တော့ သူ တည့်တည့်ကို ရိုင်းပျခဲ့တယ် .. ခက်တာက သူ့ကို သိပ်လေးစားခဲ့ဖူးတဲ့ ကိုယ့်ကို ဖြစ်နေတာပဲး( .. ရိုင်းပျတာကိုခံရလောက်အောင် မဟုတ်တာကို ကိုယ်က မလုပ်ခဲ့မိတော့လည်း ခက်နေတော့တာပဲ .. ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ....

လူတယောက်ရဲ့ မျက်နှာအမူအရာနဲ့ သူ့ရဲ့ ဆက်ဆံပုံတွေကို ကြည့်ရုံနဲ့ ဒီလူရဲ့ အတွင်းသဏ္ဍာန်ကို ခန့်မှန်းလို့ မရဘူးဆိုတာ တအံ့တသြနဲ့ လက်ခံလိုက်ရပါတယ် .. တကယ်တော့ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောတာ မဟုတ်ရပါ .. မီးငယ်လေ .. တနှစ်ကျော်တိတိ ငွေအား လူအား .. တတ်နိုင်သလောက် ကူညီခဲ့ဖူးတယ် .. ဒုက္ခရောက်ရင် ဆိုတဲ့ အတွေးနဲ့ ဒုက္ခမရောက်စေရအောင် တကယ့်ကို ဖြူဖြူစင်စင် ကူညီခဲ့ပါတယ် .. ဒေသတခုနဲ့ ပတ်ဝန်းကျင်တခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲ စေနိုင်သလား..

မီးငယ် အတွက် ငွေကြေးပမာဏတခု ဆုံးရှုံးလိုက်ပါတယ် .. စုဆောင်းနေရပါတယ်ဆိုတဲ့ လူကျမှပဲကွယ်း( ဒါပေမယ့် မီးငယ် သင်ခန်းစာတခုကို ၀ယ်ယူလိုက်တယ်လို့ သဘောထားပါတယ်း) လူတွေရဲ့ စရိုက်ကို သိအောင် သင်ယူလိုက်ရတယ်ပေါ့လေ .. အရမ်းကို ယူကျုံးမရ နှမြောမိတာက လေးစားကြည်ညိရမယ့် လူတယောက် လျော့သွားတာ ဆုံးရှုံးသွားတာကိုပါပဲ ...

အော် .. ရုပ်တခု စိတ်ကိုးဆယ် .. တကယ်မှန်ပါလားနော် .. ဒီလူကတော့ ဒီလူပါပဲ .. ဘယ်လိုမှ မမြင်နိုင်တဲ့ သူရဲ့ စိတ်နဲ့ အကျင့်စရိုက် .... ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားတာ ဆိုရင်တောင် မဖြစ်သင့်ဘူးလို့ နှမြောတသစွာနဲ့ ပဲ .. မီးငယ် စွန့်လွှတ်လိုက်ပါတယ်လေ .... ဘ၀အတွက် သင်ခန်းစာတခုပေါ့ ( အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာပေါ့လေ ...း)

ပြောရင်းနဲ့ မီးငယ်လည်း ငိုချင်ရီချင် ဖြစ်လာပြန်ပြီး( မီးငယ်လည်း ရုပ်တခု စိတ်ကိုးဆယ် ဖြစ်နေပြီ ထင်ပါရဲ့း)

Monday, April 5, 2010

အိပ်မက် ......

အိပ်မက်တဲ့လားကွယ် ..
ကိုယ့်ရင်ထဲ မြူတွေဆိုင်းနေခဲ့တယ် ..
ဘ၀တခုအတွက် လက်တွေ့မျှော်လင့်ခဲ့ဖူးတဲ့ကိုယ် ..
ရုတ်တရက်လန့်နိုးမှပဲ အိပ်မက်မှန်း သိခဲ့ရတယ် ..
ချိုလိုက်တဲ့ အိပ်မက်ကလေး..
လန့်နိုးသွားခါမှ ..
ကိုယ့်ရင်ထဲ မိုးတွေသည်းနေခဲ့လေရဲ့ ..
..............................................................
ဘာကြောင့်လဲ ..
တကယ်ဆို အိပ်မက်ကလေးချိုရင်
နိုးထချိန်မှာ အပြုံးကလေးတပွင့်တော့ ရှိရမယ်..
..............................................................
ဘာကြောင့်လဲ ..
ကိုယ်နိုးထလာချိန်မှာ
ရင်တွေ ကွဲမတတ်နာကျင်နေခဲ့တယ် ...
............................................................
နူးညံ့တဲ့အိပ်မက်ကလေးထဲ
လွင့်မျောစီးဆင်းနေခဲ့တဲ့ကိုယ် ..
ရုတ်တရက် လန့်နိုးသွားချိန်မှာတော့
ရင်တွေ ကွဲမတတ်
ကိုယ် .....
ဘာလို့များ ........
ငိုကြွေးနေခဲ့ပါလိမ့် ...

Friday, April 2, 2010

Made in Japan

တခါတုန်းက ဂျပန်လူမျိုးတယောက်ဟာ အမေရိကန်နိုင်ငံကို အလည်ခရီးသွားရောက်ခဲ့တယ်။ နောက်ဆုံးနေ့မှာတော့ သူက တက္ကစီငှားပြီး လေဆိပ်ကိုသွားခဲ့ပါတယ်။ လမ်းတလျှောက်မှာ ဟွန်ဒါတစီးက သူတို့ကားကို ကျော်တက်သွားတာမြင်လိုက်ရတယ်.။ ၀မ်းသာအားရနဲ့ သူအော်လိုက်တာက

ဟွန်ဒါကား အရမ်းမြန်တာပဲ။ ဂျပန်မှာလုပ်တာကိုး...

သိပ်မကြာခင်မှာပဲ တိုယိုတာတစီးက တက္ကစီကို ဖြတ်ကျော်သွားပြန်တယ်။ ဂျပန်လူမျိုးကလည်း ယခင်အတိုင်းပဲ ပြတင်းပေါက်ကနေ ခေါင်းထုတ်ပြီးအော်လိုက်ပြန်တယ်။

တိုယိုတာ အရမ်းမြန်တာပဲ။ ဂျပန်မှာလုပ်တာကိုး...

အဲ့ဒီနောက်မှာ မစ်ဆူဘီရှီတစီးက တက္ကစီကို ကျော်တက်သွားပြန်တယ်။ တတိယအကြိမ်မြောက်အဖြစ် ဂျပန်ကအော်လိုက်ပြန်သတဲ့။

မစ်ဆူဘီရှီ အရမ်းမြန်တာပဲ။ ဂျပန်မှာ လုပ်တာကိုး ...

တက္ကစီမောင်းတဲ့သူလည်း ဒေါသတော့ စဖြစ်လာပါပြီ။ သူက အမေရိကန်လူမျိုးပေကိုး. ဒါပေမယ့် သူတိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေနေခဲ့ပါတယ်။ အဆုံးမတော့ တက္ကစီဟာ လေဆိပ်ကို ရောက်လာခဲ့ပါပြီ.
ကျသင့်ငွေ ဒေါ်လာ၃၀၀လို့ သူပြောလိုက်ပါတယ်။

ဂျပန်လူမျိုးက ဒေါသတကြီးနဲ့ငြင်းတော့တာပေါ့.

ဘာဖြစ်လို့တုန်း ဈေးကလည်းကြီးလိုက်တာအရမ်းပဲ။

အဲ့ဒီအခါမှာတော့ တက္ကစီ မောင်းသူက ပြန်အော်ပါတော့တယ်။

မီတာ အရမ်းမြန်တယ်။ ဂျပန်မှာလုပ်ထားတာ......

Thursday, April 1, 2010

ကလေးအဖေမဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။ စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။ ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။ ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။ (ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )

အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။

ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)

လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က ” ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”

Tuesday, March 30, 2010

ရှောင်မှပေါ့

ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။

ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"

ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"

ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."

မချစ်နဲ့လေ

သခွါးသီး အသဲကွဲပြီး ငိုနေတယ်။ ခရမ်းသီးက ဘေးကနေပြီး နှစ်သိမ့်နေတယ်။

"အချစ်က လှပရုံတင်မကဘူး မူးယစ်စေတယ်၊ ကြေကွဲစေတယ်၊ မျက်ရည်ကျစေတယ်၊ ဟင်း!
မင်းကွာ... ကြက်သွန်နီကိုမှ သွားချစ်မိတယ်လို့!"

ကွာခြားချက်

ဖက်ထုပ်လေးနှစ်ထုပ် မင်္ဂလာဆောင်တယ်။ သတို့သားဖက်ထုပ်က ဧည့်သည်တွေကို
ပြန်ပို့ပြီးနောက် အိပ်ခန်းထဲဝင်လာတယ်။ ကုတင်ပေါ်မှာ
အသားတုံးတစ်တုံးတွေ့တော့ ကြောက်အားလန့်အား ထအော်တယ်။

"ငါ့ သတိုးသမီး ဘယ်ရောက်သွားလဲ?"

အဲဒီအခါ အသားတုံးက ရှက်ရှက်နဲ့ပြန်ပြောတယ်။

"ဟင့်... သူများ အင်္ကျီချွတ်လိုက်တာနဲ့ သူများကို မမှတ်မိတော့ဘူးလားတဲ့!"

မီးငယ်နဲ့ နာဂစ် နောက်ဆက်တွဲ

မီးငယ် မေလ ၁၂ ရက်နေ့မှာပဲ ဂျပန်ကိုရောက်လာခဲ့ပါတယ်။ အိမ်မှာတော့ မိသားစုက မိတ်ဆွေတယောက် အိမ်မှာ ခိုကပ်နေရတဲ့ ဘ၀နဲ့ မီးငယ်ထားခဲ့ရတာပါ။ ဦးလေးကလည်း ဆေးရုံပေါ်မှာ သွေးပုလင်းတန်းလန်းနဲ့ မီးငယ် လေဆိပ်ဆင်းခါနီး သွားကန်တော့တော့ သူတာဝန်ကျေအောင် မလုပ်ပေးနိုင်ဘူး သမီးလေးရယ်လို့ တခွန်းပဲ ပြောပြီး မျက်ရည်ကျရှာတယ်။

တကယ်တော့ ကျေးဇူးတရားတွေ ဆပ်လို့ မကုန်နိုင်တဲ့ မီးငယ်ရဲ့ ကျေးဇူး ရှင်ထဲမှာ ဦးလေးလည်း ရှေ့ဆုံးကပါပဲ။ ဦးလေးလို့သာပြောတာ ဘယ်သူကမှ ဦးလေးလို့မသိပါဘူး။ ဦးလေးလို့သိတဲ့သူ နည်းပါတယ်။ ကလေးသေးသေး လေးဘ၀ထဲက ရုံးကိုလိုက်သွားတယ် ဘယ်သူ့သမီးပါလို့ပြောတတ်တဲ့ မီးငယ်ကြောင့် အားလုံးက သားတယောက် သမီးတယောက်ရှိတဲ့သူလို့ပဲ သိကြပါတယ်။ နောက်မှပဲ ဒီအကြောင်းတွေ ဆက်ရေးပါမယ်လေ။

ဒီလိုနဲ့ပဲ မီးငယ် လေဆိပ်ဆင်းခဲ့ရပြီပေါ့။ မိသားစုကို နောက်ဆံမတင်းဖို့ တဖွဖွမှာနေရှာတဲ့ မေမေတို့ကို ကြည့်ရင်း မီးငယ် တချက်တောင် မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ လေယာဉ်ပေါ်ကို ရောက်တဲ့အချိန်မှာတော့ ထိန်းထားသမျှ သွန်ချမိပြီပေါ့။ ပထမဦးဆုံးမိဘကို ခွဲရတဲ့ ခရီးဖြစ်ပေမယ့် အဲ့ဒီ ခံစားချက်ထက် မိသားစုကို စိတ်ပူနေတဲ့ ခံစားချက်က ပိုနေပါတယ်။

နေစရာမရှိတော့တဲ့ မိသားစု.. သွေးပုလင်းတန်းလန်းနဲ့ ဆေးရုံပေါ်က ဦးလေး .. တလှည့်စီ မြင်ယောင်ရင်း မီးငယ် ရင်ပူရတဲ့ နေ့ရက်တွေကို ဖြတ်သန်းရပါတယ်။ ရှေးက ကုသိုလ်လို့ပဲ ပြောရမလား။ မီးငယ်ရဲ့ ဆုတောင်းတွေကပဲ ပြည့်သလားမသိပါဘူး။ တလလောက် ဆေးရုံကို တက်ပြီးတဲ့ နောက် ဦးလေး ကျန်းမာစွာနဲ့ ပြန်ဆင်းလာပါတော့တယ်။ အပြည့်အ၀ကျန်းမာတာကြီးလည်း မဟုတ်သေးလို့ ပြန်လည်ကုသမှုကတော့ တပတ်တခါ ခံယူရတုန်းပါပဲ။ မိသားစု စားဝတ်နေရေးအတွက်တောင် ပြန်ရုန်းကန် ရမယ့် အခြေအနေမှာ လူမမာ တယောက် အိမ်မှာ ရှိနေတော့ တော်တော်လေးကို ကြပ်တည်းခဲ့ရပေမယ့် မီးငယ် ရဲ့ အထိုက်အလျောက် ပြန်လည် ကျေးဇူးဆပ်နိုင်ခဲ့တာကြောင့် မိသားစု ပြန်အခြေကျလုနီးပါးဖြစ်လာခဲ့ရပါပြီ။

မီးငယ် ဒီနှစ် မေလမှာ ဂျပန်ရောက်တာ ၂နှစ်ပြည့်မယ်ပေါ့လေ။ အခက်အခဲကြုံတိုင်း မိဘကို ပြန်လည်လုပ်ကျွေး နိုင်တဲ့ သမီးကောင်းလေး ဖြစ်ပါစေလို့ အမြဲ ဆုတောင်းပါတယ်။ ပြည့်စုံတဲ့ မိသားစု မဟုတ်ရတဲ့ကြားထဲမှာမှ နာဂစ်ကြောင့် နာလန်မထူနိုင်အောင် ဖြစ်ခဲ့ရတာမို့ ဘ၀ကုသိုလ်ကံများပါခဲ့ရင်ပေါ့လေ .. မိသားစု ပျော်ရွှင် အေးချမ်းရတဲ့ဘ၀လေး တနေ့တော့ ရောက်လာဦးမှာပါလို့ အားတင်းရင်းနဲ့ပဲ ..

