Wednesday, March 30, 2011

လွယ်ကူရိုးရှင်းတဲ့ နှစ်ပင်လိမ်ခရိုရှေးထိုးနည်း ..

ဒီပို့စ်မှာတော့ နှစ်ပင်လိမ်ထိုးနည်းလို့ ခေါ်ကြတဲ့ Double Stich ထိုးနည်းကို မိတ်ဆက်ပါ့မယ် ...
တပင်လိမ်ထိုးနည်းကိုရပြီဆိုရင် မခက်ပါဖူး ... ကျွန်မအမြဲ ထည့်ပြောလေ့ရှိတဲ့စကားလေး ရှိပါတယ် .. လက်ညိမ်အောင်သာ ကျင့်ပါ ......



ပထမဦးဆုံး အပေါ်ကပုံအတိုင်း ဖြစ်လာဖိုအတွက်ကို ကျွန်မတို့ . ကျစ်ဆံမြီးလေးအရင်ထိုးထားရပါမယ် .. ကိုယ်လိုချင်တဲ့အရှည်ရောက်ပြီဆိုရင် .. နှစ်ပင်လိမ်စယူလို့ရပါပြီ ... ကျစ်ဆံမြီးအဆုံးကနေ နောက်ကိုပြန်လှည့်ပြီး ယူသွားမှာဖြစ်ပါတယ် .. အပ်ဖျားလေးနဲ့ ချည်ကို တချက် ကော်ပြီး ယူသိမ်းထားပေးပါ ... ပြီးတဲ့အခါမှာ နောက်တချက် ယူဖို့အတွက်ကို .. ကျစ်ဆံမီးလေးကို နှစ်ခုကျော်ပြီးမှ ကျစ်ဆံမြီးထဲကနေ ပုံပါအတိုင်း ချည်ကို နောက်တချက်ယူပေးရပါမယ် ...


သုံးခုမြောက်ကျစ်ဆံမြီးကနေ ကျော်ယူထားတဲ့ချည်ရယ် .. ပထမတခါ အပ်ဖျားလေးနဲ့ ယူထားတဲ့ချည်ရယ် .. ဆိုရင် နှစ်ကွင်းဖြစ်နေပါပြီနော် ... နောက်ထပ်တချက်ကို အပ်ဖျားလေးနဲ့ ယူပေးရပါမယ်.. ယူလို့ရလာတဲ့ ချည်ကို ခုနက ကွင်းလေးနှစ်ခုကိုလျှိုပြီး ပထမဆုံးစယူလိုက်တဲ့ကျစ်ဆံမြီးထိပ်ကွင်းလေးကနေ ဆွဲထုတ်ယူလိုက်ပါ ... အဲ့ဒါဆိုရင်တော့ ပုံပါအတိုင်း နှစ်ပင်လိမ်လေးတခုရပါပြီ ...


တခုပြီးတခုဆက်ထိုးသွားပေးပါ ..... လက်မညိမ်ရင်မညိမ်သလို စောင်းတာရွဲ့တာတွေ စတင်ရင်ဆိုင်လာရမှာဖြစ်ပါတယ် .. သတိပြုရမှာတခုက ချည်ကို အပ်ဖျားနဲ့ယူတဲ့အခါ အောက်ဘက်ကနေ အပေါ်ကို ပြန်ယူပေးဖို့ပါနော် ... ပြောင်းပြန်ယူမိရင် အချိုးမကျဖြစ်နေပါလိမ့်မယ် ...



စယူလာခဲ့တဲ့ ကျစ်ဆံမြီး ထိပ်ဖျားထိ ပြန်ရောက်သွားပြီဆိုရင်တော့ အပေါ်ကိုနောက်တဆင့်တက်ပေးရမှာဖြစ်ပါတယ် ..



တဆင့်ပြီးတဆင့်ဆက်ယူပေးသွားရင်း နောက်ဆုံးမှာတော့ ဒီလိုမျိုးလေးကို ရလာမှာဖြစ်ပါတယ် ...




ဦးထုပ်ထိုးရန် ကြံစည်နေသူများ ... မာဖလာထိုးဖို့ ကြံရွယ်နေသူများ ... ဝေ့စကုတ်လေးဆို ဘယ်လိုနေမလဲဆိုပြီး စဉ်းစားနေတဲ့ မမများ ..... ဒီအဆင့်လေးကို လက်ညိမ်အောင် လေ့ကျင့်ပေးပါလို့ .. ထပ်မံတိုက်တွန်းပါရစေ ...

ဒီနေ့ ....

puúLay:rSm aywHoHk;jyD; rsO;fajzmifUwpfaMumif;qGJMunfUyg/ ajzmifUpif;aerSmyg/
ckeu MuufOay:rSm rsOf;ajzmifU qGJMunfUr,fqdk&ifaum ....

qGJvdkU&rSmr[kwfygbl;/ / tu,fí tJ'DMuufOay:rSm rsOf;ajzmifU qGJvdkU&&ifawmU tJ'drsOf;[m rsOf;ajzmifUr[kwfygbl;/ rsOf;auG;yJ jzpfrSmyg/bmvdkUvJqdkawmU rsufESmjyifu cHk;aevdkUav .....

rsOf;ajzmifUwpfaMumif;&csif&if tajcnDwJU rsufESmjyif&Sd&r,f/
pdwfaumif; apwemaumif;eJU tvkyfvkyfwJUtcgrSm tjypfrjzpfapcsif&ifawmU tajcnDwJU rsufESmjyifjzpfaezdkUawmU vdkwmaygU

ကျွန်မရင်ထဲကနေ လက်ရှိဖြစ်နေတဲ့ စဉ်းစားမိနေတဲ့အရာတွေနဲ့ ဆက်စပ်လို့ပေါ့လေ .. တွေးဖြစ်သွားတယ် ..

ဒီရက်ပိုင်း ကျွန်မရဲ့ လူမှုပတ်ဝန်းကျင်ထဲကနေ ထွက်သွားချင်လောက်တဲ့ထိ စိတ်တွေရှုပ်နေခဲ့တယ် ...
ဘယ်လိုမှ ရွေးချယ်ခွင့်မရှိနိုင်တဲ့ လမ်းကြောင်းတခု .. ရွေးချယ်ခွင့်မရှိတာထက် ရွေးဖို့ကို ဘေးကြပ်နံကြပ် ..
ဒီတခုကို ငါ ရင်မဆိုင်ချင်ရင် တဘက်လမ်းကလျှောက်ရမယ် .. လျှောက်သင့်ရဲ့လားဆိုတာ ပြန်စဉ်းစား ....
ကျွန်မလျှောက်ဖို့အင်အားမရှိခဲ့ဖူး ... ဆိုတော့ကာ ရင်ဆိုင်မှကိုရတော့မယ် .. ဒါလက်ရှိအနေအထား ...

