Friday, March 26, 2010

လွဲချော်ခြင်း

ကျွန်မရဲ့ရင်ထဲက မေတ္တာနဲ့
ရှင့်ရဲ့ရင်ထဲက နားလည်မှု ...
တခုခုတော့ လွဲနေခဲ့ပြီ ထင်ပါရဲ့ ...
...........................
လွဲချော်မှုတွေနဲ့ နေသားကျနေတဲ့ကိုယ်
တည့်မတ်မှုတခုခုကို မျှော်လင့်ချင်မိတယ်
အရိုးစွဲနေတဲ့ ခံစားချက်နဲ့
နာကျင်မှုတွေ ပွေ့ပိုက်လို့ ..
.........
ရှင်မြင်နေခဲ့တာ အပြုံးတခုတဲ့လား ..
တကယ်တော့ ကျွန်မ နာကျင်နေခဲ့တာလေ ..
ရှင့်အမြင်နဲ့ ကျွန်မအထင်
တည့်တည့်ကို လွဲနေခဲ့တယ် ..
.......
သိပ်တော့မထူးဆန်းပါဘူးလေ
တကယ်တမ်းတော့
ကမ္ဘာကိုက ၂၃ ပိုင်းနဲ့ တခြမ်းတိတိ
စောင်းနေခဲ့ပြီးသားပဲ ...
၁ ဒီဂရီ ပိုစောင်းသွားရုံနဲ့တော့
ကျွန်မရဲ့ ခြေလှမ်းတွေ တိမ်းစောင်းမသွားနိုင်လောက်ပါဘူး ..

0 comments:

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။