Monday, March 29, 2010

မီးငယ်နဲ့ နာဂစ်

မီးငယ် ဂျပန်လာဖို့အတွက်ကို ၂၀၀၈ခုနှစ်ဖေဖော်ဝါရီလမှာ ရွေးချယ်ခံခဲ့ရပါတယ်။ တကယ်တမ်းဗီဇာတွေစလုပ်ပြီး အတိအကျသတ်မှတ်ခံရတာက မတ်လထဲမှာပေါ့လေ။ ဧပြီ ၁ရက်နေ့မှာ ၀န်ထမ်းသစ်ခန့်အပ်ပွဲကို တက်ရောက်ဖို့ အတွက် ရက်သတ်မှတ်ပြီး လေယာဉ်လက်မှတ်ပါ စီစဉ်ပြီးကာမှ ဗီဇာက ကြန့်ကြာနေပြန်ပါတယ်။ ဗီဇာနဲ့ အကြောင်းကြောင်းတွေကြောင့် မေလထဲမှာ မှ သွားဖို့ရန်ဖြစ်သွားပါတော့တယ်။ သွားရတော့ပါမယ်ဆိုမှ အခက်အခဲက စတွေ့ရပြန်ပေါ့။

၂၀၀၈ခုနှစ် မေလ၂ရက်နေ့ ရန်ကုန်ရုံးခွဲမှာ ရုံးတက်နေရင်းနဲ့ မုန်တိုင်းသတင်းကို တောက်လျှောက်ကြားနေခဲ့ရပါတယ်။ တနေကုန်မိုးရိပ်တွေမြင်ပြီး မိုးတွေသည်းနေခဲ့ပေမယ့် ဂျပန်တွေပီပီ မကြောက်ကြပါဘူး။ မီးငယ်လည်း မုန်တိုင်းသတင်းကို တောက်လျှောက်သတင်းပို့ပေးနေခဲ့တာတောင် သူတို့က ကြုံနေကြပါဆိုတဲ့ ရုပ်တွေနဲ့ အေးဆေးပါတဲ့လေ ဆက်တိုက်ပဲ ဘယ်ဒေသမှာတော့ ပြိုကုန်ပြီ။ မြို့လိုက်ပျက်ကုန်ပြီ နဲ့ ကြားနေရလို့ ၀န်ထမ်းတွေစပြီး ကြောက်လာကြပါပြီ။ ဒါပေမယ့် ရန်ကုန်သတင်းတော့ ပါမလာသေးတာမို့ စိတ်ပူရုံကလွဲလို့ သိပ်တော့ မဖြစ်ကြပါဘူး။ တခါမှ မကြုံဖူးသေးတာလည်း ပါတာပေါ့လေ။ မိဘတွေဆီလည်း ဖုန်းဆက်ထားကြတာ လောက်ပါပဲ။ ရန်ကုန်ကိုလည်း ဖြတ်မယ် ကြားတယ်ပေါ့လေ။ မေလ၂ရက်နေ့ ညမှာပဲ ၀န်ထမ်းတွေပါတီက ရှိပါသေးတယ်။ အားလုံးမဟုတ်ပေမယ့် လူ၃၀လောက်စုလုပ်ရမယ့် ပါတီပွဲပါ။ ရွေးခံထားရတဲ့သူတွေကလည်း မတက်မနေရဆိုတော့ အားလုံးတက်ကြရမှာပါ။ မိုးတွေသည်းနေတော့ သိပ်မသွားချင်ပေမယ့် ရုံးကိစ္စဆိုတော့ သွားရပြန်ပြီပေါ့လေ။

ည၈နာရီခွဲလောက်မှာ မိုးက ပြင်းပြင်းထန်ထန် သည်းလာသလို လေတွေပါ စတိုက်လာပါတယ်။ အော် .. ဒါမုန်တိုင်းပါလာပေါ့. ဒီလောက်ပါပဲ။ တခါမှ မကြုံဖူးလို့ နည်းနည်း ထူးဆန်းနေတာလောက်ပါပဲ။ ဒါနဲ့ပဲ ည၁၀နာရီခွဲလောက် အိမ်ပြန်ရောက်ပါတယ်။ မီးငယ်နေတာက ၈လွှာရဲ့ အပေါ်ဆုံးထပ်မှာမို့ သာမန် မိုးရွာရင်တောင် မိုးကယိုလေ့ရှိပါတယ်။ ဘယ်လောက်ပဲ ပြန်ပြင်ပြင် ခေါင်မိုးပေါ်ကို စလောင်းတက်ပြင်တဲ့သူတွေရဲ့ ခြေရာကြောင့် ယိုတာပါပဲ။ မိုးယိုနေတာကို လိုက်သုတ်နေတဲ့ မေမေ့ကို ဖယ်ခိုင်းပြီး မီးငယ် လုံချည်တိုတိုဝတ်လို့ ရေသုတ်ရပါတော့တယ်။ မသုတ်ဘဲ အ၀တ်တွေနဲ့ ရေတားရင်လည်း အိမ်ထဲထိ စီးတာမို့ ရေသုတ်စက်နဲ့ မလုပ်လို့ကို မရတာပါ။ လက်နဲ့အ၀တ်နဲ့စုပ်ပြိး ညှစ်ရတာလည်း ကူရပါတယ်။ အေးနေပေမယ့် ပုံမှန်ထက်ကို ရွာနေတဲ့မိုးကြောင့် တညလုံးကို မအိပ်ရပါဘူး။

တဖြည်းဖြည်းနဲ့ သဲရာကနေ စဲလာပေမယ့် ကောင်းကင်ကြီးက ရဲတောက်နေတာပါပဲ။ အဘွားကတော့ ကြည့်ပြီး ပြောတယ် လေထန်ဦးမှာတဲ့လေ။ မနက်မိုးလင်းခါနီးမှာမှေးခနဲအိပ်ပျော်သွားပေမယ့် ၅နာရီခွဲလောက်မှာ ခေါင်မိုးက အိကနဲ ဖြစ်လာပါတယ်။ အရမ်းလန့်သွားကြတာပေါ့။ ရေကလည်းဘယ်လောက်သုတ်သုတ် မနိုင်တဲ့ အနေအထားဖြစ်လာပါတယ် :( အဲ့ဒီအချိန်မှာပဲ မေမေက နောက်ဖေးခနသွားချင်တယ်တဲ့လေ။ တရေးနိုး အပေါ့ထသွားတာပါ။ မေမေလည်း နောက်ဖေးရောက်ရော ၀ုန်းဆို အသံကြီးကြားလိုက်ရပါတယ်။ :O

မေမေရေ ဆိုပြီး အော်ပြီးပြေးလိုက်တာ မေမေက လေတွေအရမ်းတိုက်နေလို့တဲ့လေ နောက်ဖေးခန်းနဲ့ အိမ်လယ်ခန်း ခြားထားတဲ့ တံခါးကို ချက်ချသွားပြန်တယ် :O မေမေ့ကိုလည်း ခေါ်မရ မိုးတွေကလည်း ပြန်သည်းလာနဲ့ မီးငယ်တို့အိမ် ငရဲပွက်နေသလိုပါပဲ။ :( မေမေရေ မေမေရေ နဲ့ ဒုန်းဒုန်း ဆိုထုနေတုန်း အိမ်ရှေ့ခန်းမှာလည်း အမိုးက အိကနဲ ဖြစ်လာတာတွေ့လိုက်တာမို့ အရင်ဆုံး အဘွားကို ဆင်းပြေးခိုင်းရပါတော့တယ်။ အကိုကို အဘွားကို လက်ဆွဲလို့ ဆင်းပြေးတော့လို့ အော်လိုက်ပြီး မေမေ့ကို အော်ခေါ်နေရပြန်တာပေါ့။ အိမ်မှာမိသားစု အကုန်မှ ၅ ယောက်ထဲရယ်လေ။ :( ၁၅ မိနစ်လောက်အကြာမှာ မေမေထွက်လာပါတယ်။ အရမ်းကိုလန့်သွား တာက နောက်ဖေးမီးဖိုချောင်တခုလုံး လုံးဝမရှိတော့ဘဲ မေမေတယောက်ထဲ အန္တရယ်ကင်းကင်း ပြန်ထွက်လာ နိုင်တာပါပဲ။

အိမ်သာခန်းလေးတခုပဲ ကြမ်းပြင်ပေါ်မှာ ကွက်ကျန်ခဲ့ပါတယ်။ အမိုးတွေရော မီးဖိုချောင်ပစ္စည်းတွေ ရော နံရံတခြမ်းရော လေနဲ့ပါသွားခဲ့ပါပြီ :( မေမေ ပြန်ထွက်လာနိုင်မှပဲ ဟင်းချပြီး ငိုဖို့တောင် သတိမရ မေမေရေ ပြေးတော့လို့ပဲ အော်နိုင်ပါတယ်။ အဘွားကို အောက်ထပ်သွားပို့ ပြီး ပြန်လာတဲ့ အကိုရယ်၊ ပစ္စည်းတွေ ရသလောက် သိမ်းနေတဲ့ ဦးလေးရယ်က သတိတရနဲ့ မီးငယ်လေယာဉ်လက်မှတ်လို့ အော်ပြီး ပြေးယူရပြန်ပါတယ်။ ( ရုံးက၀ယ်ပေးထားတဲ့ လက်မှတ်မို့ နောက်တခေါက်လည်း ပြန်ဝယ်နိုင်တဲ့ အနေအထား မရှိဘူးလေ ) အဲ့ဒီအချိန်မှာပဲ ခေါင်မိုးကနေ တဖဲ့ဖဲ့နဲ့ ပြုတ်ကျလာနေပါပြီ။

မီးငယ် သွားဖို့ပဲ ရှိတော့တာမို့ လက်ဂေ့ခ်ျလည်း အဆင်သင့်ပြင်ပြီးသားပါ။ လပ်ဂေ့ခ်ျရယ် လေယာဉ်လက်မှတ်ရယ်ကို ဆွဲလို့ အကိုက ရှေ့ကနေပြေးဆင်းပါတယ်။ ၈ ထပ်ရဲ့ဘ၀ကလည်း မလွယ်ပါ့လားနော် :( ဦးလေးက ပစ္စည်းတွေသိမ်းနေရင်းနဲ့ နှစ်ခါ ၃ ခါချော်လဲပြီး ဖြူလျော်နေပါပြီ။ :( လူတွေ ဘေးကင်းရင်တော်ပြီဆိုတဲ့ ခံစားချက်လေးနဲ့ အခန်းကို လှည့်ကိုမကြည့်နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ အောက်ထပ်က မိတ်ဆွေတွေဆီကို သွားကပ်နေရတဲ့ဘ၀ရောက်ပါ တော့တယ် :( တီဗွီက အစ ကွဲသွားတာမို့ မီးငယ်တို့ ဘ၀ အခြေပျက်တာပါပဲ။ နာဂစ်နဲ့ ဒီလောက်နဲ့တင်ပြီး မလားမှတ်ပါတယ်။ ဦးလေးရဲ့ အခြေအနေက တစတစ ဆိုးဝါးလာပြီး အားငယ်နေပုံလည်းရတာမို့ အဖျားတွေ လည်း တက်နေပါပြီ :( ဘယ်လိုမှ မရတော့တဲ့ အခြေအနေမို့၎ရက်မြောက်နေ့မှာ ဆေးရုံတင်ရပါတော့တယ်။