အဲ့ဒီရင်ဆိုင်ရမယ့်ကိစ္စတခုအတွက် ကြည့်ပြန်တော့ကာ ကြက်ဥပေါ်မှာ မျဉ်းဆွဲရတဲ့အခြေအနေ ..
ကိုယ်ကပဲ မပြည့်ဝတာပဲလား .. ကျွန်မဘာမှားလဲ .. ပြန်သုံးသပ်တယ် .. ကျွန်မရဲ့ အဓိက အားနည်းချက် .....
ကျွန်မ ရန်မများချင်ဖူး ... အဲ့ဒီတော့ကာ .. လူပါးဝသမျှခံနေရပြန်ရော .. ခံနေရလို့ ကျွန်မငြိမ်းချမ်းနေလား .. ဟင့်အင်း ... နိုးဝေးး . ကိုယ်က စိတ်ထက်တဲ့လူဖြစ်နေပြန်ရော .. အစွန်းနှစ်ဘက်မှာ ကျွန်မ တကိုယ်ထဲနဲ့ ၀ိဝါဒ ကွဲပြားနေပြန်ရော ....

ကျွန်မမေမေဆုံးမဖူးတယ် .. ကိုယ်ကောင်းရင်ခေါင်းမရွေ့ဖူးတဲ့ ... ပြီးတော့ သည်းခံဖို့မေတ္တာအေးတရား ....
စိတ်ထက်လွန်းတဲ့ကျွန်မ .. အဆုံးရှိသရွေ့သည်းခံတော့ နောက်ဆုံးရလဒ် .. ကျွန်မဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အခါ .. ကျွန်မသိပ်ပူလောင်တယ် .. သည်းခံပေမယ့်လည်း တကယ့်ကို ကြက်ဥပေါ် မျဉ်းဖြောင့်ဆွဲရသလိုပဲ .. ဘာတွေမှားလဲ .. ဘာတွေပြင်ရမလဲ .. ဘာလုပ်သင့်လဲ ...

သည်းခံခြင်းဆိုတာ အရာရာကို အောင်နိုင်စေသတဲ့ .. တကယ်ရောဟုတ်ရဲ့လား ..
ဦးတည်ရာလမ်းကြောင်းတခုအတွက် လျှောက်လှမ်းနေတဲ့ကျွန်မ .. ကြုံရတဲ့ ခလုတ်ကသင်း သိပ်များလွန်းတယ် .. လောလောဆယ်အကြီးမားဆုံးဝဋ်ဒုက္ခတခု .. ကျွန်မဘယ်လိုရင်ဆိုင်သင့်လဲ .. ဘယ်လိုရင်ဆိုင်ရမလဲ ..
ဘာတွေလုပ်သင့်လဲ ... ကျွန်မမှာပဲ လိုအပ်နေသေးတာလား ... ကျွန်မကပဲ မပြည့်ဝသေးတာလား ..........
.................................................. .................................................. ................................
ဘယ်လိုမှကို သည်းမခံနိုင်လောက်အောင်ပါပဲ .................................................. .......

Tuesday, March 22, 2011

လွယ်ကူရိုးရှင်းတဲ့ တပင်လိမ်ထိုးနည်း

ဒီနေ့အတွက်တော့ တပင်လိမ်နည်းလို့ အလွယ်ခေါ်လေ့ရှိတဲ့ ထိုးနည်းလေးကို ဆက်သွားကြရအောင်နော် ..
ပထမဦးဆုံးအတွက် ပြီးခဲ့တဲ့တခေါက်တုန်းက ကျစ်ဆံမြီးထိုးနည်းလေးကို လေ့ကျင့်ခဲ့ကြတယ် မဟုတ်လား ..
ကိုယ်လိုချင်တဲ့အရှည်တခုရတဲ့ထိ ကျစ်ဆံမြီးလေးကို အရင်ထိုးထားရပါမယ် . ဥပမာ ကျစ်ဆံမီးပေါင်း အခု ၅၀ ဆိုတာမျိုးပေါ့ ..
လက်ညိမ်ရင်ညိမ်သလို ထိုးရခက်တာ လွယ်လာတာဆိုတာကို ဒီ တပင်လိမ်နည်းလေးမှာ စသိလာရမှာဖြစ်ပါတယ်...
အခုပထမဦးဆုံး လေ့ကျင့်ရုံအတွက်ကတော့ ကျစ်ဆံမီးလေး အခု ၂၅ ဆိုလုံလောက်ပါပြီ ..



အပေါ်ပုံမှာပြထားတဲ့အတိုင်း ကျစ်ဆံမီးထိုးတဲ့အခါ .. နောက်ဆုံး၂၅ ခုမြောက်ကနေ ပြန်စရမှာပါနော် .. ကျစ်ဆံမီးလေးယူတဲ့အချိန်မှာ အပ်ဖျားကို နောက်တခေါက်ထပ်လိမ်ပေးပါ ..



ဒီပုံလေးမှာပြထားတဲ့အတိုင်း ပထမတဆင့်ဆွဲထုတ်ပါမယ် .. ကျစ်ဆံမီးထိုးတုန်းက တခါပဲ ဆွဲထုတ်ရတာကို သတိပြုမိကြမှာပါ ..
တပင်လိမ်ထိုးနည်းမှာတော့ နှစ်ဆင့်ဆွဲထုတ်ရမှာဖြစ်ပါတယ် .. အပေါ်ပုံမှာတော့ တဆင့်ဆွဲထုတ်ပြထားပါတယ်



ဒီအပေါ်ကပုံမှာတော့ ဒုတိယတဆင့်ထပ်ဆွဲထုတ်ထားတာပါ



နှစ်ဆင့်တိတိ ဆွဲထုတ်ပြီးပြီဆိုရင်တော့ ဒီအပေါ်ကပုံလေးမျိုးအတိုင်းဖြစ်သွားပါလိမ့်မယ် ..



တခုပြီးတခုဆက်ထိုးသွားမယ်ဆိုရင်တော့ ဒီလိုမျိုးလေး အတန်းကလေးဖြစ်လာမှာဖြစ်ပါတယ် ..



နောက်ထပ်ဆင့်တက်ချင်တယ်ဆိုရင်တော့ ကျစ်ဆံမီးအရှည်ဆုံးတဲ့ထိပြန်ထိုးပြီးတာနဲ့ အပေါ်တဆင့်ကိုထပ်ယူလို့ရပါပြီ ..
သတိပြုရမှာက ကျစ်ဆံမီးကွင်းတွေကျော်ယူပီးမထိုးမိပါစေနဲ့ .. ကျော်ယူမိရင်ယူမိသလို ရွဲ့သွားတာ စောင်းသွားတာ ဖြစ်သွားမှာပါ ...



