Saturday, August 27, 2011

ကလေးဘ၀ အမှတ်တရ ( ၁ )

ပထမဦးဆုံး စချက်ဖူးတဲ့ ဟင်းလေးတခွက်၊ မှတ်မိပါသေးရဲ့။
အပူလောင်မှာစိုးလို့ မေမေက မီးဖိုထဲတောင် မ၀င်ခိုင်းပေမယ့် တစက္ကန့်တောင် အညိမ်မနေနိုင်တဲ့အကျင့်လေးနဲ့ ကိုယ်။
သုံးတန်းနှစ်မှာ ဟင်းစချက်ဖူးပါတယ်။ မေမေချက်ရင် ဘေးကနေ လိုက်စပ်စုပြီး မှတ်ထားတတ်တဲ့ အကျင့်လေးကရှိတော့ ကိုယ့်ကိုယ်ကိုယ်တော့ အဟုတ်ပေါ့။
ပထမဦးဆုံး စချက်ဖြစ်တာ မှတ်မှတ်ရရ ဘဲဥချဉ်ရည်ဟင်း။
ဘဲဥကိုပြုတ်တယ်။ အခွံခွာတယ်။ ဘဲဥပြုတ်ထားတုန်းမှာ မန်ကျည်းသီးစိမ်းတယ်။ ငရုတ်သီး ကြက်သွန်ထောင်းတယ်။
နောက်ပုဇွန်ခြောက်ထောင်းတယ်။ ( အနော်တို့အိမ်မှာက ပုဇွန်ခြောက်ထောင်းပြီး ထည့်ချက်လေ့ရှိတယ်။ ထောင်းပြီးသား ပုဇွန်ခြောက်တ၀က်၊ အကောင်လိုက်တ၀က်ပေါ့ ) အဲ့လိုမျိုး ဟုတ်တိပတ်တိနဲ့ ပြင်ဆင်နေတော့ မေမေကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။
အဲ့ဒါနဲ့ ဆီသတ် မန်ကျည်းသီးနှစ်လေးထည့်၊ ငံပြာရည်လေးထည့်၊ အချိုမှုန့်လေးထည့်၊ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာ။
နောက် မေမေတို့ အိမ်ရှေ့ကနေစောင့်နော်၊ ဟင်းနံ့နံမယ်ပေါ့ .. အဟိ။
အဲ့ဒါနဲ့ မေမေတို့က အိမ်ရှေ့ခန်းကနေ စောင့်တာပေါ့နော်။
၁၅ မိနစ်နဲ့လည်း သူ့သမီး အိမ်ရှေ့မထွက်။ မိနစ် ၂၀ နဲ့လည်း ပေါ်မလာ။ နာရီဝက်နဲ့လည်း အသံမကြားနဲ့ စိတ်ပူပြီး နောက်ဖေးမီးဖိုချောင်ထဲ ပြန်ဝင်လာပါလေရော။
အဲ့ကျမှ မီးလေး ဘာလုပ်နေတာလဲလို့လည်း မေးရော ... ဘဲဥချဉ်ဟင်း ရေမခန်းသေးလို့ ထိုင်စောင့်နေတာတဲ့လေ ။
ဟီးးး ... တော်ချက်။
ဘဲဥချဉ်ဟင်းကို ရေတဖလားထည့်ပြီး ရေမခန်းမချင်းထိုင်စောင့်တာ နာကွ .. ဟိ . ဟိ

2 comments:

CharTakeGy! said...

ဟားဟား.. သယ်ကောင်းတဲ့ ဘဲဥချဉ်ဟင်း ပါလား အမ ရာ...:P

အနော် said...

ဘဲဥ နဲ့ပတ်သတ်ရင် အနော့်မှာလဲ ငယ်ဘဝ ဟာသတွေရှိတယ် သိလား..
ငယ်ငယ်က ထမင်းစားရင် ဘဲဥ တခြမ်းပဲ စားရတော့ အမေ့ကိုပြောဖူးတယ်..
သမီးကြီးလာလို့ ပိုက်ဆံတွေရရင် ဘဲဥကို သေတ္တာလိုက် ဝယ်စားမယ်လို့ ပြောဖူးတယ်.. အခုတော့လဲ ကိုယ်ရှာတဲ့ပိုက်ဆံတွေ ရှိလာပေမဲ့ ဘဲဥတော့ သေတ္တာလိုက် ဝယ်မစားဖြစ်ပါဘူး.. ဒါပေမဲ့ လူစုံရင် အဲ့ဒီအကြောင်းက ရီစရာမောစရာပြန်ဖြစ်သွားတယ်..
ကလေးဘဝ အမှတ်တရတွေက ပြန်တွေးရင် ပျော်ဖို့ကောင်းတယ်..
ဆက်ရေးနော်

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။