သွေးအားချင်းလိုတယ်လို့ ပြောတာနဲ့ မီးငယ်တို့ သွေးရှာထွက်ရပြန်ပြီပေါ့။ နာဂစ်ကြောင့် ဒဏ်ရာရတဲ့သူ တော်တော်များတာမို့ သွေးက လိုချင်သလို ရှာမရခဲ့ပါဘူး။ ရပ်ကွက်တကာ ဘုန်းကြီးကျောင်းတကာ အလှုခံထွက်ရပြန်ပါတယ်။ မီးငယ်က အေဘီ သွေးမို့ လိုတဲ့သူရှိရင်လည်း လှုပါ့မယ်လို့ ပြောရင်း နောက်ဆုံး ဦးလေး ရုံးက ၀န်ထမ်းတွေရောက်လာတော့ သွေးနှစ်ပုလင်း အဆင်ပြေသွားခဲ့ပါတယ်။ :( တရက်စာတော့ အဆင်ပြေပြန်ပြီပေါ့လေ။ နေ့တိုင်းသွင်းရမှာဆို တော့ မီးငယ်လည်း နီးစပ်ရာ သူငယ်ချင်းတွေဆီပြေးရင်း လွှားရင်း မီးငယ်ရဲ့ရုံးက ၀န်ထမ်းတွေလည်း ရောက်လာကြပါတယ်။ လိုရင်လှုပါ့မယ်တဲ့ ။ အေသွေးမို့ အေဘီသွေးလောက် ရှာရမခက်တာတောင် နာဂစ်ကြောင့် တော်တော်လေး ခက်ခဲရတာပါပဲ။ စိတ်ဓာတ်တွေ လည်း ကျလို့ အားငယ်နေရတဲ့ရက်တွေကို ဖြတ်သန်းရတော့တာပေါ့။

နေစရာနေရာကမရှိ ၊ အစားအသောက်ကျပြန်တော့လည်း ဈေးတွေက တအားကြီး ( ကြက်ဥတလုံး ၅၀၀ တဲ့ကွယ် - လူတွေရဲ့ မတော်လောဘတက်ပုံများ ) မီးငယ်လည်း ထမင်းတောင်ရဲရဲ မစားရဲပါဘူး။ အိမ်မှာ ကိုယ်က အငယ်ဆုံးလေ :( အဘွားရှိတာမို့ အစစအရာရာ အဘွားအတွက်ပဲ စဉ်းစားရင်း ဆေးရုံတက်နေတဲ့ လူမမာ အားမငယ်စေရေး မီးငယ်ပဲ ကြိုးစားရပြန်ပါတယ်။ အကိုကလည်း တမိသားစုလုံးအတွက် မားမားမတ်မတ်ရပ်တည်လို့ အစစ အရာရာ လိုက်လုပ်ပေးပေမယ့် မီးငယ်လည်း ဘယ်လိုမှ ထိုင်နေလို့မရဘဲ ကြိုးစားရပြန်ပါတယ်။

ရုံးက မီးငယ်ရဲ့ သူဌေး ( တကယ့်ကို မိဘလိုပဲမို့ ကျေးဇူးတင်ပါတယ် ) က အိမ်လိုက်လာပြီး လာကြည့်သွားပါတယ်။ မီးငယ်ကလည်း သွားရတော့မယ့်ရက်က သိပ်ကပ်နေပြီလေ။ ဒီလိုနဲ့ပဲ မီးငယ် စိတ်ပင်ပန်း လူပင်ပန်း မျက်ကွင်း ဟောက်ပက်နဲ့ မေလ ၁၂ ရက်နေ့မှာ ဂျပန်ကို လာခဲ့ရပါတော့တယ်။ လာတဲ့အချိန်မှာ ဦးလေးကလည်း ဆေးရုံပေါ်မှာပဲ ရှိသေးတာမို့ နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်ခဲ့ရတာပေါ့လေ။ နောက်ပိုင်း ဆက်ဖြစ်တာတွေတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။


မီးငယ်

မီးငယ်နဲ့ YUFL

ဂျပန်စာပထမနှစ်ကို UFL မှာ တက်နေရင်းနဲ့ မီးငယ် တဖက်က နေ BE ဘွဲ့ကို ယူဖို့လုပ်ရပါတယ်။ နှစ်ဖက်လုံးကို အပျက်မခံချင်တဲ့ မီးငယ် ပင်ပန်းတော့တာပါပဲ။ UFL က ကမာရွတ်မြို့နယ်ထဲမှာ ရှိပြီး ဘတ်စ်ကားဂိတ်ကနေ ၁၅ မိနစ်လောက်လမ်းလျှောက်ရပါတယ်။ တခုသက်သာသွားတာက ကျောင်းရှေ့မှာ ကားသေးသေးလေးတွေ ပြေးဆွဲနေတာ ရန်ကင်းထိ ရှိပါတယ်။ မီးငယ်ကတော့ အကိုတယောက်ရဲ့ ကားနဲ့ နေ့တိုင်းတာမွေထိ လိုက်ပို့ပေး တာမို့ ကျောင်းကို အဆင်ပြေပြေတက်နိုင်ခဲ့ပါတယ်။ ကျောင်းချိန်ကို ၁၅ မိနစ်လောက်စောထွက်လို့ တာမွေကို ကားနဲ့သွား ပြိးရင် သန်လျင်ကျောက်တန်းကားလေးကို စီးရပါတယ်။ တခါတလေလည်း တွယ်တောင်စီးရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ( YUFL အကြောင်းပါဆို ဟိုဘက်ကျောင်းရောက်သွားပြန်ပြိ :D )

မီးငယ်နေတဲ့ အိမ်က ဗိုလ်တထောင်မှာမို့ ၄၈ ကားလေးဂိတ်ဆုံးနားမှာ ဆိုတော့ သွားရတာ အဆင်ပြေပါတယ်။ မနက် ၆ နာရီ ၄၅ ကနေ ၈နာရီ ၄၅ ထိ နှစ်နာရီပေမယ့် စာသင်ချိန် မများဘူးလို့ပြောလို့ရသလို တပတ်ကို ၅ ရက်မို့ မနည်းတော့လည်း မနည်းလှပါဘူး။ မီးငယ် ကျောင်းတက်ခဲ့ ရတဲ့ ကာလတလျှောက် ပျော်ခဲ့ပါတယ်။ Kanji တွေကို ကြိုးစားရေးပြီး စာအုပ်ထပ်တိုင်း ဆရာတွေဆီက ပန်းပုံလှလှလေးတွေ ရရင် ဘယ်လိုပျော်မှန်းမသိတဲ့အတွက် ပိုပိုလှအောင် ကြိုးစားရေးပါတယ် ( နည်းနည်းလှရင် အ၀ိုင်းလေးက သေးတော့ သိပ်မကြိုက်တာလဲပါပါတယ် :D ) အခွင့်သင့်ရင်တော့ မီးငယ် အိမ်မှာ ကျန်ခဲ့တဲ့ စာအုပ်တွေကို ဓာတ်ပုံရိုက်ပြီး တင်ပါဦးမယ်။ :)

မီးငယ်အတွက် တခုကံကောင်းတယ်လို့ ပြောလို့ရတာက ကျောင်းသားတိုင်းကြောက်ကြတဲ့ ခန်းဂျီးကို မီးငယ်က ကြိုက်တာပါပဲ။ ခန်းဂျီးရေးရတာ အရမ်းပျော်ပါတယ်။ လှတယ်လို့ ချီးကျူးခံရတာကို ပိုပျော်ပါတယ် :D ကျောင်းမှာလည်း စာသင်နှစ်တလျှောက် မီးငယ် အခန်း အီးစီ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဆရာဆရာမတွေကို တဖက်တလမ်းက ကူညီပေးချင်လို့ပါ။ သင်တန်းတွေနဲ့ မတူတဲ့အချက်က ပြင်ပသင်တန်းတွေမှာ တက်ကြတဲ့ ကျောင်းသားအများစုက ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲအတွက် အဓိကထားပြီး တက်ကြပါတယ်။

မီးငယ်တို့ YUFL မှာကတော့ အဲ့ဒီလိုသီးသန့် သင်တာမျိုးမရှိပါဘူး ( Reading, Grammer, Words, Listening, VIVA ) ဆိုပြီး ၅ ဘာသာ ဖြေရပါတယ်။ ပထမနှစ်စာသင်သက် ၃ လကနေစလို့ စာမေးပွဲတွေကို စဖြေရပါတယ်။ ဗိုင်ဗာဖြေရတဲ့ နေ့ဆိုရင်တော့ မီးငယ်တို့ ချွေးတလုံးလုံးပေါ့လေ ( ကြောက်ပြီးရင်တုန်နေတာ :D ) ကျောင်းသားတိုင်းလိုလို ဗိုင်ဗာလို့ခေါ်တဲ့ နှုတ်ဖြေကို ကြောက်ကြပါတယ်။ အဲ့ဒီထဲမှာမှ သဘောကောင်းတဲ့ဆရာမ ၊ နည်းနည်းတင်းကြပ်တဲ့ ဆရာ အဲ့လိုမျိုး ကိုယ့်ဘာသာသတ်မှတ်ထားတဲ့ ဆရာတွေကို သေချာစိုက်ကြည့်နေလို့ ကိုယ့်အလှည့်ဘယ်သူဖြစ်ပါစေဆိုပြီး ဆုတောင်းရတာလည်း အမောပါပဲ :D တကယ်တမ်းကျတော့ စာမေးပွဲ မဖြေခင်ထဲက အတန်းထဲမှာ အပတ်စဉ် ဗိုင်ဗာပုံစံမျိုးကို ဆရာတွေက လေ့ကျင့်ပေးပြီးသားပါ။ အဲ့ဒါလည်း စာမေးပွဲဆိုတဲ့ အရှိန်က ပါနေသေးတာပါပဲ။

တခြားဘာသာတွေ အဲ့ဒီလောက်မကြောက်ပါဘူး ( မသိလည်း ရမ်းတုတ်လို့ရတယ်လေ :D ) ဗိုင်ဗာကျတော့ ဆရာတွေရှေ့မှာ ငုတ်တုတ်လေး မှားသွားရင် အော်ခံရမှာလည်း ကြောက်ရသေးတယ် ( ကိုယ့်ဆရာ ဦးမင်းသုခ ရှေ့ဆုံးက :D ) ဆရာတွေကို ချစ်လည်းချစ် ကြောက်လည်းကြောက်ပါပဲ ( ချစ်ကြောက်ရိုသေ ဆိုတဲ့ထဲမှာ YUFL က ဆရာတွေ ပါပါတယ် ) ဆရာဆရာမတွေရဲ့ ချော့တခါ ချောက်တလှည့် သင်ပြပေးမှုတွေထဲမှာ မီးငယ် ဂျပန်စာကို ချစ်တတ်လာပါတယ်။ ဒါတောင် ပထမနှစ်တုန်းက ခန်းဂျီးဘာသာမှာ ပြောင်းပြန်တွေကြီးရေးလို့ အဆူခံခဲ့ရပါသေးတယ် အဟီး


ပြောင်းပြန်မှ တော်ရုံပြောင်းပြန်မဟုတ်ပါဘူး ( ဥပမာ - (ちず)ဆိုပြီး ဟိရဂနပေးထားတာကို အမှန်ရေးရရင် 地図 ဒီစာလုံးပါ။ ဒါပေမယ့်မီးငယ်ရေးတာ အဲ့လိုမျိုး (図地) ဟီးဟီး . ) စာမေးပွဲပြီး နောက်တနေ့ ဆရာက ရုံးခန်းလာတွေ့ဖို့ ခေါ်လို့ သွားတော့မှ အဆဲခံရတော့တာ .. ရေးထားတဲ့ ဆွဲချက်တွေ အကုန်မှန်ပြီး ခန်းဂျီးကို ပြောင်းပြန်ရေးလို့တဲ့လေ :( ဆရာတွေရဲ့ ကျေးဇူးတွေကို အမြဲ အမှတ်ရနေပါတယ်။ မီးငယ်က အပြင်မှာလည်း မသင်နိုင်ပြန်တော့ ကျောင်းတခုထဲကိုပဲ အားကိုးခဲ့ရတဲ့ ကျောင်းသားပါ။ ဒီလိုနဲ့ပဲ မီးငယ် ပထမနှစ်စာသင်နှစ်ကို အောင်မြင်စွာ ပြီးဆုံးလို့ ဒုတိယနှစ်ကျောင်းသားဘ၀ကိုရောက်ခဲ့ပါတယ်။