တဆင့်ပြီးတဆင့် အပေါ်ကိုတက်တက်ပြီး ယူသွားပေးမယ်ဆိုရင်တော့ ဒီပုံလေးထဲကလို ဒီဇိုင်းမျိုးလေးကိုရမှာပါ ...
ဒီအဆင့်မှာသေချာလက်ညိမ်အောင် ထပ်လေ့ကျင့်ပေးဖို့ မှာပါရစေနော် ..

ဒီလိုမျိုး တပင်လိမ်ထိုးနည်းလေးကို သေချာရသွားပြီဆိုရင် ဒီဇိုင်းလှလှလေးတွေတင်ပေးပါ့မယ် ..
တပင်လိမ်ထိုးနည်းတမျိုးကိုပဲ အမျိုးမျိုးအယူအဆတွေနဲ့ ထိုးသွားလို့ရပါတယ် ..

သော့ချိတ်ကလေးတွေ .. ဖန်ခွက်အောက်ခံ .. တီဗွီဖုံး . နောက် မာဖလာ .. ယုတ်စွအဆုံး အကျီအထိ ထိုးလို့ရပါတယ် ...
သေသေချာချာလက်ညိမ်အောင် လေ့ကျင့်ဖို့တော့ မမေ့ကြနဲ့နော်

Thursday, March 17, 2011

လွယ်ကူရိုးရှင်းတဲ့ အခြေခံကျစ်ဆံမီးထိုးနည်း


ပထမတဆင့် ကွင်းကလေးဖြစ်အောင်ဖန်တီးတဲ့နည်း ပြီးတဲ့အခါမှာ နောက်တဆင့်တက်ကြစို့နော် ... တဆင့်ပြီးတဆင့် လိုက်လုပ်ကြည့်ပေးကြပါလို့ ဖိတ်ခေါ်ပါတယ် .. ဘာလို့ဆိုတော့ ဒါလေးတွေက လွယ်လွယ်လေးတွေဆိုပြီး အကျင့်မလုပ်ဘဲ Pattern တွေစတော့မှ ကြည့်ပြီးထိုးလည်း ပုံလေးတွေ ထွက်လာမှာ လက်ရာတခုကို ဖန်တီးနိုင်မယ့်သူတွေရှိလာမှာ ဖြစ်ပေမယ့် သေသပ်မှုခြင်းကွာလို့ပါ ... မပင်မပန်းဘဲ အလွယ်တကူလေ့ကျင့်လို့ရမယ့် အခြေခံလေးတွေမှာ စပြီး ကျင့်ကြစို့နော်



ဒီအပေါ်ပုံကအတိုင်း ပထမတဆင့်မှာ ကွင်းကလေးဖြစ်အောင်ဖန်တီးခဲ့ပြီးပါပြီ . ကဲ .. အောက်က တပုံကို ကြည့်လိုက်ပါဦးနော် .. ကြိုးအတိုစလေးဘက်ကို လက်နဲ့ထိန်းကိုင်ထားရင်း ကိုယ်တကယ် ဒီဇိုင်းလုပ်ရမယ့် ချည်အရှည်ဘက်ကို စယူပါမယ်..
ယူတဲ့နေရာမှာ အပ်ကိုညာဘက်အောက်ကနေ ပုံပါအတိုင်း ယူပေးပါ ကွင်းကလေးပြုလုပ်စဉ်ကအတိုင်း အပ်ထိပ်ဖျားကလေးနဲ့ ယူသွားပေးပြီး ကွင်းလေးထဲကို နောက်ပြန်ပြန်ဆွဲပေးလိုက်ရင် တဆင့်ရပါပြီ ...



ဒီပုံလေးမှာတော့ ကွင်းထဲကနေကြိုးကိုဘယ်လိုဆွဲပေးတယ်ဆိုတာလေးကို ပြထားတာပါ



တဆင့်ပြီးသွားတာနဲ့ နောက်အဆင့်တွေမှာလည်း .. ဒီလိုမျိုးပဲ တချက်ချင်းယူသွားပေးပါ .. ယူပုံယူနည်းကတော့ အတူတူပါပဲ ..
ကျွန်မတို့ ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ပါတယ် ..



အချက်၂၀လောက် ဖန်တီးပြီးတဲ့အခါမှာတော့ ကိုယ့်လက်ရာ တကယ်ညိမ်လားမညိမ်လား ခန့်မှန်းလို့ရပါပြီ .. မညိမ်ရင် ဆက်မလုပ်ပါနဲ့ .. အစကနေနောက်တခေါက်ပြန်ကျင့်ဖို့ ပြောပါရစေ .. အစပိုင်းမသိသာပေမယ့် . လက်မညိမ်တဲ့အခါ ကိုယ်ဖန်တီးမယ့်ဒီဇိုင်းတခြမ်းရွဲ့သွားတာမျိုးထိ ဖြစ်တတ်ပါတယ်.. စိတ်ရှည်ရှည်ထားဖို့တော့ လိုပါတယ် .. အလေ့အကျင့်ပါပဲ . နောက်ပိုင်းဆို တီဗွီကြည့်ရင်း ထိုးတဲ့မမတွေတောင် အများကြီးပါပဲ ....



ကျွန်မတို့ငယ်ငယ်ကတော့ ကျစ်ဆံမီးထိုးနည်းလို့ခေါ်ခဲ့ပါတယ် .. တကယ်လည်း ကျစ်ဆံမီးလေးနဲ့တူတာကိုး .... နောက်ပိုင်း ထိုးမယ့်ပုံစံတွေအားလုံးအတွက် အခြေခံအကျဆုံးထိုးနည်းတခုပါပဲ . ဒီအဆင့်လေးကို သေချာလက်ညိမ်အောင် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးကြပါလို့ တိုက်တွန်းပါတယ်

Wednesday, March 16, 2011

တချောင်းထိုးအခြေခံ

တချောင်းထိုးထိုးတဲ့အခါ .. ကြိုးကိုင်နည်းကို သေချာတတ်ပြီဆိုတာနဲ့ ဘယ်ပတ်တန်ပဲ လာလာ .. ထိုးဖို့မခက်တော့ပါဖူး ... အရင်ဆုံးတဆင့်အနေနဲ့ .. များသောအားဖြင့်လုပ်တတ်ကြတာလေးကို ပြပါ့မယ် .. ဒီလိုမျိုးက တချောင်းထိုးစထိုးတဲ့ ချစ်သော မမတို့ ညီမလေးတို့ လုပ်တတ်ကြတာပါပဲ .. အရင်အထုံးလေးထုံးလိုက်တာပါ .. ဒါမျိုးမလုပ်ဖို့ သတိပေးပါရစေ



တကယ်တမ်း အဲ့ဒီလို အထုံးလေးကို အလွယ်တကူမလုပ်ဘဲနဲ့ နည်းစနစ်ကျကျ အပ်နဲ့ လုပ်တာက လုပ်ကာစမှာ ပိုပြီး ခက်မယ်ထင်ရပေမယ့် စနစ်ကျတာမို့ . .နောက်ပိုင်း အဆင့်တွေအတွက် အရမ်းအထောက်အကူဖြစ်ပါတယ် .. ပထမဆုံးကတော့ ဒီလိုမျိုးလေး သိုးမွှေးချည်ကို ကိုင်ပေးပါ ...



