Tuesday, April 6, 2010

ရုပ်တခု စိတ်ကိုးဆယ် .....

ဒီနေ့ မီးငယ်ဘ၀မှာ တခါမှကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဖူးတဲ့ ကိစ္စတခု ကြုံခဲ့ရတယ် ... လူတွေလည်း ခက်ပါတယ်လေ .. ရုပ်တခု စိတ်ကိုးဆယ်တဲ့ ... မှန်လိုက်တဲ့စကား ... မှန်လွန်းတော့ မခံနိုင်ဆိုတာ တကယ်ပါပဲး( မီးငယ်ရဲ့ တကယ့်ကိုလေးစားကြည်ညိုခဲ့ရတဲ့ အနှစ်နှစ်အလလ တန်ဖိုးထားခဲ့တဲ့ လူတယောက် ဒီနေ့ ဆုံးရှုံးလိုက် ပါတယ်.. တကယ့်ကို ၀မ်းနည်းစွာနဲ့ မျက်ရည်ကျမိခဲ့တယ် .. တယောက်ထဲပါပဲ .. ဘယ်သူမှ မသိနိုင်တဲ့ အချိန် ဆိတ်ကွယ်ရာမှာ မျက်ရည်ကျမိတယ် .. မီးငယ် အံ့သြတကြီး မျက်နှာကို ငေးကြည့်လို့ ပြန်မပြောနိုင်ခဲ့တာက လွဲလို့ တည်ငြိမ်ခဲ့ပါတယ် ..

သိပ်ကိုလေးစားခဲ့တဲ့ နူးညံ့တဲ့လူတယောက်ဟာ မမြင်ရတဲ စိတ်တွေပြောင်းလဲတဲ့အခါ ဒီရုပ်ဒီရည်နဲ ဒီလူတော့ မှန်ပါရဲ့ .. အကျင့်စရိုက်တွေနဲ့ လူရဲ့စိတ် အဲ့လောက်ပြောင်းလဲနိုင်သလား ဆိုတာ တွေးမိခဲ့တယ် .. ဒေသ ပတ်ဝန်းကျင် ပြောင်းလဲတဲ့အခါ လူတယောက်ရဲ့စိတ်က အဲ့လောက်တောင် ပြောင်းလဲနိုင်သလား ... မီးငယ် သေချာကိုတွေးနေမိတယ် ... ကိုယ်ဆိုရင်ရော .. အဲ့လောက်ပြောင်းလဲမလား .. ဟင့်အင်း .. အဲ့ဒါတော့ သေချာတယ် .. မီးငယ် လုံးဝမပြောင်းလဲဘူး ..

ဒေသတခုမှာတုန်းကတော့ လူရှေ့မှာ စကားပြောရင်တောင် လေသံလေးကို တိုးဖွဖွ ပြောတတ်တဲ့ သူ့စရိုက် .. အို.. ဒီနေ့တော့ တခြားတယောက် ဖြစ်နေခဲ့တယ် .. တခါမှကို မမြင်ဖူးတဲ့ လူတယောက်ပါလားး( လေသံမာမာနဲ့ ပြောနေခဲ့တာ မီးငယ် လေးစားခဲ့ဖူးတဲ့သူ မဟုတ်တော့သလိုပဲ .. ကိုယ်လေးစားခဲ့တာ နူးညံ့မှုတွေလည်း ပါခဲ့တယ်လေ ... ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ..

တခြားလူတယောက်ရဲ့ရှေ့မှာ ရိုင်းပျတဲ့အမူအရာ ပြဖို့ ဝေးစွ .. ဒေါသဆိုတာ မရှိတဲ့သူလား လို့ ထင်ခဲ့ပါတယ် ..
အဲ့ဒီဒေသမှာတုန်းက သူ သိပ်ယဉ်ကျေးခဲ့တယ်လေ ... ဒီနေ့တော့ သူ တည့်တည့်ကို ရိုင်းပျခဲ့တယ် .. ခက်တာက သူ့ကို သိပ်လေးစားခဲ့ဖူးတဲ့ ကိုယ့်ကို ဖြစ်နေတာပဲး( .. ရိုင်းပျတာကိုခံရလောက်အောင် မဟုတ်တာကို ကိုယ်က မလုပ်ခဲ့မိတော့လည်း ခက်နေတော့တာပဲ .. ဒေသတခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲစေနိုင်သလား ....