မီးငယ်တို့ကျောင်းမှာ Listening ( choukai ) ကို အပတ်စဉ်အဂါင်္နေ့တိုင်း လက်တွေ့ခန်းထဲကိုသွားလို့ ဗွီဒီယိုတကား ကြည့်ရပါတယ်။ ပြီးတာနဲ့ ဆရာက မေးခွန်းတွေပေးလို့ အိမ်စာအဖြစ် ဖြေရတော့တာပါပဲ။ သိပ်ခက်တဲ့ကားတွေဆို နားမလည်တာနဲ့ မီးငယ် ချာလည်ရမ်းတော့တာပဲ :D တော်ရုံကားတွေကိုတော့ နားလည်ပါတယ် ( ကိုယ်သတ်မှတ်တာ ဟိဟိ )

အဲ့ .. နားလည်ရဲ့သားနဲ့ ဒုက္ခရောက်တဲ့ ကားတွေကတော့ အများအားဖြင့် ဟာသကားတွေပါပဲ ( မီးငယ်က အရီသန်တယ်လေ ) လိုက်ရီနေတာနဲ့ အချက်အလက်တွေ ဘာမှမမှတ်လိုက်ရပါဘူး . တကယ်တမ်း ဆရာလည်း မေးခွန်းပေးရော စကားလုံးတွေ မမှတ်မိတာနဲ့ ချွေးပြန်တော့တာပါပဲ ( ဆရာပေးတဲ့မေးခွန်းတွေ ထဲမှာ သုံးသွားတဲ့ စာလုံးတွေကိုလည်း မေးတဲ့ မေးခွန်းတွေလည်း ပါပါတယ် ) ဟာသကားကို အစအဆုံး လိုက်ရီနေတာ ဘာမှကိုမမှတ်နိုင်တာပါ။ အဲ့ဒါဆိုလည်း အဆူခံရပြန်ရော :D

ဆရာကဆူလိုက် စာမေးပွဲက ဖြေလိုက် ကျောင်းကစာလေးတွေ ဟိုကျက်ဒီကျက်လုပ်လိုက်နဲ့ အဲ့ဒီနှစ် သူငယ်ချင်းတွေက ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ လယ်ဗယ် ၂ ၀င်ဖြေတဲ့အချိန် မီးငယ် လယ်ဗယ် ၃ ပဲ ဖြေခဲ့ပါတယ် :D တခါထဲ အောင်ချင်တာလည်း ပါသလို အပြင်သင်တန်းဘာမှမတက်ထားတော့ မေးခွန်းပုံစံတောင် သေချာမသိလို့ပါ။ ကျောင်းက ဖတ်စာအုပ်တွေနဲ့ အပြင်သင်တန်းတွဲတက်တဲ့ သူငယ်ချင်းတွေအဖို့ အဆင်ပြေပေမယ့် မီးငယ်က ကျောင်းတခုပဲတက်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာလည်းပါပါတယ် :D


ကျောင်းနှစ်ကျောင်းခွတက်နေတာလည်းပါပါတယ်။ မီးငယ် ဒုတိယနှစ်မှာတော့ BE ဘွဲ့လည်းရပြီး မာစတာ စတက်နေပါပြီ။ စာတွေများတာရယ်။ မီးငယ် အလုပ်လည်းစလုပ်နေပြီဆိုတော့ အချိန်တွေ ဘယ်လိုခွဲရမှန်းမသိအောင်ကို အလုပ်များခဲ့ပါတယ် ( မီးငယ်က လောဘလည်း အရမ်းကြီးတယ် လုပ်ချင်တာတွေ က တကယ့်ကိုများနေခဲ့တာလေ ) ဒါပေမယ့် မာစတာကို လှိုင်သာယာမှာ တက်ရပြီး UFL ကို ကမာရွတ် အလုပ်က MICT ထဲမှာဆိုတော့ မာစတာကို ဆက်မတက်နိုင်တော့ပါဘူး ( ဝေးတာတကြောင်း ကျောင်းတခုထဲနဲ့ အဆင်မပြေဘဲ ကျူရှင်ယူမှဆိုတဲ့ ကိစ္စလေးတွေ ပါလာတာတကြောင်း မို့ပါ ) ဒီလိုနဲ့ပဲ မီးငယ် YUFL Diploma Second Year ကျောင်းသူဘ၀ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

တတိယနှစ်ကိုရောက်လာပြန်ပေါ့။ တတိယနှစ်ကျောင်းသူဘ၀ကိုတော့ တပိုင်းတစနဲ့ပဲ မီးငယ် ရပ်ဆိုင်းခဲ့ရပါတယ်။ ဘယ်လိုတွေဖြစ်တယ်ဆိုတာတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။ ဆရာဆရာမ တွေကို မီးငယ်သတိရလွမ်းဆွတ်လျှက်ပါ။ ဆရာဆရာမတွေရဲ့ ကျေးဇူးတရားကို ဦးထိပ်ထားလို့ အမြဲ ရှိခိုး ကန်တော့လျှက်ပါ။ ကျောင်းတော်မှာ ဂရုတစိုက်စောင့်ရှောက်ပေးခဲ့တဲ့ အကို၊ သူငယ်ချင်းများအားလုံးကိုလည်း သတိရနေလျှက်ပါ။

မီးငယ်နဲ့ ဂျပန်စာ

၂၀၀၅ခုနှစ်မှာ မီးငယ် BTech ( Information Techonology ) ဘွဲ့ကို ရလို့ အဲ့ဒီနှစ်ထဲမှာပဲ BE ကို ဆက်တက်နေခဲ့ပါတယ်။ မီးငယ်ရဲ့ တဦးထဲသော အကိုက နိုင်ငံခြားဘာသာသင်တက္ကသိုလ် ( YUFL )မှာ ဂျပန်ဘာသာအထူးပြု ( ဒီပလိုမာ ) နဲ့ အဲ့ဒီအချိန်မှာ ဒုတိယနှစ်ကျောင်းသား ဖြစ်လို့နေပါပြီ။

မီးငယ်လည်း တက်ချင်စိတ်တွေ တဖွားဖွား ဖြစ်လာတော့ပေါ့လေ ။ အဟီး... ဂျပန်စာယူဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ အဲ့ဒီမတိုင်ခင် တခြားဘာသာစကားကို လေ့လာနေခဲ့တာလည်း ပါတာပေါ့လေ။ တကယ်တမ်း ဆက်တက်မယ် ဆိုရင် ကိုယ်ရထားခဲ့ ကိုယ် အတော်အသင့်ကျွမ်းကျင်နေတဲ့ ဘာသာစကားတွေထဲက ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မီးငယ် ပြန်စဉ်းစားကြည့်တယ်။ ၄နှစ်ဒီပလိုမာဆိုတော့ ၄နှစ်စာ စာအုပ်ဖိုးတွေ သင်ထောက်ကူပစ္စည်းတွေ မီးငယ်လုပ်ရတော့မယ်။

ကိုယ့်မိသားစုက အဲ့ဒီအချိန်မှာ တော်တော်လေး ကြပ်တည်းနေခဲ့တဲ့အချိန်ပါ။ ကိုယ်တိုင်ကလည်း အင်ဂျင်နီယာဘွဲ့ ( BE ) ကို ရဖို့အတွက် ကြိုးစားရဦးမယ်ဆိုတော့ မီးငယ် သေချာစဉ်းစားကြည့်မိတယ်။ တ၀က်တပျက်နဲ့ ဆက်မတက်နိုင်တော့တဲ့ အခြေအနေများ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲပေါ့လေ။ အကိုကလည်း ဂျပန်စာတက်နေတာမို့ သူတက်နေတဲ့ ဘာသာကို ဆက်ယူရင် အနည်းဆုံးတော့ ငါ ဖတ်စာအုပ်ဖိုး သက်သာတယ်ပေါ့လေ ( အတွေးက ကြီးကြီးမားမား :D ) အဲ့ဒါနဲ့ပဲ မီးငယ် တထိုင်ထဲ ဆုံးဖြတ်လိုက်ပြီး Form တင်တဲ့နေ့မှာတော့ အထူးပြုဘာသာစကား-ဂျပန် ဆိုပြီး ဖြည့်စွက်လိုက်ပါတယ်။ အင်္ဂလိပ်စာနဲ့ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရပေမယ့် သိပ်အခက်အခဲ မရှိလှဘဲ ဖြေဆိုနိုင်ခဲ့ပြီး တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မီးငယ် ဂျပန်စာ သင်ဖို့ဖြစ်လာတယ်ဆိုပါတော့။


မီးငယ် စပြီး ဂျပန်စာ စသင်ယူခဲ့မိတဲ့ နေ့ကစလို့ စိတ်ဝင်စားသွားခဲ့တော့တာပါပဲ။ မီးငယ် ဘာသာစကား သင်ရတာ အရမ်းစိတ်ဝင်စားပါတယ်။ သေချာအသေးစိတ်သင်ပြပေးတဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာဆရာမများ အားလုံးကို ဦးထိပ်ထားလျှက် ကျေးဇူးတရားတွေကို အမြဲအောင့်မေ့တမ်းတနေပါတယ်။

မီးငယ်

စာကြည့်ရပြီ

မီးငယ်တို့ ဂျပန်စရောက်ထဲက အလုပ်တွေများတာရယ်၊ ကိုယ်လုပ်ချင်လို့ကို လုပ်နေတဲ့အလုပ်ကိုအကြောင်း ပြတာရယ်နဲ့ စာမကြည့်ဖြစ်ပါဘူး။ ( အပျင်းကြီးနေတာလည်း ပါတာပေါ့လေ ) အခုတော့ မီးငယ် စာကြည့်မှကို ဖြစ်တော့မှာပါ.။ :( စာမေးပွဲ က ဇူလိုင်လမှာ ဖြေရဦးမယ်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံမှာ လယ်ဗယ် ၃ ပဲ ဖြေလာခဲ့ရတာပါ။ အမှတ်လည်း မနည်းမများနဲ့ အောင်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှာဖြေပြီး ၂၀၀၈ ခုနှစ် မတ်လထဲမှာ အောင်လက်မှတ်ကို ရခဲ့ပါတယ်။

၂၀၀၈ခုနှစ် မတ်လထဲမှာပဲ ဂျပန်လာဖို့ကို ရွေးချယ်ခံရပါတယ်။ မီးငယ်လည်း ဂျပန်စာစာမေးပွဲ လယ်ဗယ်၃ အဆင့်နဲ့ ဒီကိုလာရတော့ လယ်ဗယ်၂ နဲ့လယ်ဗယ်၁ စာတွေဆိုတာ ဘယ်နေမှန်းတောင်မသိပါဘူး ။ ဖြေလည်း မဖြေဖူးပါဘူး။ :( နိုင်ငံခြားဘာသာသင်တက္ကသိုလ်ရဲ့ ဒီပလိုမာ တတိယနှစ်ကျောင်းသူဆိုတာလေးတော့ ရှိတာပေါ့လေ :D သင်တန်းဆိုတာဝေးလို့ မေးခွန်းပုံစံတောင် သေချာမသိတဲ့ဘ၀နဲ့ မီးငယ်တို့ ရောက်ရောက်ချင်းနှစ် ၂၀၀၈ခုနှစ်ရဲ့ ဒီဇင်ဘာမှာ လယ်ဗယ်၂ ကို ၀င်ဖြေဖြစ်ပါတယ်။ ထင်တဲ့အတိုင်းပဲ အမှတ်လည်း သိပ်မကောင်းလှပါဘူး။ ၂၆၉ မှတ်ပဲ ရပါတယ်။ တခါထဲနဲ့ အောင်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို နည်းနည်းတော့ မာန်တက်သွားတာပေါ့လေ :D ငါကွပေါ့ .. ခိခိ