ပြီးရင်တော့ အပ်ကို ပုံပါအတိုင်းကိုင်ပေးပါနော် .. ကိုယ်အဆင်ပြေသလို မကိုင်ဖို့ ထပ်သတိပေးပါရစေ .. အကျင့်လုပ်ပြီး ကိုင်ပေးပါနော် .. မဟုတ်ရင် နောက်ပိုင်း လက်အကျင့်သေသွားတဲ့အခါ ပတ်တန်တွေမှာလည်း စောင်းနေတာမျိုး .. ကျစ်သွားလိုက် ပွသွားလိုက်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ် ..



အပ်နဲ့ပဲ ချည်ကို တချက်လိမ်လိုက်ပြီးတော့ ယူပေးပါ ..



ချည်ကိုတချက်လိမ်ပြီးယူတဲ့အခါ အပ်ဖျားကရှည်ထွက်လာတတ်ပါတယ် .. အဲ့ဒီချိန်မှာ ပြန်ညှိပေးပါနော် .. အပ်ရဲ့ထိပ်ဖျားကနေ လက်တဆစ်စာလောက်အကွာကနေပဲ ချည်ကရှိနေရပါမယ် ..



ပြီးတဲ့အခါ .. အပ်ရဲ့ထိပ်ဖျားကို ချည်အောက်ကနေ ပြန်ယူပြီး ကြိုးကိုပါ တချက်ထပ်သိမ်းပေးပါ ..



အဲ့ဒီသိမ်းလိုက်တဲ့ ချည်ကို အပ်ရဲ့ထိပ်မှာပါတဲ့ အကောက်ကလေးနဲ့ ချိတ်ပြီး နောက်ပြန်ပြန်ဆွဲထုတ်လိုက်ပါ ..



ပြီးတဲ့အခါ .. တချက်တင်းလိုက်မယ်ဆိုရင် ကြိုးထုံးကလေးရပါပြီ .. တချောင်းထိုး အားလုံးအတွက် ပတ်တန်ခက်ခက်ခဲခဲတွေအတွက် .. ဒီအဆင့်ဟာ အခြေခံအကျဆုံးပါပဲ .. ကြည့်တဲ့အခါ လွယ်မယောင်ထင်ရပေမယ့် သေချာလုပ်ကြည့်တဲ့အခါ စိတ်ရှည်ဖို့လိုပါတယ် ..




ပထမအဆင့် အခြေခံကြိုးထုံးလေးတော့ အောင်မြင်သွားပါပြီ .. ကဲ ... နောက်ပို့စ်တွေမှာ .. တဆင့်ချင်းထပ်ရှင်းသွားပါ့မယ်နော် ....

အရမ်းလွယ်ကောင်းလွယ်နေမှာဖြစ်ပေမယ့် မဆိုစလောက် အသိကလေးကို မျှဝေရုံသက်သက်ပါ ..

ညီအမများအားလုံးပဲ တူတူလေ့ကျင့်ကြစို့နော် ...

Sunday, March 13, 2011

ကျွန်မနဲ့ငလျင်

[ ... ]

ကျွန်မဒီလိုနဲ့ပဲ ရွေ့ရုံလေးရွေ့တယ်ဆိုတဲ့ရထားပေါ်မှာလူပိခံရင်း ကျွန်မမျက်လုံးတွေပြာလာကာ အောက်ကခြေထောက်လည်း ဘယ်လိုမှ အခြေမခိုင်တော့ပါဖူး ..
ကျွန်မသတိလွှတ်လိုက်တာနဲ့ လူနင်းခံရလို့ သေမယ်ဆိုတဲ့ သတိလေးကပ်နေတာမို့ .. ရောက်တဲ့ဘူတာမှာဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ် .. အိမ်နားကဘူတာကိုရောက်ဖို့ နှစ်ဘူတာအလိုမှာပါ .. ခြေတဖက်လည်း ထော့နင်းထော့နင်းဖြစ်နေပါပြီ .. လူလည်း ဘာမှမစားမသောက်ရတာမို့ .. အဓိကရေပါ .. တော်တော်လေး ခွေယိုင်ချင်နေပါပြီ .. ကျွန်မအိမ်ပြန်ရောက်မှဖြစ်မယ် .. ကျွန်မသတိကိုအသိနဲ့ကပ်နိုင်သေးတဲ့အခြေအနေမို့ လမ်းထပ်လျှောက်လာခဲ့ပြန်ပါတယ် .

ကျွန်မအိမ်ရောက်တဲ့အချိန်မှာတော့ မျက်နှာသစ်တဲ့ဘေစင်အရောက်ကျွန်မမျက်နှာအခြေအနေတော်တော်ဆိုးနေတာ အလန့်တကြားတွေ့လိုက်ရပါတယ် ..
ကျွန်မကို စိတ်ပူနေတဲ့လူတွေကို စိတ်မပူဖို့ သတင်းပို့ရဦးမယ် .. ကျွန်မနားလို့မဖြစ်သေးဖူး ... ကျွန်မကွန်ပျူတာကို ရှိစုမဲ့စု အားအင်နဲ့ဖွင့်ရင်း စိတ်ပူပြီးစောင့်နေတဲ့ အိမ်ကအကိုကိုလည်း သတင်းပို့ .. ချစ်သောကျူးပစ်တွေဆီလည်း သတင်းပို့ပြီး .. မေမေ့ကိုလည်း ကွန်ပျူတာကနေ ဖုန်းခေါ်လို့ရနေတာမို့ လှမ်းဆက် .. တခြားသောဂျပန်တွေသေနေကြတဲ့သတင်း .. အခြားအခြားရပ်ကွက်ကလည်း အခြေအနေတွေဆိုးနေတဲ့သတင်းကိုနားထောင်ရင်း အဆက်အသွယ်မရသေးသူတွေကို လိုက်ဆက်သွယ်ရပြန်ပါတယ် .. ကျွန်မရဲ့ဝန်ထမ်းအားလုံးဆီက အဆက်အသွယ်ရကာမှပဲ ကျွန်မစိတ်အေးရပါတယ် ..