လူတယောက်ရဲ့ မျက်နှာအမူအရာနဲ့ သူ့ရဲ့ ဆက်ဆံပုံတွေကို ကြည့်ရုံနဲ့ ဒီလူရဲ့ အတွင်းသဏ္ဍာန်ကို ခန့်မှန်းလို့ မရဘူးဆိုတာ တအံ့တသြနဲ့ လက်ခံလိုက်ရပါတယ် .. တကယ်တော့ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောတာ မဟုတ်ရပါ .. မီးငယ်လေ .. တနှစ်ကျော်တိတိ ငွေအား လူအား .. တတ်နိုင်သလောက် ကူညီခဲ့ဖူးတယ် .. ဒုက္ခရောက်ရင် ဆိုတဲ့ အတွေးနဲ့ ဒုက္ခမရောက်စေရအောင် တကယ့်ကို ဖြူဖြူစင်စင် ကူညီခဲ့ပါတယ် .. ဒေသတခုနဲ့ ပတ်ဝန်းကျင်တခုဟာ လူတယောက်ကို အဲ့လောက် ပြောင်းလဲ စေနိုင်သလား..

မီးငယ် အတွက် ငွေကြေးပမာဏတခု ဆုံးရှုံးလိုက်ပါတယ် .. စုဆောင်းနေရပါတယ်ဆိုတဲ့ လူကျမှပဲကွယ်း( ဒါပေမယ့် မီးငယ် သင်ခန်းစာတခုကို ၀ယ်ယူလိုက်တယ်လို့ သဘောထားပါတယ်း) လူတွေရဲ့ စရိုက်ကို သိအောင် သင်ယူလိုက်ရတယ်ပေါ့လေ .. အရမ်းကို ယူကျုံးမရ နှမြောမိတာက လေးစားကြည်ညိရမယ့် လူတယောက် လျော့သွားတာ ဆုံးရှုံးသွားတာကိုပါပဲ ...

အော် .. ရုပ်တခု စိတ်ကိုးဆယ် .. တကယ်မှန်ပါလားနော် .. ဒီလူကတော့ ဒီလူပါပဲ .. ဘယ်လိုမှ မမြင်နိုင်တဲ့ သူရဲ့ စိတ်နဲ့ အကျင့်စရိုက် .... ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲသွားတာ ဆိုရင်တောင် မဖြစ်သင့်ဘူးလို့ နှမြောတသစွာနဲ့ ပဲ .. မီးငယ် စွန့်လွှတ်လိုက်ပါတယ်လေ .... ဘ၀အတွက် သင်ခန်းစာတခုပေါ့ ( အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာပေါ့လေ ...း)

ပြောရင်းနဲ့ မီးငယ်လည်း ငိုချင်ရီချင် ဖြစ်လာပြန်ပြီး( မီးငယ်လည်း ရုပ်တခု စိတ်ကိုးဆယ် ဖြစ်နေပြီ ထင်ပါရဲ့း)

4 comments:

မြရွက်ဝေ said...

ကိုယ့်အတွက် အသိတခု ရလိုက်တယ်လို့ တွေးပေါ့ညီမရယ်။
အမလဲ အဲလိုတွေ ကြုံဘူးတာများလို့ပါ။
ပိုက်ဆံနဲ့ ပက်သက်လာရင် ပိုဆိုးတယ်။
ကြွေးယူတော့ ပြုံးပြုံး ကြွေးတောင်းတော့မုန်းတဲ့။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် အမုန်းခံရဘူးတယ်။
အဲလိုပါဘဲ ကိုယ်လုပ်ပေးနေနိုင်ရင် ကျေးဇူးရှင်လို ဆက်ဆံခံရပေမယ့်
မတတ်နိုင်လို့ ငြင်းမိတာနဲ့ ရန်သူလို အထင်ခံရတာပါဘဲ။

ahphyulay said...

သင်္ကြန်မှာ တကယ်ပဲ ပျော်ခဲ့ ပါစေ ညီမရေ.....

purplemay said...

အဲ့လိုပါပဲ ညီမရေ ... နဂိုတည်းက စိတ်ထားမမှန်တဲ့သူတွေက အပြောင်းအလဲကို ဖြစ်တတ်ကြပါတယ် ။ နေရာဒေသနဲ့ သိပ်မဆိုင်လောက်ဖူးလို့ ထင်တာပဲ ။ အစကတည်းကကို စိတ်ထားမမှန်တာမျိုးလို့ ထင်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတတ်နိုင်သလောက် စေတနာထား ကူခဲ့တာမို့လား ။ ဖြေသာပါတယ်ကွယ်....။

sosegado said...

ဒီနေ့တော့ ဒီအတိုင်းသိနေလည်း
နောင်တနေ့မှာ ဒီအတိုင်းမဟုတ်ပြီပေါ့၊
ရည်ရွယ်ထားတဲ့သူချင်း
အကြင်နာမျှတဲ့သူချင်း
ကံဥာဏ်ဝိရိယကြောင့်လား၊
မာန်မာနကြောင့်လေလား၊
တစ်ခါတစ်ရံများလွဲတတ်ပေသည်။
ခံစားရပါတယ် မီးငယ်ရယ်

Post a Comment

ထင်မြင်ချက်လေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။