မီးငယ်တို့ ကိုယ့်ဘာသာ အင်တာနက်မှာ ရှာဖွေလေ့လာ ပြီး စာကြည့်ခဲ့ရပါတယ်။ ဒါတောင် အသေအချာ ကြည့်နိုင်ခဲ့တယ် မဟုတ်ပါဘူး။ စာကြည့်ချိန် သိပ်မရှိဘဲ လယ်ဗယ် ၂ ကိုအောင်ခဲ့တယ်ဆိုတော့ နည်းနည်းတော့ ယုံကြည်မှုလေးတွေ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ မီးငယ် လယ်ဗယ် ၁ ဖြေဖို့ကိုဖြစ်လာပါရော :D ၂၀၀၉ ခုနှစ် ဒီဇင်ဘာမှာ ၀င်ဖြေခဲ့ပါတယ်။ ထုံးစံအတိုင်း တစ်နှစ်လုံး အလုပ်ကို အကြောင်းပြလို့ စာသေချာမကြည့်ခဲ့တော့ ကျပြီပေါ့ ( ခွေးကျဝက်ကျ ) အဟီး ..။


အခုလည်း အောင်စာရင်းထွက်လို့ တလကျော် နှစ်လထဲကို ရောက်လာပါပြီ။ ဘာစာမှ မကြည့်ဖြစ်သေးတာမို့ မီးငယ် စာကြည့်ရပါတော့မယ်။ ဇူလိုင်လ ပထမပတ်မှာ ဖြေရမှာမို့ပါ။ ခက်လိုက်တဲ့ မိုဂျိ ( စကားလုံး ) တွေ။ အလုပ်နဲ့ ပတ်သတ်တာရယ်။ ပြင်ပစကားရယ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် ( ကိုယ့်ကိုယ်ကိုထင်တာပဲ :D ) ပြောနေနိုင်ပြီဖြစ်တော့လည်း မီးငယ် အပျင်းကြီးပြီး ( လယ်ဗယ် ၂ အောင်သွားခဲ့တာ လည်း ပါမယ်ထင်တာပဲ။ )
ဘာစာမှ သေချာမကြည့်ဖြစ်ခဲ့ပါဘူး။ တကယ်ပြောရရင် တော်တော်ပျင်းတဲ့ ကလေးလေးလို့တော့ မေမေက ခေါ်တယ်။ အမြဲတမ်းပဲ :D

ဥာဏ်ကလေးကို အားကိုးလို့ အမြဲတမ်း ငပျင်းလေး လုပ်နေတဲ့ မီးငယ် တခါမှ မကျဖူးတဲ့ စာမေးပွဲကို မကျစဖူး အကျထူးတော့ စာကြည့်ရပါတော့မယ်.။ အဲ့ . ထူးခြားတာတခုက မီးငယ် လယ်ဗယ် ၂ တုန်းက ရတဲ့ အမှတ်အတိုင်းပဲ ပြန်ရတာပါပဲ ( အောင်မှတ်က လယ်ဗယ် ၂ မှာ ၂၄၀ ဆိုအောင်ပြီး လယ်ဗယ်၁မှာ ၂၈၀ ဖြစ်သွားလို့ပါ ) ၂၆၉ ရထားပေမယ့် ဘယ်နေရာမှာ အားနည်းလည်း ပြန်ကြည့်တော့ မိုဂျိဂေါ်အိလို့ ခေါ်တဲ့ စကားလုံးတွေ ဖြေရတဲ့နေရာမှာ နည်းသွားတာပါ။ အရင်တုန်းက စာတွေများတော့ မီးငယ် မရှက်တမ်း ၀န်ခံရရင် စာမေးပွဲမှာ ခေါင်းမူးတဲ့ထိ စဉ်းစားတာတောင် မသိတာတွေများလို့ နံကြားထောက်ခဲ့ရတာတွေ အများကြီးပါပါတယ်။ အဲ့ဒါကြောင့် ကျတာပေါ့လေ.။

အဲ့လို .. အဲ့လို စတဲ့ အကြောင်း ကြောင်းတွေကြောင့် မီးငယ် စာကြည့်ရပါပြီ။ စာကြည့်ရင်းနဲ့လည်း ပို့စ်တွေ တင်မယ် စိတ်ကူးထားပါတယ်.။ မီးငယ် စိတ်ထဲ ရှိတာတွေ ရေးနေတာမို့ လည်လည်လာတဲ့ သူငယ်ချင်းတွေ စိတ်မကျေနပ်စရာ ရှိရင် မီးငယ်ကို ခွင့်လွှတ်ကြပါ :)

မီးငယ်

Friday, March 26, 2010

အမေ

ကျွန်တော့်ရဲ့အမေမှာ မျက်လုံးတဖက်ထဲပါတယ်။ ကျွန်တော်သူ့ကိုသိပ်မုန်းတာပဲ။ ဘယ်လိုမှကို လူတောမတိုးဘူးလေ။ သူမက ကျောင်းက ဆရာတွေ ကျောင်းသားတွေအတွက် ချက်ပြုတ်ပေးရတဲ့ အလုပ်ကိုလုပ်တယ်။ မိသားစုအတွက်ကို တဖက်တလမ်းက အထောက်အကူပြုဖို့ အတွက်ပေါ့။


တနေ့မှာတော့ ကျွန်တော်တက်နေတဲ့ မူလတန်းကျောင်းလေးကိုအမေလိုက်လာခဲ့တယ်။ ကျွန်တော့်ကိုအားလုံးက ၀ိုင်းလှောင်ကြတော့တာပေါ့။


အာ... သူမကျွန်တော့်ကို ဘယ်လိုလုပ်လိုက်တာပါလိမ့်. အရှက်ရအောင်လုပ်လိုက်တာလား။


ကျွန်တော်သူမကိုလျစ်လျူရှုပစ်လိုက်တယ်။သူမကို ကျွန်တော်မုန်းတီးတဲ့အကြည့်တွေနဲ့ ကြည့်လိုက်ပြီး ပြေးထွက်သွားခဲ့တယ်။


နောက်တနေ့မှာတော့ ကျွန်တော့်ရဲ့ အတန်းဖော်တယောက်က လာပြောပါတော့တယ်..

ဟေ့ကောင်.. မင်းအမေက မျက်လုံးတဖက်ထဲ ပါတာလားကွ။


ကျွန်တော်အမေ့ကို အဲ့ဒီနေ့မှာပဲ ရင်ဆိုင်ပြီး ပြောလိုက်ပါတော့တယ်။

အမေကျွန်တော့်ကို အများရဲ့ကြားထဲလူရီစရာဖြစ်အောင်လုပ်တာ သက်သက်ဖြစ်နေပြီ။ အမေဘာလို့ မသေသေးတာလဲ၊

အမေ့ဆီကဘာသံမှ ထွက်မလာခဲ့ပါဘူး။


ကျွန်တော်ဘာပြောလိုက်တယ်ဆိုတာကို တစက္ကန့်လောက်လေးတောင် ရပ်ပြီး မစဉ်းစားနိုင်လောက်အောင် ဒေါသတွေထွက်နေခဲ့တယ်။

ကျွန်တော်သူမရဲ့ခံစားချက်အားလုံးကို လျစ်လျူရှုပြီးမေ့ထားခဲ့လိုက်တယ်

ကျွန်တော် အိမ်ထဲကနေ ထွက်သွားချင်တဲ့ခံစားချက်တွေပဲ ပြည့်နှက်လို့နေခဲ့တယ်။


ဒါကြောင့်ကျွန်တော် အပြင်းအထန်ကြိုးစားပြီး စင်ကာပူနိုင်ငံကို သွားရောက်လို့ ပညာသင်ဖို့ အခွင့်အရေးကို ရရှိခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာတော့ ကျွန်တော်လက်ထပ်ခဲ့တယ်။ ကျွန်တော် ကိုယ်ပိုင်အိမ်လည်း ၀ယ်နိုင်ခဲ့ပါပြီ။

ကျွန်တော့်သားသမီးတွေရယ် ဇနီးရယ်နဲ့ သိပ်ကိုပျော်ရွှင်ဖို့ကောင်းတဲ့ဘ၀လေးတခုကို ပိုင်ဆိုင်ခဲ့ရတယ်။



အဲ့ဒီနောက် တနေ့မှာတော့ အမေက ကျွန်တော်တို့ဆီလာလည်ခဲ့ပါတယ်။ သူကျွန်တော်နဲ့မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီလေ။ သူ့မြေးလေးတွေဆို တွေ့ရဖို့ဆိုတာ ဝေးရောပေါ့။ တခါမှတောင် မတွေ့ဖူးသေးပါဘူး။

သူမကျွန်တော်တို့အိမ်ရှေ့ကိုရောက်တယ်ဆိုရင်ပဲ ကျွန်တော့်ကလေးတွေကို ရယ်မောလှောင်ပြောင်ကြပါ တော့တယ်။


ကျွန်တော်သူမကို အပြင်းအထန် ကြိမ်းမောင်းလိုက်တယ်။

ခင်များကျွန်တော်တို့အိမ်ကိုဘာလာလုပ်တာလဲ. ကျွန်တော့်ကလေးတွေကိုရော ဘာလို့လာကြည့်ပြန်တာလဲ။

သွားဗျာ။ ဒီကနေခုချက်ချင်းထွက်သွားစမ်း။

အဲ့ဒီနောက်မှာတော့ အမေက တိုးတိုးလေးပဲ ပြန်ပြောတယ်။

အို. လူလေး အမေတောင်းပန်ပါတယ်။ အိပ်လိမ်စာမှားသွားတာပါ။

အဲ့ဒီနောက်မှာတော့ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။


တနေ့မှာ .... ကျွန်တော့်ရဲ့အိမ်ကို ကျွန်တော်တို့ကျောင်းရဲ့ မိတ်ဆုံစားပွဲဖိတ်စာကရောက်လာပါတော့တယ်.

ကျွန်တော့်ရဲ့ဇနီးကို အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်လို့ လိမ်ပြီး ကျွန်တော် အဲ့ဒီကိုသွားခဲ့တယ်။

ပွဲပြီးသွားတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ ရပ်ရွာက အိမ်နီးချင်း မိတ်ဆွေတွေကို နှုတ်ဆက်ဖို့အတွက် ကျွန်တော်သွားခဲ့တယ်။

အိမ်နီးချင်းတွေ ၀ိုင်းပြောကြတာက အမေ သေပြီတဲ့လေ။ ကျွန်တော် မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။


သူတို့က ကျွန်တော့်အတွက် အမေထားပေးခဲ့တဲ့ စာလေးတစောင်ကို ကျွန်တော့်ရဲ့လက်ထဲကို ထည့်ပေးကြတယ်။


အမေ့ရဲ့ အချစ်ဆုံးသားလေးရေ ..

သားလေးအကြောင်းကိုပဲ အမေ အမြဲတမ်း တွေးတောနေခဲ့တယ်။ အချိန်နဲ့အမျှပါပဲ သားလေးရယ်။

သားလေးရဲ့ သားသမီးတွေရှေ့မှာ အရှက်ရစေအောင် အမေ စင်ကာပူကို လိုက်ခဲ့မိတဲ့အတွက်ကိုလည်း အမေ တောင်းပန်ပါတယ် သားလေးရယ်။

သားလေးက မိတ်ဆုံစားပွဲကို လာမယ်လို့ အမေကြားတော့ အမေ ပျော်လိုက်တာ.