ကျွန်မ လှဲလိုက်တဲ့အချိန်မှာတော့ ကျွန်မအခန်းက အရမ်းကိုအေးစက်နေတာတခုလောက်ပဲသတိထားမိပြီး လောကကြီးနဲ့အဆက်ပြတ်သွားခဲ့ပါတယ် .. အဲ့ဒီချိန်မှာမနက်၃နာရီပါ . ကျွန်မရုတ်တရက်သတိပြန်ကပ်လာပြီး .. ခနတဖြုတ်လောက်အိပ်လိုက်ရတာလည်းပါပါ့မယ် .. ကျွန်မကိုလေတွေတိုးနေတာသတိထားမိတဲ့အချိန်နာရီကြည့်လိုက်တော့ မနက်၆နာရီပါ .. ကျွန်မသတိတရနဲ့ထကြည့်မိမှပဲ ခေါင်းရင်းတည့်တည့်မှာ တံခါးနှစ်ချပ်လုံး ပွင့်နေခဲ့ပါတယ် .. မြတ်စွာဘုရား .. လေအေးတွေထဲကျွန်မတညလုံး အိပ်ပျော်နေခဲ့တာပါလား ... အဲ့ဒါနဲ့ပျက်နေတဲ့တခါးကိုထလုပ်ပြီး ကျွန်မဆေးသောက်လို့ နောက်တခေါက်ပြန်အိပ်ပျော်သွားပါတော့တယ် .. နိုးလာတော့ ကျွန်မကိုယ်တွေခြစ်ခြစ်တောက်ပူလို့ ...

[ ... ]

ကျွန်မနဲ့ငလျင်

၁၁ရက်နေ့ သောကြာနေ့ နေ့လည် နှစ်နာရီလောက်ပေါ့ .. ကျွန်မမေမေနဲ့ဖုန်းပြောနေခဲ့တာ .. မေမေ့ကိုသတိရနေလို့လေ .. လူကအလုပ်ထဲမှာဆိုတော့ ကြာကြာလည်း ဖုန်းပြောလို့မရ .... ဖုန်းချရုံရှိသေး ... ငလျင်စလှုပ်လာပါတယ် ... အော် လှုပ်နေတယ်ဟဲ့ပေါ့ .... ကျွန်မ ရင်ထဲကြောက်စိတ်လုံးဝကို မရှိခဲ့တာပါ .. တဖြည်းဖြည်းနဲ့ နည်းနည်းကြမ်းလာပါတယ် .. ရုံးကဂျပန်မလေးတယောက်က တော်တော်ကိုကြောက်လို့ ရုံးပေါ်မှာတင် အော်ဟစ်နေတာ သူ့ကို ကြည့်ပြီး ရီချင်စိတ်က ဖြစ်သေး .. ဆိုးတယ်နော် ... လူ့စိတ်က .. ဂျပန်ဖြစ်ပြီး ငလျင်ကြောက်ရသလားပေါ့ .. ဒါပေမယ့် ပြေးဆင်းကြဟေ့ဆိုတဲ့အော်သံထွက်လာတာနဲ့ တဖြည်းဖြည်းလည်း စကြမ်းလာပြီလေ .. အဲ့ဒါနဲ့ ကျွန်မလည်း ပိုက်ဆံအိတ်နဲ့ ဖုန်းနဲ့ကတော့ မမေ့မလျော့ ယူုပြီးဆင်းရပါတော့တယ် .. ပိုက်ဆံအိတ်ဆိုပေမယ့် ဝေါ့လက်ပါ .. အထဲမှာ နိုင်ငံခြားသားကဒ်နဲ့ ဘဏ်ကဒ်နဲ့ ပိုက်ဆံနည်းနည်း .. မိသားစုဓာတ်ပုံပေါ့လေ ..

ကျွန်မတယောက်ထဲဆင်းပြေးလို့မရပြန်ဖူး .. စလှုပ်ကထဲက အော်ဟစ်နေလေတဲ့ ဂျပန်မလေးကို ဆွဲပြေးရတာ .. သူကလမ်းတောင် မလျှောက်နိုင်တော့ဘဲ . အောက်ကိုရောက်လာပြန်တော့လည်း မြေကြီးပေါ်မှာ လူးနေလေရဲ့လေ .. တော်တော်ကြောက်နေရှာတာ . သူ့ကြည့်ရင်းနဲ့ သနားလာတာပေါ့ .. ပထမဦးဆုံး စလှုပ်တာဆိုတော့လည်းလေ .. ပတ်ဝန်းကျင်တခုလုံးမှာလည်း တိုက်တွေ ကားတွေက လှုပ်လို့ ယိမ်းထိုးလို့ .. ကျွန်မ ရုပ်ရှင်ကြည့်သလို တအံ့တသြငေးနေမိတယ် .. အဲ့ဒီအချိန်မှာပဲ ဖုန်းတွေအားလုံး စပိတ်သွားပါပြီ .. အင်တာနက်ကတော့ ရနေသေးတယ် .. အခုချိန်ထိပါပဲ .. ကျွန်မတို့ဆီမှာလည်း LIVE သတင်းတွေ တောက်လျှောက် လွှင့်ပေးနေခဲ့တော့ နားထောင်နေရင်း တအံ့တသြပေါ့ ..

အဲ့ဒါနဲ့ ပထမတကြိမ်ညိမ်သွားတော့ အပေါ်ကိုပြန်တက်လာခဲ့ပါတယ် .. အော် ဒီတခါတော်တော်ပြင်းလိုက်ပါလားပေါ့ .. ၃မိနစ်လောက်ပဲခြားပါတယ် ... ဒုတိယတကြိမ် ထပ်လှုပ်လာပြန်ပါတယ် .. ဒီတခါ နည်းနည်းပိုကြမ်းတာမို့ ကျွန်မပြေးဆင်းရပြန်ပါပြီ .. ကယ်ဆယ်ရေးနဲ့ အဖော်ဖြစ်နေတဲ့ကျွန်မ .. ဒီတခေါက်မှာလည်း ဒူးတုန်နေတဲ့ နောက်ထပ်ဂျပန်မတယောက်ကို တွဲဆင်းရပြန်ပါတယ် .. ကျွန်မတို့နဲ့ သိပ်မဝေးတဲ့ အိုဒိုင်းဗားမှာ ဆူနာမီစဖြစ်နေပြိတဲ့ .. ငဟော့က အွန်လိုင်းကနေ လှမ်းပြောတော့ ကျွန်မတို့တွေ ရုံးကတီဗွီကို အပြေးအလွှားဖွင့်ရပြန်တာပေါ့ .. ဖွင့်ထားခဲ့ပြီး အောက်ဆင်းပြေးရပြန်ပါတယ် .. အောက်မှာတော့ တကယ့်ကို ရပ်ထားတဲ့ ကားတွေအားလုံး ၀ုန်းဒိုင်းကြဲနေကြတာ . နောက် .. ကျွန်မလက်ရှိရောက်နေတဲ့ ကာစတန်မာဆိုက်က သူဌေးရပ်ကွက်လို့ ပြောလို့ရတာမို့ .. တိုက်တွေကငလျင်ဒဏ်ကို ခံနိုင်အောင် အောက်ခြေမှာသေချာစီစဉ်ထားတာတွေပါ .. ကျွန်မ အလုပ်လုပ်နေရတဲ့ တိုက်တလုံးကလွဲလို့ပါပဲ .. စီစဉ်ထားတဲ့တိုက်တွေက မပြိုတာ ရာခိုင်နှုန်းများပေမယ့် တိုက်တလုံးလုံးကို လှုပ်ယမ်းမှုအားက ပိုများပါတယ် .. အက်ရှင်ကားတကားကို ကြည့်နေရသလို တအံ့တသြနဲ့ပါပဲ .. ညိမ်သွားပြန်ပေမယ့် လေတွေတအားကြမ်းလာပြီး အရမ်းချမ်းလာပါတယ် .. အဲ့ဒါကြောင့် ငလျင်ငြိမ်တာနဲ့ ကျွန်မတို့ ပြန်တက်ပြေးရတာပါပဲ ...

အဲ့ဒါနဲ့တတိယတခေါက်ထပ်လှုပ်ပြန်တယ် .. ဒီတခါနဲ့ နောက်တကြိမ်ကအပြင်းဆုံးပါပဲ .. ဘယ်လိုမှကို ရပ်နေလို့မရအောင် ကြမ်းတာပါ .. ဒါတောင်ကျွန်မတို့ နေတဲ့နေရာက တိုကျိုဖြစ်တဲ့အပြင် ငလျင်ဗဟိုချက်မဟုတ်ပါဖူး .. ရုံးကဂျပန်မလေးကလည်း တော်တော်ကို အော်ဟစ်ပြီး ကြောက်လန့်နေပါပြီ .. ကျွန်မတကယ့်ကို ငလျင်လေးကြိမ်လုံးထိ မကြောက်ခဲ့ပါဖူး ... ကြောက်စိတ်လုံးဝကိုမရှိခဲ့တာပါ .. ဆိုးလိုက်တဲ့ကံရယ်ပေါ့နော် .. အဲ့ဒီချိန်မှာ ကျွန်မကို စိတ်ပူတဲ့ ကျူးပစ်ကချစ်သောမောင်နှမတွေက သတင်းစမေးနေကြတာ ပြန်ဖြေရတာနဲ့ ကျွန်မကြောက်ဖို့ မေ့နေလောက်အောင်ပါပဲ .. အိမ်က ကျွန်မရဲ့အကိုကလည်း မေမေကဖုန်းဆက်လို့ဆိုပြီး အွန်လိုင်းရောက်လာပါတယ် .. စိတ်မပူဖို့ဖုန်းဆက်ချင်ပေမယ့် ဖုန်းလိုင်းအားလုံးကဖြတ်လိုက်ပါပြီ .. ရထားလိုင်းအားလုံးလည်း ပိတ်သွားပြီမို ကျွန်မအတွက်ကတော့ ရုံးမှာပိတ်မိသွားတဲ့ အခြေအနေပေါ့ .. အိမ်ကိုလည်း စိတ်မပူဖို့ အွန်လိုင်းကနေလှမ်းပြော .. ကျွန်မ မသေသေးဖူးပေါ့ ...

ညနေ၆နာရိထိုးခါနီးလောက်မှာတော့ ရုံးကကားနဲ့ပြန်ပို့ပေးဖို့စီစဉ်ပေးကြပါတယ် .. ကျွန်မလည်း အွန်လိုင်းမှာရှိနေတဲ့ မောင်နှမတွေကို တတ်နိုင်သရွေ့ အမြန်သတင်းပို့ပြီး .. ပြန်ရတာပေါ့ .. ရထားမရှိပေမယ့် ကားနဲ့ပို့တော့ တော်သေးတာပေါ့နော် .. ကျွန်မအထင်တက်တက်စင်လွဲတော့တာပါပဲ ..
ညနေ၆နာရီထိုးခါနီးစထွက်တဲ့ကားဟာ ညဆယ်နာရီခွဲတဲ့ထိ နှစ်ဘူတာစာလောက်ပဲ ရွေ့တဲ့အပြင် ကားအားလုံးပိတ်သွားတာမို့ ထိုင်စောင့်ရုံမှတပါးပါပဲ .. ကျွန်မတို့လည်း တော်တော်လေးကို ပင်ပန်းလာပြီမို့ လမ်းဆင်းလျှောက်ကြစို့ပေါ့ .. ဖြစ်ချင်တော့ ကျွန်မတို့ရောက်နေတဲ့နေရာနားက ဘာစတိုးဆိုင်မှမရှိတဲ့ပြင် ရှိတဲ့နေရာတွေမှာလည်း ရေနဲ့ အစားအသောက်အားလုံး ကုန်သွားပါပြီ .. ကျွန်မ အဲ့ဒီကျမှ ဒုက္ခစရောက်တော့တာပါပဲ ..

ကျွန်မအရမ်းပင်ပန်းလာပေမယ့် မတတ်နိုင်ဖူး လမ်းလျှောက်ရတော့မယ် . မဲတင်းပြီးလျှောက်ပေတော့ပေါ့ . တသက်နဲ့တကိုယ် အဲ့လောက်များတဲ့လူတန်းဒီတခါ မြင်ဖူးတာပါပဲ .. တနာရီနီးပါးလျှောက်ပြီးတဲ့အခါမှာတော့ မင်္ဂလာသတင်းကြားရတာ တချို့တချို့သော ရထားလမ်းများပြန်ဖွင့်ပြီတဲ့ .. ကိုယ့်ရထားက မဖွင့်သေးတော့ စောင့်ပေဦးပေါ့ .. အဲ့ဒါနဲ့ ကျွန်မတို့စီးမယ့်ရထားလမ်းလည်း ပြန်ဖွင့်တယ်ဆိုရော ၀မ်းသာလိုက်တဲ့ကျွန်မ .. ပြောမပြတတ်အောင်ပါပဲ .. ဖုန်းကလည်း ရလိုက်မိလိုက် စဖြစ်လာပါတယ် .. ကျွန်မရဲ့ ၀န်ထမ်းတွေအတွက် စိတ်ပူရသေးတာမို့ .. ကျွန်မ လက်လှမ်းမီသလောက် လိုက်ဆက်သွယ်ရင်း ရုံးချုပ်ကိုလည်း သတင်းပို့နေရပါတယ် .. ဖုန်းက အိုင်ဖုန်းဖြစ်နေတာ ကံတခုကောင်းတယ်ပြောရပါမယ် .. စကိုက်မှာ သတင်းပို့လို့ရနေပါတယ် .. ဒီလိုနဲ့ပဲ ကျွန်မစီးရမယ့်ဘူတာကိုရောက်တော့ ... မြတ်စွာဘုရား .. ဘူတာကြီးပြည့်လျှံနေပါ့လား ....