ဒါပေမယ့် သားလေးလာတာကို အမေမြင်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူးသားလေး။

သားလေးအရွယ်ရောက်လာတဲ့အခါမှာသားလေးအတွက် အရှက်ရရမယ့် ကိစ္စကြီး အမေ့မှာ ရှိနေခဲ့တဲ့အတွက်ကိုလည်း အမေ တောင်းပန်ပါတယ် သားလေးရယ်။

သားလေးသိရဲ့လား။ သားလေး ကလေးလေးဘ၀တုန်းကပေါ့သားရယ်။ မင်း မတော်တဆမှု တခု ဖြစ်ခဲ့ပြီး မျက်စိတဘက် ဆုံးရှုံးခဲ့ရတယ်။ သားလေးရဲ့အမေဖြစ်တဲ့ အမေဟာ သားလေး မျက်လုံးတဖက်ထဲနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာကို ဘယ်လိုလုပ်ကြည့်ရက်မှာလဲ။ ဒါကြောင့် သားလေးကို အမေ့ရဲ့ မျက်လုံးတဖက် ပေးခဲ့တာပါ။

သားလေးက အမေ့အစား အမေ့ရဲ့ မျက်လုံးတဖက်နဲ့ တကမ္ဘာလုံးကို မြင်နေနိုင်တာ ကြည့်နေနိုင်တာကို အမေ့မှာ ၀မ်းသာလုံးမဆုံးပါဘူး သားလေးရယ်။

အချစ်များစွာနဲ့

အမေ

*******

ဘာရယ်မဟုတ်ပါဘူး.. မီးငယ် ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ရင်းနဲ့က ရင်ထဲကို ရောက်သွားတဲ့ စာလေးမို့ ချက်ချင်းပဲ ဘာသာပြန်ပြီး တင်လိုက်ပါတယ်။ ဖတ်နေရင်းနဲ့လည်း အတွေး ဖြန့်ကျက်မိပြန်ပါတယ်။ ဘာလို့များ မိခင်ကို အဲ့ဒီလို ဆက်ခံခဲ့ရပါလိမ့်ပေါ့။ တော်တော်ဆိုးတဲ့ သားတယောက်အဖြစ် ခံစားလို့ ရလိုက်တယ်။ ဘ၀မှာ ဘယ်အရာမဆို ပြန်အစားထိုးလို့ ရပေမယ့် မိခင်ဆိုတဲ့ နေရာကိုတော့ ဘယ်လိုလူကိုမှ အစားထိုးလို့ မရပါဘူးလေ။ မိဘကို ရိုသေတဲ့နေရာမှာ မြန်မာလူမျိုးတွေကိုတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ မယှဉ်နိုင်ပါဘူးလေ။ တကယ်တော့ မျက်လုံးတဖက်ထဲပါတာ ရှက်စရာမှ မဟုတ်ဘဲ။ ကလေးဘ၀မှာ ဘယ်လိုတွေ အရောင်ဆိုးခံခဲ့ရပါလိမ့်လို့လည်း တွေးမိတယ်။ မိခင်အနေနဲ့လည်း အလိုလိုက်ပုံ မှားယွင်းခဲ့ပုံ ရပါတယ်။ သားကို ချစ်ဖို့ပဲ တတ်ပြီး မချစ်တတ်တဲ့ မိခင်တယောက် ဖြစ်မှာပေါ့လေ။ ဘယ်လို မိခင်မျိုးပဲ ဖြစ်ဖြစ် မိခင်ကတော့ မိခင်ပါပဲ။ သားသမီးကို ကိုယ့်မှာရှိတဲ့ အသွေးအသားတွေ ထုတ်ပေးရပါစေ။ ချစ်ကြပါတယ်။ ဒီလို စာပေမျိုးကို ဖတ်ရှုရတာ မိခင်ရဲ့ ချစ်မြတ်နိုးမှုကို လေးစားတဲ့စိတ် ဖြစ်ပေါ်လာပေမယ့် မိဘကို စော်ကားတဲ့ သားသမီးတယောက်ကို မြင်ရတဲ့အတွက် ဒေါသဖြစ်မိပါတယ်။ တကယ့်အဖြစ်အပျက်လို့လည်း ဖော်ပြထားတာမို့ နောင်ကို ဒီလို တကယ့်အဖြစ်အပျက်တွေ ထပ်မံထွက်ပေါ်မလာပါစေနဲ့လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ်။

မူရင်း - http://jp.englishbaby.com/

အားနာလို့ပါ

မူလတန်းကျောင်းတကျောင်းရဲ့ စာသင်ခန်းတခုထဲမှာ ဆရာမလေးတယောက်က စိတ်ပညာနဲ့ ပတ်သတ်တဲ့ ဘာသာရပ်ကို ပို့ချဖို့ ကြိုးစားနေတယ်။ အတန်းစစချင်းပဲ သူက ကလေးတွေကို ပြောလိုက်တယ်။

ကလေးတို့ရေ .. မင်းတို့ထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်တဲ့သူ ရှိရင် မတ်တပ်ရပ်ပါ။

စက္ကန့်အနည်းငယ်ကြာတဲ့အထိ ဘယ်သူမှ လှုပ်ရှားမှုမရှိဘဲ နောက်ဆုံးတော့ ဂျွန်နီ ဆိုတဲ့ ကလေးလေးက မတ်တပ်ရပ်လိုက်သတဲ့။

ဆရာမလေးကမေးတာပေါ့။

ဂျွန်နီလေးရေ .. ကလေးက ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်တယ်ပေါ့ . ဟုတ်လား။

ဂျွန်နီလေးက ပြန်ဖြေလိုက်သတဲ့ .

မဟုတ်ပါဘူး ဆရာမ . တတန်းလုံးရဲ့ရှေ့မှာ ဆရာမ တယောက်ထဲ မတ်တပ်ရပ်နေတော့ အားနာလို့ပါ

လွဲချော်ခြင်း

ကျွန်မရဲ့ရင်ထဲက မေတ္တာနဲ့
ရှင့်ရဲ့ရင်ထဲက နားလည်မှု ...
တခုခုတော့ လွဲနေခဲ့ပြီ ထင်ပါရဲ့ ...
...........................
လွဲချော်မှုတွေနဲ့ နေသားကျနေတဲ့ကိုယ်
တည့်မတ်မှုတခုခုကို မျှော်လင့်ချင်မိတယ်
အရိုးစွဲနေတဲ့ ခံစားချက်နဲ့
နာကျင်မှုတွေ ပွေ့ပိုက်လို့ ..
.........
ရှင်မြင်နေခဲ့တာ အပြုံးတခုတဲ့လား ..
တကယ်တော့ ကျွန်မ နာကျင်နေခဲ့တာလေ ..
ရှင့်အမြင်နဲ့ ကျွန်မအထင်
တည့်တည့်ကို လွဲနေခဲ့တယ် ..
.......
သိပ်တော့မထူးဆန်းပါဘူးလေ
တကယ်တမ်းတော့
ကမ္ဘာကိုက ၂၃ ပိုင်းနဲ့ တခြမ်းတိတိ
စောင်းနေခဲ့ပြီးသားပဲ ...
၁ ဒီဂရီ ပိုစောင်းသွားရုံနဲ့တော့
ကျွန်မရဲ့ ခြေလှမ်းတွေ တိမ်းစောင်းမသွားနိုင်လောက်ပါဘူး ..

ကိုယ်ပိုင်ခံစားမှု ( ၅.၁.၂၀၁၀)

ကိုယ် ...
ကိုယ်ချစ်သလို ဘာလို့များ မချစ်နိုင်ကြပါလိမ့် ..
ကိုယ်မျက်ရည်ကျမိလောက်အောင် ခံစားနေခဲ့ချိန်မှာ
သူတို့ကရော သိနိုင်ပါ့မလား
ကိုယ့်ရဲ့ ချစ်ခြင်းက
ပူပြင်းစေချင်းမရှိစေရလို့
အကြိမ်ကြိမ်ကြွေးကြော်နေတတ်တဲ့ကိုယ်
ချစ်ခြင်းကြောင့်ပဲ ပူလောင်ရပြန်ပီ ..
အားလုံးထဲမှာ နင့်ကိုငါ အချစ်ဆုံးပါ ..
ကိုယ့်ဘ၀ကိုယ်ဖောက်
ကိုယ်လမ်းကိုယ်လျှောက်နေရတဲ့လူေ တွကြား
နင်စိတ်ချမ်းသာကိုရွေးခွင့်ရှိသ လို
ငါလည်း မခံစားတတ်အောင်
လေ့ကျင့်ဦးမှ ဖြစ်မှာပါပဲ ...
........................
( သူငယ်ချင်းလေးတစ်ယောက်အတွက် အမှတ်တရ )

ကိုယ်ပိုင်ခံစားမှု ( ၂၉.၁၂.၂၀၀၉ )

ချစ်သူရေ ..
လွမ်းတယ်ဟာ ..
ငါလွမ်းနေခဲ့ချိန်မှာ
နင်သတိရနေတယ်ဆိုတဲ့
ခံစားချက်လေးနဲ့တောင်
ကျေနပ်နေတတ်သူပါ
လွမ်းတယ် ..
ငါတို့နှစ်ယောက်ကြားမှာ
မမြင်နိုင်တဲ့သံယောဇဉ်ကြိုးလေးေ တွ
အထပ်ထပ်ရစ်တွယ်ထားတယ်
ဘယ်သူမှမမြင်နိုင်ရင်တောင်
နင်မြင်ဖို့တော့ ကောင်းပါတယ်
သိပ်ချစ်ပါတယ် ..
နင်ကြားအောင်လည်း အကြိမ်ကြိမ်ပြောချင်မိတယ်
နင်မြင်အောင်လည်း ငါငိုကြွေးပြလိုက်ချင်တယ်
တကယ်တမ်းလက်တွေ့ကျတော့
ငါ့နှုတ်ခမ်းတွေ ဆွံ့အလို့
ငါ့အာခေါင်တွေခြောက်သွေ့နေခဲ့တယ်
ချစ်သူတွေအားလုံးပျော်မြုးနေကြေ လရဲ့
အမှတ်တရနေ့လေးတွေကို
လက်ချိုးရေတွက်လို့
သူငယ်ချင်းတွေကပေးတဲ့ ကောင်းချီးသြဘာတွေ
လက်ခံယူရင်းနဲ့ ပျော်နေကြတယ်
လူသားတစ်ယောက်ဖြစ်တဲ့ငါ
သိပ်ချစ်တတ်တဲ့ငါ
ဂုဏ်ယူရင်းနဲ့ ၀င့်ကြွားလိုက်ချင်တာပေါ့
ဒါပေမယ့် .............................. .............
တကယ့်လက်တွေ့ဘဝ
အိပ်မက်နဲ့ကွာခြားလွန်းတော့ လည်း
ငါ့နှုတ်ခမ်းတွေတောင်
အသက်မဲ့နေတာကြာပြီ
ဟန်ဆောင်ရလွန်းတော့လည်း
အစစ်အမှန်ဆိုတာဘာလဲလို့
မခံစားတတ်တော့အောင်ပါပဲ
လွမ်းတယ်.. အရမ်းလွမ်းတယ်လို့
အကြိမ်ကြိမ်အခါခါ
အော်ဟစ်ပစ်လိုက်ချင်ရဲ့
တကယ့်လက်တွေ့မှာတော့
ရင်ထဲကငိုကြွေးမှု့တွေသိုဝှက်လို့ 
ငါ ဘာကြောင့်ပြုံးနေခဲ့တာလဲ ..
ငါ့ကိုယ်ငါထက် နင့်ကိုမှ
ပိုမြတ်နိုးခဲ့မိမှတော့
ငါအမက်မောဆုံးအရာကိုလည်း
နင့်ဆန္ဒတခုထဲနဲ့
စွန့်လွှတ်ဖို့ကြိုးစားနေတတ်ခြဲ့ ပီ ......

( အိပ်မက်ကလေးတခုအတွက် )

ကိုယ်ပိုင်ခံစားမှု ( ၅.၁.၂၀၁၀)

ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်လာတဲ့ဘဝ
ဘယ်တုန်းကမှ ထပ်တူမကျခဲ့တဲ့ ကိုယ်
ကံကြမ္မာတခုကို လောင်းကြေးထပ်လိုက်ပြန်ပီ ..
........
ကိုယ်ကပဲ ကြေကွဲတတ်နေတာလား
ကိုယ်ကပဲ လိုချင်စိတ်များနေခဲ့တာလား
ကိုယ်ရတာနဲ့ လိုချင်ခဲ့တဲ့အရာ
ထပ်တူမကျခဲ့တာတော့ သေချာသလောက်ရှိလေ ရဲ့ ..
...............
သိပ်ကိုလွမ်းနေခဲ့တယ် ..
ဒါပေမယ့် မင်းမမြင်နိုင်ခဲ့ဘူး ..
ကိုယ် ရင်ထဲက ရှိုက်နေခဲ့တယ် ..
ဒါပေမယ့် မင်းမကြားနိုင်ခဲ့ဘူး ..
မင်းကပဲ မမြင်ခဲ့တာလား..
ကိုယ်ကပဲနားမလည်နိုင်ခဲ့တာ လား ...
..............................
၂၀၁၀ ရေ ..
ဘာတွေဖြစ်မလဲ ...
သေချာတာတခုတော့ရှိတယ်
ကိုယ့်ရင်ထဲကအချစ်နဲ့
မင်းမြင်နေခဲ့တဲ့အချစ်
ထပ်တူမကျနိုင်သေးတာပဲ ...
.............................. .........
ဒီလိုနဲ့ပဲ
လွမ်းတယ် ချစ်သူရေ ....

အိပ်မက်ကလေးသို့( ၄ )

အိပ်မက်ကလေးရေ ...
ကိုယ့်ရင်နဲ့အမျှနာကျင်နေရ တာပါ ..
ဘာလို့များ မသိခဲ့တာလဲ
အိပ်မက်ကလေးရယ် ..
ဖျတ်ခနဲ အက်ကွဲသံလေးကြားလိုက်တယ်
ပြောတတ်လိုက်တာ
မင်းနှလုံးသားတဲ့လားလေ ..
ကိုယ့်အတွက် တောင်းတမိတာ
ကိုယ်မက်မောခဲ့တဲ့
တောင့်တခဲ့တဲ့
အရာလေးတခုထဲရယ်ပါ ..
အိပ်မက်ကလေးရယ်
ပဟေဠိဆန်လွန်းတယ်
အိပ်ပျက်ညတွေများရတဲ့ထဲ
ကိုယ့်အိပ်မက်လေးကြောင့်
ကြေကွဲရပြန်ပေါ့ .........