တန်းစီစောင့်နေရာကနေ တွန်းရင်းကြိတ်ရင်း အနင်းခံရရင်းနဲ့ပဲ ကျွန်မရထားပေါ်ကိုရောက်လာခဲ့ပါတော့တယ် .. နှစ်စီးမြောက်အစင်းမှာပေါ့ .. ရထားပေါ်ရမှ ကျွန်မဒုက္ခရောက်တော့တာ .. ကျွန်မအရပ်က အမေမွေးတိုင်းပုတဲ့ပြင် လူက အဲ့လိုကြပ်တဲ့ဒဏ်ကိုမခံနိုင်ပါဖူး .. ရေတောင်မသောက်ထားရတဲ့ကျွန်မ .. မျက်လုံးတွေပါ ပြာချင်လာတာပါ . ကျွန်မဘယ်လိုမှ ရပ်မရတာမို့ ဘေးက ဂျပန်အဖိုးကြီးရဲ့လက်ကို အတင်းကိုဖက်ထားရပါတယ် .. သူလည်းတော်တော်ပင်ပန်းနေပုံပေမယ့် အခြေအနေဆိုးနေပုံရတဲ့ကျွန်မကိုတတ်နိုင်သလောက် ကူညီခဲ့တဲ့သူပါပဲ ..

[ ..... ]

Thursday, March 3, 2011

ဝက်သားချဉ်

ဝက်သားချဉ်လုပ်တော့မယ်ဆိုရင် ၀က်သားအဆီမပါတဲ့အသားချည်းပဲ တကီလိုလောက်ကို အရင် ကြိတ်စက်နဲ့ကြိတ်လိုက်ပါနော် .. အလွယ်တကူလုပ်ချင်ရင်တော့ ကြိတ်သား သုံးလည်းရပါတယ် .. ပြီးရင် အချိုမှုန့်မသုံးဘဲ သကြားရယ် .. ဆားရယ်ကို အနေတော်လေးထည့်ပြီး နယ်ပေးပါ .. ခနလောက်နယ်နှပ်ထားပေးလိုက်ရင် အရသာပိုစိမ့်ဝင်ပါတယ် .. ပြီးရင် ရှမ်းဆန်ရှိတဲ့နေရာတွေအတွက်တော့ ရှမ်းဆန်ပေါ့ .. ကျွန်မကတော့ ယိုးဒယားဆန်ကို ၀ယ်ထားတယ် .. အဲ့ဒီဆန်ကို ထမင်းအနေတော်လောက်လေးချက်ထားပေးပါ .. ထမင်းကိုတော့ အများကြီးမသုံးဘဲ သင့်ရုံ.. တကီလိုအတွက်ဆိုရင်တော့ လက်တဆုပ်သာသာလောက်ဆို အနေတော်ပါပဲ .. ဇလုံတခုထဲမှာထည့် .. ခုနက နယ်နှပ်ထားတဲ့ ၀က်သားကိုထည့်ပြီးနယ်ပေးပါနော် .. ရိုးရိုးနယ်ရုံမဟုတ်ဘဲ ငါးထမင်းနယ် နယ်သလိုမျိုး ကြေနေအောင် ခြေရင်းနယ်ပေးရမှာပါ ... အဲ့ဒီအချိန်မှာ ဆားလေးနည်းနည်းနဲ့ သကြားလေးနည်းနည်းထပ်ထည့်ပေးပါနော် .. ပြီးတော့မှ အဲ့ဒီနယ်ထားတဲ့ထမင်းဝက်သားအရောကို ငှက်ပျောဖက်နဲ့ထည့်ထုပ်ပေးပါ . ( ကျွန်မတို့ဆီမှာတော့ အုအဲနို ဆိုတဲ့နေရာမှာ ငှက်ပျောဖက်ရတယ် .. ) ငှက်ပျောဖတ်နဲ့စည်းတဲ့အချိန်မှာ တင်းတင်းကြပ်ကြပ်ကလေးဖြစ်အောင်စည်းဖို့တော့လိုပါတယ် .. အပေါ်ကနေ ကြိုးနဲ့တင်းတင်းလေးစည်းပေးပါနော် .. ပြီးတာနဲ့ အပေါ်ကနေ လက်ကိုင်ပ၀ါလေးပဲဖြစ်ဖြစ် .. ပိတ်စခပ်ပါးပါးလေးနဲ့ ထပ်ထုပ်ပေးရပါမယ် .. ပလတ်စတစ်ဇလုံထဲကို အဲ့ဒီအထုပ်ကိုထည့်ပြီးတော့ အပေါ်ကနေ အလေးတုံးတခုခုနဲ့ ဖိပေးထားပါ . စမ်းပြီးလုပ်စားချင်တဲ့ မမတွေ ညလေးတွေက မြန်မာတို့ စလုံးတို့မှာနေတာဆိုရင် ပူတဲ့ဒေသဆိုတော့ကာ ၅ရက် ကနေ အလွန်ဆုံးတပတ်လောက်ဆို စားလို့ရပါပီရှင် .. ကျွန်မလုပ်တာအခု အေးတဲ့အချိန်ဆိုတော့ ဆယ်ရက်လောက်တော့ထားလိုက်ရပါတယ် .. ဘယ်ဒေသမှာဖြစ်ဖြစ် ဆယ်ရက်မကျော်ပါစေနဲ့ .. ဆယ်ရက်ကျော်သွားခဲ့ရင် အချဉ်စူးသွားတတ်ပါတယ် .. စားတော့မယ်ဆိုရင်တော့ .. မြေပဲကလေးထောင်းပြီး ဆီချက်ကလေးချက်လိုက်ပါ .. မြေပဲဆီချက်ပေါ့ .. ငရုတ်သီးမှုန့်လည်းနည်းနည်းထည့် .. ကြက်သွန်ဖြူရယ်.. မြေပဲထောင်းရယ်ကို ရောပြီးချက်တဲ့ဆီချက်ပါ .. အဲ့ဒါလေးကို အပေါ်ကနေ ဆမ်း .. ဘေးနားမှာ ငရုတ်သီးခြောက်ကြော်လေးရယ် .. ကြက်သွန်ဖြူလှီးထားတာလေးရယ် .. ဂျူးမြစ်ရှိရင်ဂျူးမြစ်ကလေးရယ်ကို ရောပြီးစားလိုက်ရရင်ဖြင့် အရသာရှိတဲ့ ၀က်သားချဉ်လေး ဖြစ်ပါပြီလို့ ........... ချက်နည်းမဟုတ်ရင် အပြစ်မပြောနဲ့နော် .. စားကြည့်ပြီးပြီ.. အရသာရှိတယ် ... .. ချက်တတ်သလိုချက်ထားတာ ..