နာကျင်မှု

ရင်ထဲမှာနာကျင်နေတယ်
ဘယ်သူဖန်တီးလိုက်ပြန်ပါလိမ့်..
အမှတ်မရှိတဲ့ငါ
ကိုယ့်ကိုယ်ကိုပဲ ထိခိုက်ပြန်ပြီ ..။
....
မေတ္တာတရားတဲ့လား
ခါးလိုက်တာကွယ်
နားလည်မှုဆိုတာ ဝေးလို့
လိုက်လျောမှုလေးတောင်
မရခဲ့တာ ငါ့အမှားကြောင့်တဲ့လား.
.....
အချစ်တဲ့လား
ပူလောင်တယ်ကွယ်
ငါ့ကိုယ်ငါလည်း
လောင်မြိုက်ရလွန်းလို့
ပြာမှုန့်လေးတွေ ဖြစ်တော့မယ်
.....
ကြောက်နေမိတယ်
ဘာကြောင့်တဲလဲ
ငါမယုံတာနင်မဟုတ်ဘဲ
ငါ့ကံကြမ္မာကိုလေ ..
......
ကံကြမ္မာနဲ့ငါ
လောင်းကြေးထပ်နေရတဲ့ငါ
အချစ်ဆိုတာလည်း မယုံရဲတော့ဘူး...
မေတ္တာတရားဆိုတာလည်း
ကြောက်တတ်နေပြီ ..
....
ယုံကြည်မှုဆိုတာ
ပေးသင့်တဲ့သူနဲ့ မပေးသင့်တဲ့သူ
မခွဲခြားတတ်တဲ့ငါ
ကံကြမ္မာကို လောင်းကြေးမထပ်ရဲတော့ဘူး.. .
.............................. ..
တကယ်တော့..
ငါ လေ ...
ငါပဲ ...

ကိုယ်ပိုင်ခံစားမှု (၁၇.၁၂.၂၀၀၉)

ညဉ့်သန်းခေါင်ရဲ့ တိတ်ဆိတ်မှုတွေကြား အိပ်မက်ကလေးတခု မက်နေခဲ့တယ်..
အိပ်မက်ကလေးကလေ သိပ်ကိုနူးညံ့လွန်းလှချည်ရဲ့ ...
ကိုယ့်ရဲ့ ပင်ပန်းနေတဲ့နေ့ရက်တွေကြား အိပ်စက်ချိန်တောင်နည်းလွန်းတဲ့ကိုယ်
အိပ်မက်ကလေးနဲ့ ဝေးကွာခဲ့ရတာ ကြာခဲ့ပေါ့ ...
လက်တွေ့ဘ၀နဲ့ နေသားကျတော့မယ့်ကိုယ်
ရုတ်တရက်ပါပဲ.................. .............................. .............................. .......
ညည်းတွားသံ သဲ့သဲ့လေးကြားလိုက်ရတယ် ..
အသေအချာနားစွင့်လိုက်တော့
ကိုယ့်နှလုံးသားလေး ... ငိုရှိုက်လို့ပါလား ..
ဘာကြောင့်များလဲ ......
.............................. .........
အိပ်မက်ကလေးရဲ့အရိပ်တွေထဲ
ကိုယ် သည်းထန်စွာပဲ မိုးတွေရွာချပစ်လိုက်တယ် ..
ခနလေးအတွင်းမှာပဲ ....
ကိုယ့်ရဲ့ကောင်းကင်ကြည်လင်သွားေ လရဲ့ ...
အိပ်မက်လေးရယ်
အမျိုးမျိုးပဲ .. ဖန်တီးနိုင်စွမ်းရှိတယ် ...
အိပ်ရေးမ၀ခဲ့တဲ့ ကိုယ့်ညတွေတိုင်းအတွက်
မထူးဆန်းတော့တာတောင်မှ
အချိန်ပိုင်းလေးတခုတာ
နှစ်ခြိုက်မက်မောစွာ
အိပ်မက်ကလေးရဲ့ အရိပ်တွေကြား
ကြည်နူးခဲ့ရတဲ့ ကိုယ့်ရဲ့ နေ့လေးတနေ့
.............................. ...............
.............................. .........
.............................. .........
( နှစ်ခြိုက်စွာနဲ့ အိပ်မက်ကလေးထဲ အိပ်မောကျခဲ့ရတဲ့ နာရီပိုင်းလေးတခု )

ကိုယ်ရဲ့အတွေး ( ၃ )

ချစ်သူ ....
ရင်ထဲကတိုးဖွဖွခေါ်သံအဆုံး
ရင်ခုန်သံတွေအားလုံး
ကမ္ဘာဆုံးထိ လွင့်မြောသွားလေရဲ့ ..။
ပေးဆပ်ခြင်းတွေရဲ့ကြား
နေသားကျနေခဲ့တဲ့ကျွန်မ
မရယူတတ်တာ အပြစ်တဲ့လား...
မက်မောမိတဲ့အရာမှန်သမျှ
တစ်ကြိမ်တခါလေးတောင်မှ
မရခဲ့ဖူးတဲ့ကျွန်မ
ပိုင်ဆိုင်တတ်ဖို့အတွက်
မ၀ံ့မရဲဖြစ်ခဲ့မိတာ အပြစ်တဲ့လား ..
မုန်တိုင်းကြားမှာပြေးလွှားခဲ့ရတဲ့ကျွန်မ
လေပြေတချက်ဝေ့လာရင်တောင်
မုန်တိုင်းဖြစ်လာမလားလို့
ကြောက်တတ်ခဲ့တာ အပြစ်တဲ့လား...
အားလုံးကိုပျော်စေချင်ခဲ့တဲ့ကျွ န်မ
ရင်ထဲက ငိုကြွေးမှုတွေကိုဝှက်
မျက်ရည်တွေကို သိမ်းဆည်းရင်း
အားတင်းပြုံးပြခဲ့မိတာတောင်
နေနိုင်တဲ့ကျွန်မ ဖြစ်ရပြန်သတဲ့လားကွယ် ..
သေချာတာတခုကတော့
ကျွန်မရဲ့ကမ္ဘာတခု
၂ဒီဂရီပိုစောင်းသွားခဲ့တယ် ....

ကိုယ်ပိုင်ခံစားမှု ( ၁၁.၁၈.၂၀၀၉ )

အချစ်... မေတ္တာ ... သံယောဇဉ် ... တဲ့
ကျွန်မဘ၀မှာ အများကြီး တွေ့ခဲ့ရဖူးတယ်။
ချစ်တယ်လို့ တဖွဖွပြောနေပေမယ့် အတ္တသိပ်ကြီးတဲ့လူတွေ..။
မေတ္တာတရားနဲ့ အေးချမ်းနေစေမယ်လို့ ကြွေးကြော်ရင်းနဲ့ ပူလောင်မှုတွေကိုပေးနေတဲ့လူ တွေ ..။
သံယောဇဉ်တခုထဲနဲ့ အရာရာကို ရင်ဆိုင်လို့ စောင့်ရှောက်နေတဲ့ ချစ်တဲ့သူငယ်ချင်းလေးတွေ ..။
ကြာလာတော့လည်းလေ .. စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ဘ၀ကြီးမှာ...
ကျွန်မကြောင့် နာကျင်ခဲ့ဖူးတဲ့သူတွေကိုလည်း တောင်းပန်ပါရဲ့....။
ကျွန်မကြောင့် ပျော်ရွှင်ခဲ့ဖူးတာတွေလည်း ရှိမယ်ထင်ပါရဲ့ ...။
အချစ်ဆိုတဲ့နေရာမှာ... အမျိုးသားအမျိုးသမီး ချစ်သူ သမီးရည်းစား ချစ်ခြင်းမျိုး၊ သူငယ်ချင်း ညီအကို မောင်နှမ ချစ်ခြင်းမျိုး၊ အလုပ်ရှင် အလုပ်သမား ချစ်ခြင်းမျိုး၊ မိဘနဲ့ သားသမီး ချစ်ခြင်းမျိုး... အမျိုးမျိုးပါပဲ ...
ကျွန်မ ပုံစံမျိုးစုံနဲ့ လက်ခံခဲ့ဖူးသလို ပုံစံမျိုးစုံနဲ့ပြန်ပေးခဲ့ဖူးတ ယ် .....
အရိုးသားဆုံး ချစ်မြတ်နိုးခဲ့ဖူးသလို ဟန်ဆောင်မှုတွေလည်း ပြန်ရခဲ့ဖူးတယ် ..
ကျွန်မဘက်က အရိုးသားဆုံးနဲ့ ထားခဲ့ဖူးတဲ့ မေတ္တာတရားတွေအပေါ်မှာလည်း အစော်ကားခံခဲ့ရဖူးတယ်..။
ဘယ်လိုနာကျင်မှုမျိုးနဲ့ပဲ ကြုံတွေ့ရပါစေ.. တချိန်တခါလေးတော့ ပျော်ရွှင်မှုဆိုတာလေး ရခဲ့တဲ့အတွက် အဲ့ဒီလူရဲ့ ကောင်းကွက်ကလေးနဲ့ ပဲ ပြန်ဖြေသိမ့်လိုက်ပါတယ်။
မရည်ရွယ်ဘဲနဲ့ တစုံတစ်ယောက်ကို ထိခိုက်စေခဲ့တယ်ဆိုရင်လည်း သူ့ရင်ထဲက နာကျင်မှုထက် ကိုယ့်ရင်ထဲမှာ နာကျင်ရတာ ပိုနေတာ နားလည်နေပြန်တော့ ဘယ်သူ့ကိုသနားရမယ်မသိ ..။
လောလောဆယ်ဒီရက်ပိုင်းတော့ ကျွန်မစိတ်တွေ တအားရှုပ်ထွေးနေလေရဲ့ ... ။
လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ပြီး ခနလောက် နားလိုက်ရရင်တော့ စိတ်တွေ ပြေပျောက်သွားဦးမှာ...။
တစ်ယောက်ထဲနေခဲ့ဖူးတဲ့ တိတ်ဆိတ်မှုလေးတွေကနေ ပျော်ရွှင်တဲ့ဘ၀လေးတခုထဲ ၀င်ရောက်လာတယ်..။
ပျော်ရွှင်တဲ့ဘ၀လေးထဲမှာပဲ ကျွန်မ အမျိုးမျိုး ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ နောက်ပိုင်း ကျွန်မ မပျော်ရွှင်တော့ပြန်ဘူး..။
ပျော်ရွှင်မှုတွေချည်းပဲ အမြဲမပိုင်ဆိုင်နိုင်ဘူးဆိုတဲ့ စကားက လက်တွေ့မှာ မှန်သလို ရှိပေမယ့် ကျန်ရစ်ခဲ့တဲ့ နာကျင်မှုတွေက တော်တော်ကြာစွဲမြဲနေပြန်တော့ ကျွန်မ မှန်ကန်မှုတွေကို မုန်းလာပြန်တယ်..။
နွေးထွေးတဲ့ အသိုက်အ၀န်းလေးထဲမှာ .. ပြီးတော့ ကြင်နာမှုတွေကြားထဲမှာ ပျော်မွေ့နေတတ်ပီဖြစ်တဲ့ ကျွန်မ ...
အဆိပ်တွေပါနေခဲ့တာ သိတာတောင်မှ အဲ့ဒီအဆိပ်တွေကိုပဲ မက်မက်မောမော သောက်သုံးလို့ ...။
ကျွန်မ ဘာလုပ်သင့်လဲဆိုတာကို စဉ်းစားရင်းနဲ့ ဘာမှကို မလုပ်ချင်တော့တဲ့ စိတ်ဓာတ်တွေ ပြင်းထန်လို့နေပြန်ရဲ့ ..။
တကယ်လို့များ အတိတ်ဘ၀က နာကျင်မှုတွေ ပါလာရမယ့်ကံ ဖြစ်ခဲ့ရင်တောင် ဒီဘ၀မှာ ဒီလောက်နဲ့ပဲ .......

အိပ်မက်ကလေးသို့( ၃ )

အိပ်မက်ကလေးရေ ..
ကိုယ့်ရဲ့နေ့ရက်တွေမှာ မင်းအမြဲရှိနေခဲ့တယ် ။
ကိုယ့်အိပ်မက်ကလေးတွေ ချိုနေသလို
ကိုယ့်ရဲ့စိတ်ကူးတွေလည်းလှပနေခဲ့ တယ်..။
ကိုယ့်ရဲ့နေ့ရက်တွေ သိပ်ပင်ပန်းနေခဲ့တာတောင်
ကိုယ့်အိပ်မက်ကလေးအတွက်ကြောင့်
ကြည်နူးနေခဲ့ရတယ် .. ။
နူးညံ့လွန်းလှတဲ့ ချိုအီလွန်းလှတဲ့
အိပ်မက်ကလေးရဲ့ အရိပ်ထဲမှာ
ကိုယ်အိပ်စက်ပျော်ဝင်ခဲ့တယ် .. ။
ဘယ်လိုအရာမျိုးနဲ့မှ
မလဲယူနိုင်လောက်အောင်ပဲ
အိပ်မက်ကလေးရေ ..
ကိုယ်လေ ....
.............................. ..
သိပ်တန်ဖိုးထားတယ်။

အိပ်မက်ကလေးသို့( ၂ )

အိပ်မက်ကလေးရေ ..
အကြင်နာတွေ ယုယမှုတွေ ချိုမြိန်မှုတွေကြား
မျောလွင့်နေခဲ့ရပြန်ပြီ ...။

ကိုယ့်ရဲ့အိပ်မက်လေးတွေ
ရဲရင့်တောက်ပနေပြန်ပြီလေ ... ။
ကျွန်မရဲ့ အိပ်မက်လို့ မပြောရဘူး ..
သိပ်ကို ပဟေဠိဆန်တတ်တယ် ..

လျှို့ဝှက်လွန်းတဲ့ အိပ်မက်လေးရယ် ...။
မင်းပေးတဲ့ခံစားချက်တွေကြား နိုးတ၀က်နဲ့ အိပ်ရေးတွေပျက်လို့ပေါ့.
မင်းရဲ့ရဲရင့်မှုတွေကြောင့် ..
ကိုယ်လေ ...
တက်ကြွနေခဲ့ပြန်တယ် ...
အိပ်မက်လေးရေ ...
.............................. .......
.............................. .............................. .

အိပ်မက်ကလေးသို့( ၁ )

အိပ်မက်ကလေးရေ ..
ဝိုးတ၀ါးညဉ့်နက်တွေထဲမှာ
ပြင်းပြမူးယစ်စေတဲ့
ရှတတ၀ိုင်တခွက်ကို
တစိမ့်စိမ့်သောက်သုံးနေရသလို
မင်းကိုယ့်ကိုစွဲလန်းစေခဲ့ တယ် ..။

ချိုမြတဲ့ဝိုင်တခွက်အတွက်
ခါးသက်တဲ့မူးယစ်မှုတွေနဲ့
ဆွဲညှို့တဲ့ရီဝေမှုတွေ..
ကိုယ့်ရဲ့ ..
စဉ်းစားနိုင်စွမ်းတွေ ..
ပျောက်ဆုံးနေခဲ့ရပြီ ..

ကိုယ့်ရဲ့သိစိတ်တွေအားလုံး
ရီဝေမှုတွေရဲ့ကြားပျောက်ဆုံးခဲ့ရ တာတောင်
ချိုမြတဲ့ဝိုင်တခွက်ရဲ့ ခါးသက်တဲ့အရသာတွေကြား
နစ်မြုပ်နေခဲ့ပြီဖြစ်တဲ့ကိုယ်
တချိန်ချိန်မှာတော့
...
အိပ်မက်ကလေးက
အမူးပြေစေအောင်
ကိုယ့်ကို စွမ်းဆောင်နိုင်ကောင်းပါရဲ့  ...။
...
အိပ်မက်လေးရေ..
မူးယစ်အောင်လည်း
မင်းဖန်တီးခဲ့သလို
စွဲလန်းအောင်လည်း
မင်းအိပ်မွေ့ချခဲ့တယ်..
တနေ့နေ့တော့ ...
တချိန်ချိန်မှာတော့ ...
.....
အိပ်မက်လေးရေ ....
.............................. .....

မေမေ့သို့ ( ၁ )

ချစ်သောမေမေ ..

မေမေ့ကိုသမီးလွမ်းနေခဲ့တယ် .. မိုးလင်းလင်းချင်း မေမေ့ရဲ့အသံလေးကြားချင်လို့ ဖုန်းဆက်လိုက်မိပြီးနောက် မျက်ရည်ကျတဲ့ထိ လွမ်းတယ်မေမေရယ် .. သမီးဖုန်းဆက်တိုင်းမှာ နေကောင်းတယ်.. အဆင်ပြေတယ်.. စိတ်မပူနဲ့လို့ အမြဲ ပြောနေခဲ့ပေမယ့် တကယ်ရောနေကောင်းရဲ့လားမေမေ .. တကယ်ရော အဆင်ပြေရဲ့လားမေမေ.. ဖုန်းဆက်တိုင်း သမီးရဲ့ခံစားချက်တွေ .. သမီးရဲ့အလုပ်အကြောင်းတွေ ပြောရင်း အချိန်ကုန်သွားခဲ့တယ်နော် .. တကယ်စိတ်ပူနေပါတယ်မေမေရယ် .. ကလေးဘ၀ထဲကနေ ဒီအချိန်ထိ တစ်ယောက်ထဲရုန်းကန်လာရတဲ့ မေမေ့ရဲ့ မေတ္တာတွေ .. ဖတဆိုးသမီးလေးအတွက် မေတ္တာဆိုတာ ချို့တဲ့မှုမရှိအောင် နွေးထွေးစောင့်ရှောက်ယုယခဲ့တဲ့ေ မမေ.. လွမ်းလိုက်တာမေမေရယ် .. ထမင်းမစားချင်လို့ ဂျီကျတိုင်း ခွံ့ကျွေးတဲ့မေမေ .. မနှစ်ကပြန်တော့ တရက်မှ မလစ်ဟင်းရအောင် သမီးလေးနားမှာပဲနေမယ်လို့ ပြောရင်း သွားလေရာတကောက်ကောက်လိုက်ပေးတဲ့ မေမေ .. မေမေရေ .. အရမ်းလွမ်းနေတယ် .. မငိုချင်ဘူး မေမေရယ် .. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓာတ်ကိုမှ သဘောကျတဲ့ မေမေ့သမီး အဲ့လိုစိတ်ဓာတ်မျိုးဖြစ်အောင် မေမေကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာလေ .. ချစ်တယ်မေမေရယ် ..
မေမေပေးတဲ့အားအင်တွေနဲ့ သမီးရဲ့နေ့ရက်တွေကို ရင်ဆိုင်နေတယ် .. ပျော်ရွှင်တဲ့နေ့ရက်တွေကိုပဲ ဖြတ်သန်းနိုင်ဖို့ ဘ၀ဆိုတာကို အပြုံးနဲ့ရင်ဆိုင်နိုင်ဖို့  မေမေသင်ပေးခဲ့တာတွေ အမြဲအမှတ်ရနေတယ်မေမေ ..
စိတ်ဆတ်လွန်းတဲ့မေမေ့သမီးကို အေးချမ်းတတ်လာအောင်လည်း မေမေပဲသင်ပေးခဲ့တာနော် .. အရာရာကို မေတ္တာတရားနဲ့သာ ဆက်ဆံတတ်ဖို့သင်ကြားပေးခဲ့ သလို မေမေ့သမီး ၀ါသနာပါတဲ့အရာမှန်သမျှကို ထိန်းကျောင်းပေးရုံကလွဲလို့  မပိတ်ပင်တတ်တဲ့ မေမေ .. မေမေရေ .. ဘာကြောင့်လဲ .. သမီးတအားလွမ်းနေတယ် .. မေမေရဲ့ ကြင်နာတဲ့အသံလေးကို ကြားချင်တယ် .. မေမေ့ကိုဖက်ပြီးအားတွေယူချ င်တယ် .. မိသားစုနဲ့ ခွဲနေရပေမယ့် မေမေ့သမီး တရက်မှ မမေ့ပါဘူး မေမေ .. သမီးကြိုးစားနေတာတွေက သမီးတို့မိသားစုလေး အေးချမ်းဖို့ပါမေမေ .. ငွေရေးကြေးရေးထက် မေမေ့သမီးလေး နေရာတခုမှာ ဂုဏ်သိက္ခာရှိရှိရပ်တည်နေနိုင်တာ ကို မေမေ ကျေနပ်တယ် .. မေမေ့သမီးက ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဆို တာကို မေမေဂုဏ်ယူတယ်လို့ အမြဲပြောတတ်တဲ့ စကားတွေအတွက် မေမေ့သမီး အမြဲကြိုးစားနေပါတယ်မေမေ .. လွမ်းလိုက်တာ မေမေရယ် .. သမီးကိုပျော့ညံ့တဲ့မိန်းကလေးတစ် ယောက်မဖြစ်စေဖို့၊ မာနဆိုတာနဲ့ အတ္တဆိုတာနဲ့ ခွဲခြားတတ်ဖို့၊ မေတ္တာတရား ထားတတ်ဖို့၊ ခွင့်လွှတ်ကြေအေးတတ်ဖို့ .... အစစအရာရာအကောင်းဆုံးစံပြအေ နနဲ့ ရပ်တည်ပေးတဲ့မေမေ .. မေမေ့သမီးလေး မေမေရဲ့ခြေရာကိုတစ်ဝက်လောက်မီအောင် ကြိုးစားနေပါတယ် .. မေမေကျန်းမာစွာနဲ့ သမီးလေးနဲ့တူတူနေနိုင်မယ့်ရက်တွေကို သမီးမျှော်လင့်ရင်း ကြိုးစားနေပါတယ် မေမေရယ် .. မေမေ့သမီးလေး မေမေ့ရင်ခွင်ထဲ ပြန်နေနိုင်မယ့်ရက်တွေကို ကျန်းမာစွာနဲ့ စောင့်နေပါနော် .. မေမေရေ .. အရမ်းချစ်တယ် .. မေမေ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေလို့ နေ့တိုင်းဆုတောင်းရင်း မေမေ့ခြေဖမိုး နှဖူးနဲ့တိုက်လို့ ဦးခိုက်ပါတယ်မေမေ .. မေမေ ကျန်းမာပျော်ရွှင်ပါစေ။

မေမေ့ရဲ့ချစ်သမီးလေး

ကိုယ်ရဲ့အတွေး ( ၂ )

ဘ၀မှာ ဖြစ်သင့်တာအားလုံးကို ဦးစားပေးပြီး ကြိုးစားနေခဲ့တဲ့ကျွန်မ
ဖြစ်ချင်တာလေးတခုလောက်တော့ ဖြစ်ခွင့်ရချင်တယ် .

ကျွန်မအပေါ်မှာ နားအလည်နိုင်ဆုံးကလည်း ရှင်ဖြစ်သလို
ကျွန်မအပေါ်မှာ နားမလည်နိုင်ဆုံးကလည်း ရှင်ဖြစ်နေခဲ့တယ် .

ဘ၀ဆိုတာကို သတ်မှတ်ချက်တခုလို ပုံသွင်းထားခဲ့တဲ့ ကျွန်မ
ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အခါ ...

.............................. .......

ကိုယ်ရဲ့အတွေး ( ၁ )

ကိုယ်မရဘူးထင်ခဲ့တဲ့အချိန် မှာ အတင်းပေးခဲ့ကြတယ် ..
ကိုယ်ရပြီထင်တဲ့အချိန်မှာ အတုအယောင် ဖြစ်နေခဲ့ပြန်ရော ..

ပြုံးပြတယ်ထင်လို့ နှုတ်ဆက်လိုက်တယ် ..
ခပ်တည်တည်မျက်နှာလွှဲသွားကြ လေရဲ့ ..

ငိုကြွေးတယ်ထင်လို့ နှစ်သိမ့်ပေးခဲ့တယ် ..
မျက်ရည်တောင်မခြောက်သေးဘဲ ကန်ထွက်သွားကြပြန်တယ် ..

အားငယ်တယ်ထင်လို့ ပခုံးတဖက်ငှားလိုက်မိတယ် ..
အစွယ်ထက်တဲ့သွားတွေနဲ့ ကိုက်သွားကြလေရဲ့ ..

မေတ္တာတရားတွေ ဝေမျှခဲ့တယ် ..
ဘာဖြစ်လို့ခြေစုံကန်သွားကြ တာလဲ ...

ပြောပြန်ရင်လည်း နယူတန်ပဲ ခလုတ်တိုက်ရဦးမယ် ..
သက်ရောက်မှုတိုင်းရဲ့ တန်ပြန်သက်ရောက်မှုတွေက
ငါ့အတွက်တော့ တဖက်စွန်းကျလားချည်လား ......