တောင်မရောက်မြောက်မရောက် စားချင်သလိုချက်ထားတဲ့ ဟင်းကလေးကို အားပေးသွားကြပါဦးနော် ...
ကျွန်မ ... ဒီရက်ပိုင်းပေါ့လေ .. ရင်ထဲမှာ ပေါ့ပါးနေသလိုလိုနဲ့ မွန်းကြပ်နေတယ် .. ကျွန်မသိပ်ချစ်တဲ့မိသားစု ..
ကျွန်မသိပ်ချစ်တဲ့ မေမေ .. တူတူမနေရတာ ၃နှစ်ရှိခဲ့ပြီပေါ့ ... ကဲ .. ကျွန်မ ဘာတွေဖြစ်ချင်နေလဲ .. ဟင့်အင်း .. ဘာမှမဖြစ်ချင်ဖူး .. တကယ်ဘာမှမဖြစ်ချင်ဖူးလား .. ဟင့်အင်း .. အများကြီးပဲ .. ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ .. စိုးရိမ်မှုတွေ .. ပူပန်မှုတွေ .. သံယောဇဉ်တွေ .. တကယ်ဆို ကျွန်မ ဟိုးကောင်ကင်းကြီးလို အဆုံးအစမရှိလွင့်မျောနေချင်တယ် ... တကယ်လွင့်မျောနေတာလားဆိုတာလည်း မသေချာသလို တည်ငြိမ်နေသလားလို့ ပြန်ဆန်းစစ်ပြန်ရင်လည်း မသေချာပြန်ဖူးမဟုတ်လား .. တိတ်တိတ်ကလေးတွေးရင်း ငြိမ်ငြိမ်ကလေး ထိုင်နေခဲ့မိတဲ့ ရက်တွေလည်း ရှိပါရဲ့ ... သူငယ်ချင်းတယောက်ကမေးတယ် . ကျွန်မက ကောင်းကင်ကို မော့ကြည့်ရတာ သိပ်ကြိုက်တာပဲနော်တဲ့ ... ကောင်းကင်ကြီးရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေကို စောင့်ကြည်နေရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်လေ ... ဟော .. ကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ မြင်တွေ့လိုက်ရတဲ့ အပင်တန်းလေးများရဲ့ ဖြစ်ပျက်ပြောင်းလဲမှု .. တချိန်က သူတို့စိမ်းလန်းစိုပြေခဲ့ဖူးတာပေါ့ ..
အခုတော့ အကိုင်းလေးတွေပဲကျန်လို့ ကျိုးတဲ့ကျဲတဲ .. ကဲ .. သေချာပြန်ကြည့်လိုက်ပါဦး .. သူတို့ခြောက်ကပ်နေတာဟုတ်ရဲ့လားလို့ .. ဟင့်အင်း .. မဟုတ်ဖူးနော် . အပွင့်သစ် အရွက်သစ်တွေအတွက် ခနတာ အားယူနေကြတာ .. ဒီလိုပဲပေါ့ .. ကျွန်မတို့မှာလည်း .. အောင်မြင်မှုဆိုတာ ရှိမယ် .. ကျရှုံးမှုဆိုတာ ရှိမယ် .. လန်းဆန်းမှု တက်ကြွမှုဆိုတာရှိမယ် .. အားငယ်မှု .. ၀မ်းနည်းမှုဆိုတာ ရှိမယ် .. အမျိုးမျိုးပေါ့ကွယ် .. လောကဓံ တရားဆိုတာ ကိုယ်ဖြစ်စေချင်သလို ဖြစ်လာတာမှ မဟုတ်တာ .. သူ့အလိုလို ဖြစ်ပျက်ပြောင်းလဲနေတာတွေကို ကျွန်မတို့က လိုက်ပြီး ပြုပြင်ယူနေရမှာလေ .. ကျွန်မတို့ အသက်ရှင်နေသရွေ့ကာလပတ်လုံး အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာကို လိပ်ပြာသန့်နိုင်ရင် လူဖြစ်ရကျိုး နပ်ပြီပေါ့ .. အော် ... ကျွန်မဘာတွေ တွေးနေမိပါလိမ့် ............


[ Photo Created by TM ]

Tuesday, March 1, 2011

သံယောဇဉ် ...
တွယ်တာမှုတွေကြား ..
ခံစားချက်မှုတွေ စုံးစုံးမြုပ်လို့ ..
နာရီသံချက်ချက်မြည်သံတွေကြား ..
အိပ်စက်ခြင်းတွေ မေ့လျော့နေခဲ့လေရဲ့ ...
တကယ်ဆို ..
ကိုယ်က အိပ်မက်တွေထဲ ကယောင်ကတမ်းနိုးထခဲ့ရင်တောင်
မင်းကိုအမြဲရှိစေချင်နေခဲ့တယ် ...
အခုတော့ ..
အိပ်မက်တွေကို ကြောက်လို့
ထထိုင်ရတဲ့ ကိုယ့်အဖြစ် ..
ကိုယ့်ရှေ့က စားပွဲပေါ်မှာတော့ တွယ်ရာမဲ့ ကွန်ပျူတာလေးရယ်..
အေးစက်နေတဲ့ ကော်ဖီတခွက်ရယ် ...
ကိုယ့်ရဲ့ဘေးက လေညင်းတွေတိုက်နေတဲ့ ၀ရန်တာလေးရယ် ..
ဟိုးအဝေးကောင်းကင်ပေါ်မှာတော့ ...
ကြယ်လေးတွေ လင်းလက်နေလေရဲ့ ...
ကိုယ့်ရဲ့ ကြယ်လေးရော ...
ဘယ်နေရာမှာ ရှိနေလိမ့်မလဲ ..
ဟော.... ကိုယ့်ရဲ့ကြယ်ကလေး ..
မြင်လိုက်ရတဲ့ခဏ ..
သာယာအေးချမ်းမှုတွေနဲ့ ...
ကိုယ်တချက်ပြုံးလိုက်စဉ်မှာပဲ ..
ကိုယ့်ရဲ့ကြယ်လေး ကွယ်ပျောက်သွားပြီ ...
ဘယ်များရောက်သွားပါလိမ့် ..
သြော် .. ရောင်နီလင်းသွားပြီကိုး....
တကယ်တမ်းတော့ ...
ကိုယ်ပိုင်ဆိုင်ခွင့်ရတာကိုက ...
ခနတာပဲတဲ့လား ..
ကိုယ့်ရဲ့ကြယ်လေးရယ် ........
......................................
.......................................
.........................................